Wednesday, June 6, 2012

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

အစ္စလာမ်အရေးလို့လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာကွယ်တာဆီး၇မှာ ဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီးအခြားသောအစ္စလာမ်ဘာသာဝင်တွေကိုစည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်

မေး။။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ကိစ္စရပ်တွေအပေါ်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရောအစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော၈၈မျိုးဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရောဘယ်လိုရှုမြင်ပါသလဲ။


ဖြေ။။အခုအဖြစ်အပျက်ကကျောက်နီမော်လူသတ်မှုပေါ့။ဒါကလုံးဝမဖြစ်သင့်ပါဘူး။ဒီရခိုင်အ မျိုးသမီးလေးမသီတာထွေးကိုမတရားအဓမ္မပြုကျင့်တာအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးကျူးလွန်တဲ့တရားခံသုံးယောက်ကိုဥပဒေအရပြင်းပြင်းထန် ထန်အရေးယူသင့်ပါတယ်။တဆက်ထဲမှာပဲတောင်ကုတ်မြို့ကိုဖြတ်သွားတဲ့ခရီးသည်တင် ကားပေါ်ကလူ၁ဝယောက်ကိုသတ်ဖြတ်တာကလည်းကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမရှိပါဘူး။ဒီလိုကိစ္စတွေကိုလည်းရာဇဝတ်မှုလို့မြင်တယ်။ဒါကိုလည်းဥပဒေအကြောင်းအရပဲအရေးယူစေချင်ပါတယ်။နောက်တစ်ခုပြောချင်တာကကျွန်တော်ဒီနေ့ဒီအချိန်မှာအသွင်ကူးပြောင်းရေးကာလပေါ့။လူမျိုးရေးဘာသာရေးကိုအခြေခံတဲ့အဓိကရုဏ်းမျိုးကိုဘယ်အုပ်စုကဖန်တီးဖန်တီးကျွန်တော်တို့လုံးဝလက်မခံပါဘူး။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။

(က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

၆-၆-၂၀၁၂ ပြည်တွင်းသတင်းများ

- အိုမီကာစက်ရုံမှ အလုပ်သမားများ နေ့စားခ တိုးမြှင့်ပေးရန် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှု အောင်မြင် .....Read More
- မြန်မာ-ဘင်္ဂလာ စီးပွားရေးအရ တွေ့ဆုံပွဲ ဇွန်(၂၈)ရက်ထပ်မံ ပြုလုပ်မည် .....Read More
- Myanmar Express ကိုတည်ထောင်သူ၏ လိပ်စာနှင့်ဖုန်းနံပါတ်သိရပြီ ..... Read More
- အစ္စလမ်ဘာသာဝင်များနှင့် လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီးဒေါ်အောင်ဆန်းစု ကြည်အမြင် ..... Read More 
- Burma Passport ကိုင် သလား? Myanmar Passport ကိုင် သလား?.....ျRead More
- ၂၄ ဧကစာ စိုက်ခင်း မီးလောင်စေမှု အာဏာပိုင်များ အရေး ယူဆောင်ရွက်မှု မရှိ ..... Read More
- ရခိုင်ပြည်တွင်း အဓိကရုဏ်းများအပေါ် ယူကေရှိ အဖွဲ့အစည်းအသီးသီး၏ သဘောထားထုတ်ပြန်ချက် .....Read More
- ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများအပေါ် indepth analysis အသေးစိတ်ခွဲခြမ်းကြည့် ရာဝယ် ..... Read More
- မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှအစ္စလာမ်ဘာသာဝင်များသို့ပန်ကြားလွှာ .....Read More
-မွတ်ဆလင်တချို့ သံတွဲမြို့ဂျီတီအိုင်ကျောင်းကို ခဲနှင့်ထုဖြို ..... Read More