Tuesday, November 29, 2011

အင်တာနက်ကြောင့်ဘ၀ပျက်ရတဲ့မုံရွာမြို့မှမိန်းကလေး

အင်တာနက်မှအသိဖြစ်ခဲ့သူအမျိုးသားတစ်ဦးကိုယုံကြည်မိသောမိန်းကလေးငယ်တစ်ဦးသားမယားအဖြစ်လိမ်လည်ပေါင်းသင်းခံရ ကာလက်ဝတ်လက်စားများလိမ်လည်ယူဆောင်ခံခဲ့ရကြောင်းသတင်းရရှိသည်။မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီကမိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ၈ယ/---- လော်ဂျာဆိုင်ကယ် နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူကမုံရွာမြို့တွင် လိုက် လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံတွေ့ရှိပါက အကြောင်း ကြားရန်ဆက်သွယ်မှာကြားခဲ့သည်။
    နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၁ နာရီခွဲတွင်ရန်ကုန်မြို့နေဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌တွေ့ရှိ၍နေအိမ်သို့ပြန်လည်ခေါ်ယူထားခဲ့သည်။ မ--၏ပြောပြချက်အရလွန်ခဲ့သောသုံးလခန့်ကအင်တာနက်ဆိုင် တွင် ၁၅ ကြိမ်ခန့်ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူရန်ကုန်မြို့နေကို --သည် နိုဝင်ဘာ ၆ ရက်ကမုံရွာမြို့သို့ရောက်ရှိလာပြီး မ--အား ရန်ကုန်မြို့သို့သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာမင်္ဂလာတောင်ညွန့်မြို့နယ်ရှိတည်းခိုခန်းတစ်ခု၌သားမယားအဖြစ်ပေါင်းသင်း နေထိုင်ပြီးပါရှိသည့်ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကိုလိမ်လည်ရယူသွားခဲ့သဖြင့်ဆိုင်ရာသို့တိုင်တန်းခဲ့ရာ မုံရွာမြို့အမှတ်၁ရဲစခန်းမှကို-- အား(ပ)အမှတ်၆၃၇/၂၀၁၁ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၆၆/၄၂၀အရအမှုဖွင့်စုံစမ်းဖော်ထုတ်လျက်ရှိ သည်။
    မိန်းကလေးငယ်ထံမှလိမ်လည်ရယူသွားသောလက်ဝတ်လက်စားနှင့်ဆိုင်ကယ်မှာစုစုပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟု ဆိုသည်။
  “ဒီနေ့အသက်အရွယ်ငယ်တဲ့ကလေးငယ်တွေလည်းအင်တာနက်သုံးတာပိုများလာတယ်။ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြု တဲ့အခါ လမ်းမှားမရောက်အောင်တော့မိဘတွေစောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးကအင်တာနက်အသုံးပြု တတ် တာတိုးတက်တဲ့လက္ခဏာဆိုပေမယ့်အခုလိုအဖြစ်ဆိုးတွေမကြုံရအောင်ကလေးငယ်တွေကိုအင်တာနက်အသုံးပြုချိန်မှာစောင့်ကြည့် သင့် တယ်”ဟုမုံရွာမြို့ဒေသခံမိဘအုပ်ထိန်းသူတစ်ဦးကပြောသည်။



No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။