Monday, September 29, 2014

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် တိုင်းပြည်ငွေကိုအသုံးပြုပြီး အရည်အသွေး ပြည့်ဝသော လမ်းဖောက်လုပ်ပေးစေလို


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ ပခုက္ကူ-ပေါက်
-ကျောက်ထု- ကံကြီး- မင်းတပ်လမ်း ပေါ်ရှိ ကတ္တရာလမ်းများ မှာ နိုင်ငံတော် မှ နှစ်စဉ် ပြင်ထိန်း၊ ငွေလုံငွေရင်း ရန်ပုံငွေတွေဖြင့် ဆောင်ရွက်သည်ဆိုသော်လည်း
 အရည်အသွေး စစ်ဆေးမှုမရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း။ လမ်းစစ်အဖွဲ့များ
အနေဖြင့် ဓါတ်ပုံ ရိုက်ရန်သာ ကြည့်ရှု့ပြီး လမ်းစရိတ်ယူစားသောက်ပြန်ခြင်းတို့ကြောင့် အရည်အသွေးနိမ့် ကျောက်များကိုအသုံးပြုပြီး လမ်းကျောက်ခင်းရာတွင် ၁၂လက်မ ထုကျောက်ခင်းရန်ဆိုသော်လည်း ၅လက်မခန့်သာ ခင်းခြင်း။ ကတ္တရာပါးခြင်း။ လမ်းကြီး
စက် အကြိတ်မနာမီ ခင်းခြင်းတို့ကြောင့် လမ်းခင်းပြီး ၆လ မပြည့်မီ ပေါက်ပြဲပျက်စီးလျှက်ရှိပါ သည်။ ပြည်သူတွေအနေဖြင့် ပေးကားပေး၏ မရဆိုသလိုဖြစ်နေပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စေနာရှေ့ထားပြီး Q / C အဖွဲ့ စနစ်တကျဖွဲ့စည်းပြီး 
အရည်အသွေး စစ်ဆေးသင့်ပါသည်။ ရှေ့ကအဖွဲ့ ဖြစ်သလိုခင်းသွား နောက်ကအဖွဲ့က အပျက်အစီးတင်တောင်းပြီးပြင်ဆိုလျှင် တိုင်းပြည်က မိအေး၂ခါနာဖြစ်နေပါမည်။ အစကနဦး ပြင်ဆင်စရိတ်က သိန်း၁၀၀၀ ဆိုလျှင် ပြန်ပြင်စရန်က သိန်း၂၀၀၀ ဖြစ်နေ
မှာသေခြာပါတယ် ။ ပြည်သူ့ဆောက်လုပ်ရေးအနေဖြင့် အရေးယူမခံရသည့်အပြင် ပျက်အစဉ် ပြင်ခဏခဏ ဆောင်ပုဒ်နှင့် အညီ မြန်မြန်ပျက်လေ ကြိုက်လေ ဖြစ်မည်မှာ
 သေခြာပါသည်။ ထို့ကြောင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ခင်းသော လမ်းများ ၊ ကုမ္ပဏီများမှခင်းသောလမ်းများကို အရည်အသွေးသေခြာစစ်ဆေးသင့်ကြောင်း ပြည်သူ့ အပေါ် စေတနာထားသင့်ကြောင်း တင်ပြပါရစေ။ တင်ထားသောဓါတ်ပုံမှာ မိုင်တိုင် ၆၇/၂
 အနီး တပြင်းကျေးရွာအနီးမှ ပုံဖြစ်ပါတယ် ။ ယခုနှစ်ခင်းသော နသိုးကျေးရွာအနီး တွင်းလည်းပျက်စီးနေသလို၊ ယမန်နှစ်ခင်းသော အကြည်ပန်းပလွန်းကျေးရွာအနီးတွင် အများဆုံးတွေ့နိုင်ပါသည်။

သိန်းထွန်း

စိမ်းရွှေဝါကုမ္ပဏီမှ တည်ဆောက်သော တံတားများ တစ်နှစ်မပြည့်မီ ကွန်ကရစ်ခုံများ ပြိုကျပျက်စီး


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ တပြင်း-ပင်တောင်-အနိမ့်-
ကြူတော- လက်ပန်း-သံပုရာ-မန်း- ငှက်ကြီးဦး- ကျောက်လိပ် ကျေးရွာချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ ကုန်ကျငွေ အတွက် ပြည်သူ လွှတ်တော်တွင် ဦးဌေးမောင်တင်ပြ မေးမြန်းချက်အရ နယ်စပ်ရေးရာ ၀န်ကြီး ဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် မြေသားလမ်း (၁၈)မိုင်အတွက် ငွေကျပ် ၁၈၁.၉၈သန်း သစ်သားတံတား (၁၂)စင်းအတွက် ၄၀၇.၅၀ သန်း စုစုပေါင်း ၅၈၉.၄၈သန်း နိုင်ငံတော်မှ စေတနာရှေ့ထားချထားပေးသည်ကို ဒေသခံပြည်သူများ ၀မ်းပန်း တသာကြိုဆိုခဲ့ကြပါသည်။ ဒေသခံများမအနေဖြင့်လမ်းအောင်မြင်ရေးအတွက် ယာမြေများ အိမ်ဝိုင်းမြေများပါ လှူဒါန်းပြီး စိတ်ကြိုက်ဖောက်လုပ်စေခဲ့ပါသည်။
ဒေသခံတို့ စိတ်စေတနာ မည်သို့ပင်ရှိစေကာမူ လမ်း/ တံတားတည်ဆောက်ခွင့်ရရှိသော စိမ်းရွှေဝါကုမ္ပဏီမှ တည်ဆောက်ခဲ့သော တံတားများမှ တစ်နှစ်မပြည့်မီ ပထမမိုးမှာပင် ကမ်းကပ်ခုံ ကွန်ကရစ်များ ကွာချ ပျက်စီးခြင်း၊ များ နှင့်ကြုံတွေ့ရ ပြီး အစိုးရကပင် ဒီလိုလုပ်လေသလားဟု စိတ်မကောင်းကြီး စွာဖြစ်နေ ကြပါပြီ။ ယနေ့ထိ တာဝန်ရှိသူများ လာသော်လည်း ဓါတ်ပုံရိုက် သွားသည်မှအပအရည်အသွေး မီအောင် ပြန်လည် ပြုပြင်စေခြင်းများ ဆောင်ရွက်မှုမရှိပါ။ ဒီလိုဘဲ တိုင်ပြည်ငွေတွေကို စိမ်းရွှေဝါ ကုမ္ပဏီနှင့်ပေါင်းပြီး ဒေသခံမျက်နှာကိုမထောက်ထား ဖြုန်းပစ်ကြတော့မှာလားလို့ ဒေသခံများ

 ပြောကြားနေကြပါသည်။

သိန်းထွန်း(ဆော)