Wednesday, November 30, 2011

KIA ရဲ့နောက်ဆုံးပေါ်လူသစ်စုတဲ့နည်းဗျူဟာ

မြစ်ကြီးနား၊ဆွမ်ပ၇ာဘွမ်သွားကာလမ်းပေါ်က ဆွတ်ခါးရွာအနီးမှာ ကေအိုင်အေတပ်မဟာ (၁)အင်ဂွန်းလမှကေအိုင် အေ တပ်ဖွဲ့တွေဟာ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ပူတာအိုကို ဆိုင်ကယ်တွေနဲ့ ဒီဇယ်၊ဓာတ် ဆီသယ်ယူပို့ဆောင် သွားလာနေတဲ့ ဆိုင်ကယ်သမားတွေကို နိုဝင်ဘာလ(၂၅)ကနေ(၂၆)ရက်နေ့အထိပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။
ဒီဇယ်နဲ့ဓာတ်ဆီတစ်ချို့ကိုမီးရှိုဖျက်ဆီးပြီး တစ်ချို့ကိုတော့ ဆွတ်ခါးရွာကဘုရာကျောင်းမှာထားခဲ့ပါ တယ်။ လူတွေကို တော့ ကေအိုင်အေစစ်သားလုပ်ခိုင်းဖို့တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထွက်ပြေးလွတ်မြောက် လာတဲ့ ဆိုင်ကယ်ကယ်ရီသမားကိုအဆူးနော်ကပြောပါတယ်။ အခုနောက်ပိုင်း အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ မှာKIA အဖွဲ့ထိခိုက်ကျဆုံးမှုတွေများနေပြီး စခန်းတွေလည်း တစ်ခုပြီးတစ်ခုလက်လွှတ်နေရပါတယ်။ ရှေတန်း ကေအိုင်အေစခန်းတွေကိုအင်အားထပ်ဖြေ့ဖို့အတွက် လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းကယောင်္ကျားမှန်သမျှ ကိုရှေ့တန်း ကိုပို့ဆောင်ပြီး စစ်မှုထမ်းခိုင်းနေတာဖြစ်ပါ တယ်။

ဘာလဲဟဲ့ ABSDF

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း (၂၃) နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ ရဲဘော်တွေ ဘာတွေလုပ်ခဲလဲ?? အခု အဲဒီ ကျောင်းသား တွေ ဘာတွေလုပ်နေလဲ?? ဆိုတာကိုတော့ ခုချိန်ထိ အဖြေရခက်နေတဲ့ မေးခွန်းဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေကို အရ ရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ပေ မယ့်လည်း ABSDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်ကြိုးပန်းမည်ဟု NLD နဲ့ ဆန့်ကျင်တဲ့ကြေညာချက်တစ်ခုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်ဗဟိုကော်မတီက နိုဝင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ABSDF ဖွဲ့စည်းခဲ့တာ ၂၃-နှစ်ကြာပြီးတဲ့အခါမှာ တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ် နေကြသလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှအသိမခံပါဘူး။ ဟန်ပြ တော်လှန် ရေးလုပ်သူများကလုပ်နေကြပေမယ့် ၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ်ခြားမှာ အဆင့်မြင့် ပညာတွေသင်ယူနေကြသူတွေမရှိ၊တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက်ကူညီနိုင်အောင်စီးပွါးရေးလုပ်ငန်းပိုင်ရှင် တွေ ဖြစ်ဖို့ ကျိုးစားနေသူတွေမရှိပါဘူး။ လက်ရှိနေထိုင်ရာသူများတိုင်းပြည်အတွက် ကျွန်ခံအလုပ်လုပ်ပေး နေသူတွေ တော့အများကြီး ဖြစ်ရှိနေကြောင်းသိရပါတယ်။

Tuesday, November 29, 2011

အင်တာနက်ကြောင့်ဘ၀ပျက်ရတဲ့မုံရွာမြို့မှမိန်းကလေး

အင်တာနက်မှအသိဖြစ်ခဲ့သူအမျိုးသားတစ်ဦးကိုယုံကြည်မိသောမိန်းကလေးငယ်တစ်ဦးသားမယားအဖြစ်လိမ်လည်ပေါင်းသင်းခံရ ကာလက်ဝတ်လက်စားများလိမ်လည်ယူဆောင်ခံခဲ့ရကြောင်းသတင်းရရှိသည်။မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီကမိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ၈ယ/---- လော်ဂျာဆိုင်ကယ် နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူကမုံရွာမြို့တွင် လိုက် လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံတွေ့ရှိပါက အကြောင်း ကြားရန်ဆက်သွယ်မှာကြားခဲ့သည်။
    နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၁ နာရီခွဲတွင်ရန်ကုန်မြို့နေဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌တွေ့ရှိ၍နေအိမ်သို့ပြန်လည်ခေါ်ယူထားခဲ့သည်။ မ--၏ပြောပြချက်အရလွန်ခဲ့သောသုံးလခန့်ကအင်တာနက်ဆိုင် တွင် ၁၅ ကြိမ်ခန့်ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူရန်ကုန်မြို့နေကို --သည် နိုဝင်ဘာ ၆ ရက်ကမုံရွာမြို့သို့ရောက်ရှိလာပြီး မ--အား ရန်ကုန်မြို့သို့သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာမင်္ဂလာတောင်ညွန့်မြို့နယ်ရှိတည်းခိုခန်းတစ်ခု၌သားမယားအဖြစ်ပေါင်းသင်း နေထိုင်ပြီးပါရှိသည့်ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကိုလိမ်လည်ရယူသွားခဲ့သဖြင့်ဆိုင်ရာသို့တိုင်တန်းခဲ့ရာ မုံရွာမြို့အမှတ်၁ရဲစခန်းမှကို-- အား(ပ)အမှတ်၆၃၇/၂၀၁၁ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၆၆/၄၂၀အရအမှုဖွင့်စုံစမ်းဖော်ထုတ်လျက်ရှိ သည်။
    မိန်းကလေးငယ်ထံမှလိမ်လည်ရယူသွားသောလက်ဝတ်လက်စားနှင့်ဆိုင်ကယ်မှာစုစုပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟု ဆိုသည်။
  “ဒီနေ့အသက်အရွယ်ငယ်တဲ့ကလေးငယ်တွေလည်းအင်တာနက်သုံးတာပိုများလာတယ်။ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြု တဲ့အခါ လမ်းမှားမရောက်အောင်တော့မိဘတွေစောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးကအင်တာနက်အသုံးပြု တတ် တာတိုးတက်တဲ့လက္ခဏာဆိုပေမယ့်အခုလိုအဖြစ်ဆိုးတွေမကြုံရအောင်ကလေးငယ်တွေကိုအင်တာနက်အသုံးပြုချိန်မှာစောင့်ကြည့် သင့် တယ်”ဟုမုံရွာမြို့ဒေသခံမိဘအုပ်ထိန်းသူတစ်ဦးကပြောသည်။



အစေခံဘ၀မှ သမ္မတဖြစ်လာသူ

ကိုရင်ကျော် နိုဝင်ဘာလ 29, 2011 3:52amတွင်ကိုရင်ကျော် မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

 အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ တောရွာလေးတစ်ရွာတွင် Garfield ကို ၁၇၉၉ ခုနှစ် တွင် ဖွားမြင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် Eliza ဆိုသူ သူ၏သူငယ်ချင်းနှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။ ဂါဖီးတို့ ဇနီးမောင်နှံသည် သစ်ခုတ်ခြင်းလုပ်ငန်းဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေး ၀မ်းကြောင်းရသည်။ သူတို့၏ တဲအိမ်ငယ်လေးထဲတွင် မိသားစုပျော်ပျော်ပါးပါးနေထိုင်ခဲ့ကြပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့လေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင်း Orange မြို့အနီးသို့ ပြောင်းရွှေ့နေထိုင်သည်။
 ထိုနေရာသည် တစ်အိမ်နှင့်တစ်အိမ်အလွန်ဝေးကွာသည်။ သူတို့အိမ်နှင့် အနီးဆုံးအိမ်ပင်လျှင် ၇ မိုင်ခန့်ကွာဝေးလေသည်။ အမေရိကန်ပြည်ထောင်စု၏ ၂၀ ယောက်မြောက် သမ္မတဖြစ်လာမည့် James Abram Garfield ကို ၁၈၃၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂါဖီးတို့ ဇနီးမောင်နှံ၏ စတုတ္ထမြောက်သားအဖြစ် မွေးဖွားခဲ့လေသည်။ James Abram Garfield အသက် တစ်နှစ်ခွဲခန့်တွင် တောမီးလောင်သောအခါ နေအိမ်မှာ မီးထဲပါ သွားသောကြောင့် ဒုက္ခကြီးစွာ ခံစားကြရလေသည်။
 တောမီးသည်အစွမ်းကုန်လောင်ကျွမ်းသဖြင့် ဖခင် ဂါဖီးသည် ဇနီးနှင့်သားသမီးများ၏ အသက်ကို ကယ်တင်ရင်းမီးငြိမ်းသတ် နိုင်ခဲ့သော် လည်း မီးလောင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့လေသည်။ ဖခင်သည် ထိုစဉ်က အသက် ၃၂ နှစ်မျှသာ ရှိသေး သော ကြောင့် သားသမီး ၄ ယောက်နှင့် မိခင်မုဆိုးမသည် ထိုနေရာတွင်ပင် တဲထိုးကာ ဘ၀ကို လှုပ်ရှားရုန်းကန်ခဲ့လေသည်။ မိခင်ဖြစ်သူသည် သားသမီးများကို ထမင်းနှစ်နပ်ကျွေးပြီး၊ မိမိကိုယ်တိုင်ကမူ ထမင်းတစ်နပ်သာစားပြီး ဆင်းရဲမှုကို ခါးစည်းခံခဲ့လေသည်။ သို့သော်ဆင်းရဲသည့်ဒဏ်ကို မခံနိုင်သည့်အတွက် အနီးဆုံးရွာလေး တစ်ရွာသို့ပြောင်းရွှေ့ နေထိုင် ခဲ့လေသည်။