Wednesday, October 29, 2014

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ ၂၀၁၅ရွေးကာက်ပွဲအောင်နိုင်ရေးမဟာဗျူဟာ နည်းဗျူဟာများနှင့် ပါတီမူဝါဒရေးဆွဲမှု ရာခိုင်နှုန်း၈၀ ပြီးစီး

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ဗဟိုကော်မတီအစည်းအဝေး၌၂၀၁၅ရွေး
ကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာနည်း
ဗျူဟာနှင့်ပါတီမူဝါဒများကိုရေးဆွဲကြ
ကြောင်းသိရသည်။
အောက်တိုဘာ၂၄ရက်မှ၂၆ရက်ထိပြုလုပ်
သည့်ဗဟိုကော်မတီအစည်းအဝေးတွင်
ရွေးကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာ
ရာခိုင်နူန်း၈၀ကိုရေးဆွဲပြီးစီးခဲ့ကြသော်
လည်းယင်းကို၂၀၁၅နှစ်ဆန်းပိုင်းတွင်ပြု
လုပ်မည့်ပါတီညီလာခံမှသာပြည်သူလူထု
ကိုထုတ်ပြန်အသိပေးသွားမည်ဖြစ်
ကြောင်းအတွင်းရေးမှူးဦးဆလိုင်းကျဲအို
ဘိခ်တောင်ကပြောသည်။
''က္ဈန်တော်တို့တိုင်းရင်းသားပါတီတွေက
အမျိုးသားရေးကိုအခြေခံပြီးမတူညီတဲ့မူနဲ့
ပြည်သူကိုမဲဆွယ်မယ်။ဒီမဟာဗျူဟာမှာ
ပါတဲ့အချက်အလက်အသေးစိတ်အချက်အလက်အသေးစိတ်ကိုကျွန်တော်တို့ပါတီ
ညီလာခံလုပ်မှပဲထုတ်ပြန်မယ်''ဟုပြော
သည်။
ထို့ပြင်သုံးရက်တာအစည်းအဝေးတွင်ချင်း
တိုးတက်ရေးပါတီဘက်မှကူးပြောင်းလာ
သောလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို
ကြိုဆိုသည့်အခမ်းအနားကိုလည်းပြုလုပ်
ခဲ့ကြောင်းသိရသည်။
ကူးပြောင်းလာသည့်လွှတ်တော်ကိုယ်စား
လှယ်သုံးဦးမှာအမျိုးသားလွှတ်တော်ကိုယ်
စားလှယ် ဦးပေါ်လလျှံလွင် ချင်းပြည်နယ်
လွှတ်တော်မှ ပြည်နယ်လွှတ်တော်ကိုယ်
စားလှယ် ဦးကီးထန်းလွေးနှင့် ဦးနန်းဆိုက်
တို့ဖြစ်ကြသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်
ချင်းအမျိုးသားပါတီနှင့်ချင်းတိုးတက်ရေး
ပါတီမှပူးပေါင်းလိုသူအချို့ တို့ပေါင်းစည်း
ထားကြခြင်းဖြစ်သည်။

credit>>> Democracy today
                 28.10.2014

Sunday, October 26, 2014

နှစ်စဉ်ကျပ်သိန်း၂၂၀၀နီးပါးဝင်ငွေရနေသည့် ကန်တော်ကြီးအပါအ၀င်ပန်းခြံ၅၀ကျော်၏ ၀င်ကြေးများကို ၂၀၁၅ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို

အများပြည်သူအပန်းဖြေနိုင်အောင်ရည်ရွယ်၍ နှစ်စဉ်ကျပ်သိန်း ၂၀၀နီးပါးဝင်ငွေရနေသည့်
ကန်တော်ကြီးအပါအ၀င် ပန်းခြံ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ခုနှစ်ဧပြီမှစတင်ကာ
အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပန်းခြံ ၆၃ခုရှိသည့်အနက် လက်ရှိ
အခမဲ့ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့အပါအ၀င် ပန်းခြံ ၅၉ခုကို ၂၀၁၅ခုနှစ်ဧပြီမှစတင်ကာ
ဝင်ကြေးအခမဲ့ပြုလုပ်မည်ဖြစ်ပြီးကျန်ရှိသည့် မြကျွန်းသာ၊မြိုင်ဟေ၀န်၊ပြည်သူ့ရင်ပြင်၊
အာဇာနည်ဗိမာန်စသည့်လေးခုကိုမူဝင်ကြေးဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း
သိရသည်။


ကန်တော်ကြီးဥယျာဉ်အားဝင်ကြေးအခမဲ့ရရှိမည်ဟုဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား
ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှလွဲ၍ကျန်ရှိသည့်ဝင်ပေါက်ခုနှစ်ပေါက်မှအခမဲ့ဝင်ရောက်
ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခမဲ့ဝင်ရောက်ခွင့်ပြုမည့် ပန်းခြံ ၅၉ခုစလုံးကို နံနက် ၆နာရီမှ
ညနေ ၆နာရီအထိဝင်ရောက်အပန်းဖြေနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အခမဲ့ဝင်ကြေးဟုဆိုရာတွင် လူဝင်ကြေးနှင့် ယာဉ်ဝင်ခများကိုသာအခမဲ့ရရှိမည်ဖြစ်ပြီး စီးပွားဖြစ်ဗီဒီယိုရိုက်ကူးမှုများအတွက်မူ သတ်မှတ်ငွေကြေးပေးဆောင်ရမည်ဟုသိရသည်။

Ref : Daily Eleven
        26-10-2014

Thursday, October 9, 2014

နိုင်ငံရေးပါတီလေးပါတီနှင့်လူမှုအဖွဲ့၁၅ဖွဲ့ပူးပေါင်းပြီးဧရာဝတီတိုင်းအတွင်းကတောင်သူအရေးဆောင်ရွက်မည့် 

ဧရာဝတီတိုင်းဒေသကြီးတွင်လယ်ယာမြေ
ပြဿနာများနှင့်လယ်သမားအကျိုးစီးပွား
တိုးတက်ရေးအားဝိုင်းဝန်းဖော်ဆောင်ရန်
တိုင်းဒေသကြီးအတွင်းမှနိုင်ငံရေးပါတီ
များဖြစ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ (USDP)အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် (NLD) အမျိုးသားဒီမိုကရေ
စီအင်အားစုပါတီ(NDF) တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီတို့ကဒေသ
တွင်းလူမှုရေးအဖွဲ့အစည်း ၁၅ခုနှင့်ပူး
ပေါင်းပြီးတောင်သူလယ်သမားဆိုင်ရာ
အရေးကိစ္စများကိုလစဉ်ဆွေးနွေးသွား
ရန်ဆုံးဖြတ်လိုက်ကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင်နိုင်ငံရေးပါတီများ
ကတိုင်းအဆင့်ခေါင်းဆောင်များနှင့်လူ
မှုရေးအဖွဲ့၁၅ဖွဲ့ခန့်မှကိုယ်စားလှယ်၂၅
ဦးခန့်တက်ရောက်ပြီးလစဉ်ဆွေးနွေးပွဲ
များဆက်လက်ကျင်းပရေးကိုယင်းဆွေး
နွေးပွဲတွင်ဆုံးဖြတ်လိုက်သည်။
ဆွေးနွေးပွဲများတွင်ဒေသခံများအတွက်
အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များမှအား
နည်းချက်များ နိုင်ငံရေးပါတီများနှင့်လူမှု
အဖွဲ့အစည်းများအနေဖြင့်ဒေသခံများအ
တွက်ဆောင်ရွက်ပေးနိုင်မည့်အချက်များ
အားအဓိကထားဆွေးနွေးသွားမည်ဖြစ်
ကြောင်းသိရသည်။
လက်ရှိဆောင်ရွက်နေသည့်လယ်ယာ
မြေပြဿနာများအားထိရောက်စွာမဖြေ
ရှင်းနိုင်သေးသည့်အတွက်ယခုကဲ့သို့
ဒေသတွင်းအစည်းအဝေးများလုပ်ခြင်း
အားဖြင့်အမြင်များဖလှယ်နိုင်ပြီးအကောင်းဆုံးဖြေရှင်းနိုင်မည်ဟုမျှော်လင့်ထား
ကြောင်းဆွေးနွေးပွဲတက်သည့်နိုင်ငံရေး
ပါတီများကဆိုသည်။
MTO(MMK)
Democracy Today သတင်းစာ်