Wednesday, November 30, 2011

ဘာလဲဟဲ့ ABSDF

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း (၂၃) နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ ရဲဘော်တွေ ဘာတွေလုပ်ခဲလဲ?? အခု အဲဒီ ကျောင်းသား တွေ ဘာတွေလုပ်နေလဲ?? ဆိုတာကိုတော့ ခုချိန်ထိ အဖြေရခက်နေတဲ့ မေးခွန်းဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေကို အရ ရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ပေ မယ့်လည်း ABSDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်ကြိုးပန်းမည်ဟု NLD နဲ့ ဆန့်ကျင်တဲ့ကြေညာချက်တစ်ခုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော်ဗဟိုကော်မတီက နိုဝင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ABSDF ဖွဲ့စည်းခဲ့တာ ၂၃-နှစ်ကြာပြီးတဲ့အခါမှာ တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ် နေကြသလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှအသိမခံပါဘူး။ ဟန်ပြ တော်လှန် ရေးလုပ်သူများကလုပ်နေကြပေမယ့် ၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ်ခြားမှာ အဆင့်မြင့် ပညာတွေသင်ယူနေကြသူတွေမရှိ၊တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက်ကူညီနိုင်အောင်စီးပွါးရေးလုပ်ငန်းပိုင်ရှင် တွေ ဖြစ်ဖို့ ကျိုးစားနေသူတွေမရှိပါဘူး။ လက်ရှိနေထိုင်ရာသူများတိုင်းပြည်အတွက် ကျွန်ခံအလုပ်လုပ်ပေး နေသူတွေ တော့အများကြီး ဖြစ်ရှိနေကြောင်းသိရပါတယ်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။