Wednesday, November 30, 2011

KIA ရဲ့နောက်ဆုံးပေါ်လူသစ်စုတဲ့နည်းဗျူဟာ

မြစ်ကြီးနား၊ဆွမ်ပ၇ာဘွမ်သွားကာလမ်းပေါ်က ဆွတ်ခါးရွာအနီးမှာ ကေအိုင်အေတပ်မဟာ (၁)အင်ဂွန်းလမှကေအိုင် အေ တပ်ဖွဲ့တွေဟာ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ပူတာအိုကို ဆိုင်ကယ်တွေနဲ့ ဒီဇယ်၊ဓာတ် ဆီသယ်ယူပို့ဆောင် သွားလာနေတဲ့ ဆိုင်ကယ်သမားတွေကို နိုဝင်ဘာလ(၂၅)ကနေ(၂၆)ရက်နေ့အထိပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။
ဒီဇယ်နဲ့ဓာတ်ဆီတစ်ချို့ကိုမီးရှိုဖျက်ဆီးပြီး တစ်ချို့ကိုတော့ ဆွတ်ခါးရွာကဘုရာကျောင်းမှာထားခဲ့ပါ တယ်။ လူတွေကို တော့ ကေအိုင်အေစစ်သားလုပ်ခိုင်းဖို့တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထွက်ပြေးလွတ်မြောက် လာတဲ့ ဆိုင်ကယ်ကယ်ရီသမားကိုအဆူးနော်ကပြောပါတယ်။ အခုနောက်ပိုင်း အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ မှာKIA အဖွဲ့ထိခိုက်ကျဆုံးမှုတွေများနေပြီး စခန်းတွေလည်း တစ်ခုပြီးတစ်ခုလက်လွှတ်နေရပါတယ်။ ရှေတန်း ကေအိုင်အေစခန်းတွေကိုအင်အားထပ်ဖြေ့ဖို့အတွက် လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းကယောင်္ကျားမှန်သမျှ ကိုရှေ့တန်း ကိုပို့ဆောင်ပြီး စစ်မှုထမ်းခိုင်းနေတာဖြစ်ပါ တယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့ အမျိုးသမီးတွေကလည်းသူတို့ရဲ့ယောင်္ကျားတွေကို ရှေတန်းကနေအမြန်ဆုံး ပြန်ခေါ်ပေး ဖို့ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်နေကြတာကို ကေအိုင်အေခေါင်းဆောင်ပိုင်းတွေက လျစ်လျူရှူထားပြီး ဘာမှတုန့်ပြန် လုပ်ဆောင်ပေးတာမရှိတဲ့အပြင် ဒုက္ခသည်စခန်းကအမျိုးသမီးတွေနဲ့ လိုင်ဇာနောက်တန်း မှာ ကျန်ခဲ့တဲ့နောက်တန်း ကျန် KIA စစ်သည်များရဲ့လူမှုေ၇းဖောက်ပြန်မှုတွေကိုလဲ တားဆီးတာမျိုးတွေမရှိဘူးလို့ လိုင်ဇာ ဘက်က လာတဲ့ သတင်းတွေအရ သိရပါတယ်။အခုလိုမျိုးကေအိုင်အေတပ်ဖွဲ့ရဲမရမကရတဲ့နည်းလမ်းနဲ့လူသစ်စုဆောင်းနေတဲ့လုပ်ရပ်တွေကြောင့်ကချင်ပြည်သူတွေ အနေနဲ့ ဘာလုပ်ကိုင်စားသောက်ရမှန်းမသိအောင် မသွားရဲ့မလာရဲဖြစ်နေရတဲ့အပြင် ပိုပိုပြီးဆိုးလာတဲ့ KIA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အတော်လေးစိုးရိမ်ကြောက်လန့်နေကြတယ်လို့သိရပါတယ်။

http://kachindailynews.blogspot.com/2011/11/kia_29.html မှ ကူးယူဖော်ပြပါကြောင်း

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။