Wednesday, June 6, 2012

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

အစ္စလာမ်အရေးလို့လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာကွယ်တာဆီး၇မှာ ဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီးအခြားသောအစ္စလာမ်ဘာသာဝင်တွေကိုစည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်

မေး။။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ကိစ္စရပ်တွေအပေါ်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရောအစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော၈၈မျိုးဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရောဘယ်လိုရှုမြင်ပါသလဲ။


ဖြေ။။အခုအဖြစ်အပျက်ကကျောက်နီမော်လူသတ်မှုပေါ့။ဒါကလုံးဝမဖြစ်သင့်ပါဘူး။ဒီရခိုင်အ မျိုးသမီးလေးမသီတာထွေးကိုမတရားအဓမ္မပြုကျင့်တာအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးကျူးလွန်တဲ့တရားခံသုံးယောက်ကိုဥပဒေအရပြင်းပြင်းထန် ထန်အရေးယူသင့်ပါတယ်။တဆက်ထဲမှာပဲတောင်ကုတ်မြို့ကိုဖြတ်သွားတဲ့ခရီးသည်တင် ကားပေါ်ကလူ၁ဝယောက်ကိုသတ်ဖြတ်တာကလည်းကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုအစဉ်အလာမရှိပါဘူး။ဒီလိုကိစ္စတွေကိုလည်းရာဇဝတ်မှုလို့မြင်တယ်။ဒါကိုလည်းဥပဒေအကြောင်းအရပဲအရေးယူစေချင်ပါတယ်။နောက်တစ်ခုပြောချင်တာကကျွန်တော်ဒီနေ့ဒီအချိန်မှာအသွင်ကူးပြောင်းရေးကာလပေါ့။လူမျိုးရေးဘာသာရေးကိုအခြေခံတဲ့အဓိကရုဏ်းမျိုးကိုဘယ်အုပ်စုကဖန်တီးဖန်တီးကျွန်တော်တို့လုံးဝလက်မခံပါဘူး။



မေး။ ။သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။

ဖြေ။။ပွင့်ပွင့်လင်းလင်းပြောရင်ဒါကရိုဟင်ဂျာအရေးပေါ့နော်။တကယ့်ရိုဟင်ဂျာအရေးကိုအ ကြောင်းပြပြီးအစ္စလာမ်ဘာသာနဲ့သက်ဆိုင်တဲ့အရေးလိုဖန်တီးနေတဲ့လူတွေရှိတယ်။ရိုဟင် ဂျာအများစုကအစ္စလာမ်တွေလေ။ဒါကိုအကြောင်းပြုပြီးအစ္စလာမ်ဘာသာဝင်တွေအရေးဆိုပြီးလုပ်နေတဲ့အစွန်းရောက်တဲ့သူများရှိပါတယ်။ကျွန်တော်တို့လုံးဝလက်မခံနိုင်ပါဘူး။ကျွန် တော်တို့ကမြန်မာမွတ်စလင်ပါ။ကျွန်တော်တို့ကရိုဟင်ဂျာမဟုတ်ဘူး။နောက်တစ်ခုကိုရခိုင်လူမျိုးတွေကိုပြောချင်တယ်။မှန်ပါတယ်။ရခိုင်ပြည်နယ်ဟာဘင်္ဂလားဒေ့ရှ်နဲ့ကပ်နေလို့ကိုယ့်အ မျိုးသားရေးခံကတုတ်ကိုတော့ပြင်ရမှာပဲ။ဒါကျွန်တော်လုံးဝနားလည်တယ်။ဒီလိုမဟုတ်ရင် သန်းရာကျော်နိုင်ငံကနေပြိုလာမယ့်လူမျိုးတွေအနေနဲ့ရခိုင်အမျိုးသားတွေစိုးရိမ်မယ်ဆိုတာကိုကောင်းကောင်းနားလည်ထားတယ်။ဒါကဘင်္ဂါလီတွေ၊ဘင်္ဂလားဒေ့ရှ်ကလာတဲ့ပြဿနာ တွေကိုရင်ဆိုင်တဲ့အခါမျာပြည်တွင်းမှာရှိတဲ့အေးချမ်းစွာနေထိုင်စားသောက်နေတဲ့အစ္စလာမ်ဘာသာဝင်တွေနဲ့မသက်ဆိုင်ဘူးလို့ရှင်းရှင်းပြောချငတယ်။ဘင်္ဂလားဒေ့ရှ်ကစိမ့်ပြိုလာမယ့်ကိစ္စကိုကျွန်တော်တို့လည်းမလိုလားဘူး။အိန္ဒိယနဲ့လည်းကပ်နေတယ်။အလားတူပဲတရုတ်ပြည်နဲ့လည်းကပ်နေတာ။ဒါလူမျိုးရေးကိုရှေ့တန်းတင်တာမဟုတ်ဘူး၊သို့သော်လည်းကျွန်တော်တို့အမျိုးသားရေးကိုတော့ရှေ့တန်းတင်ရမှာပဲ။အခုဖြစ်ခဲ့တဲ့ကိစ္စမှာနိုင်ငံရေးပါတီတွေပါဝင်ဖြန်ဖြေတာမျိုးမတွေ့ရသေးဘူး။အဲဒီအပေါ်မှာရောဘာပြောချင်ပါသလဲ။ကျွန်တော်ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲလုပ်ကြပြောကြမှာပါ။ကျွန်တော်တို့အနေနဲ့ကတော့ဒီနေ့ပြုပြင်ပြောင်းလဲတဲ့အချိန်ဆိုတော့စိတ်ပူတယ်။အခြေခံဖွဲ့စည်းပုံဥပဒေအရဆူပူမှုဖြစ်ရင်တပ်မတော်ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေ အနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ် မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေ ချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင် လည်း ညှိနှိုင်းတိုင်ပင် စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်းထိန်းသိမ်းသင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန် တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရသတင်းစာထဲမှာပါတဲ့ စကားလုံးတွေကို ပြောချင်တယ်။ ကျွန်တော် တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှုကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်းပုံစံကို ကျွန်တော်လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့်အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့က
ကွယ်တာဆီး၇မှာဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။
မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုခံယူချက်မျိုးထားသင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစားလိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့်တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမနာခံကြမယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ်က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရမဲ့ နိုင်ငံရေးသမားစိတ်ဓါတ်ပဲ။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။