Saturday, January 19, 2013

ခမရ ၆၀၁ မှ ရဲဘော်၊ရဲမေများ၏ သတ္တိပြောင်မြောက်မှုနှင့် အပစ်ရပ်ဆိုသည်နှင့် ကေအိုင်အေတို့ အခွင့်အရေးစယူကြပြီ

ခမရ ၆၀၁ မှ ရဲဘော်၊ရဲမေများ၏ သတ္တိပြောင်မြောက်မှု
=================================
ဒီတပတ်ထုတ်မော်နီတာဂျာနယ်ထဲမှာ ဗန်းမော်မန္တလေးကားလမ်းဘေးက တိုက်ပွဲအကြောင်းရေး ထား တာ ဖတ်ရတယ်။ သဘောကျလို့ပါ။ ခမရ ၆၀၁ ရှေ့တန်းထွက်နေချိန် နောက်ချန်တပ် အင်အား အနဲငယ် ပဲရှိ တဲ့ အချိန်မှာ KIA တပ်မဟာ၃က အင်အား၄၀ခန့်နဲ့ဇန်နဝါရီ၎ရက်နေ့ မနက်၅နာရီကလာတိုက်တာပါ။ တပ်မှာ ရှိတဲ့နောက်ချန်အင်အားအနည်းငယ်နဲ့အမျိုးသမီးတွေက ပြန်ခုခံကြတယ်။တပ်မဟာ၉၉ကစစ်ကူတွေရောက် လာချိန်မှာ KIAတွေ ဆုတ်ခွာသွားရပါတယ်။ အလောင်း ၃လောင်းနဲ့ လက်နက် အချို့ကျန် ခဲ့တယ် ၁လောင်း က ၂ ပွင့်နဲ့ အရာရှိပါ။ ရွပ်ရွပ်ချွန်ချွန် ခုခံတဲ့ တပ်ရင်းကအိမ်ထောင်သည် အမျိုးသမီးေ တွ ကို မြောက်ပိုင်းတိုင်းမှူးက ထူးချွန်ဆုတွေ ချီးမြှင့်ပါတယ်။ ကျွန်တော်အမျိုးသမီးတွေကို ချီးကျူးမိသလို KIA ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုလဲ တော်တော်ရီချင်သွားတယ်။
Heinsoe Aung

အပစ်ရပ်ဆိုသည်နှင့် ကေအိုင်အေတို့ အခွင့်အရေးစယူကြပြီ
===================================

သတင်းမှာ အပစ် ရပ် စစ်ရေးလုပ် ရှား မှု ရပ် လို့ ည ၈ နာရီ မှာ ပါ လာ တာ နဲ့ kia က အခွင့် အ ရေး စယူ နေပြီ။ ဒီည ၁၀း၁၄ မှာ ဖားကန်က ဆိုင်းတောင် (ဆိပ်မူ)တပ် ကုန်း လာပစ် နေပြီ မိနစ် နှစ်ဆယ် နီးပါး တပ်ကပြန်ပစ် တော့ ပြေး ပြီ ။ ဆိပ်မူ တပ် ကုန်းက ပတ် လည် မှာ လူနေ အိမ်တွေကြီးဘဲ။ ငြိမ်း ချမ်း ရေး စကား ပြော ရင် တပ်ကပဲ အပစ် မရပ် kia ကပါ အပစ် ရပ် မှ ဆွေး နွေး ဖို့ ဆော်သြ ပေး ပါဦး။ ရင်း၆ က kia တွေ ဝှေခါ ဖက် ဆုတ်သွား တယ်လို့ ဆိပ်မူ နယ်ခံ က ပြောတယ် ။ မိုး ကောင်း ဖားကန့် ကားလမ်း ပိတ် နေလို့ မိုးကောင်း- ဟိုပင်-လုံးတုံ - ဆည်ဇင်း - တာမခန်-ဖားကန့် ပတ်ပြီး သွား ရတယ် ။ အဲ့ ဒီလမ်း မှာ စစ်ရေး လှုပ် ရှား မှု ရပ် သတင်း မထွက်ခင် ကကို ကား တစ်စီး ၁၀ သိန်း ၁၅ သိန်း ဆို တောင်း နေပြီ ။ ရင်း၆ မှာ ဆောင် ပြီးသား ပြော လည်း ဒီဘက်က မဆိုင် ဘူး ဆို ထပ် တောင်း နေ တယ် ။ စစ်ရေး ရပ်တာနဲ့ ဒီကောင် တွေ သောင်းကျန်းမှာဖားကန့်ဖက်တပ်တွေတိုးချဖို့ ဆော်သြ ပေးပါဦး။ ရင်း ၆ ဖက်ကို ထိုးတော ဝှေခါ တောင်ကြော ဖက် ရှောင် လာ တယ် တကယ်ဆို စစ် ရေး လူပ် ရှား မှု ဖားကန့် ဖက် မရပ်သင့် သေးဘူး ။ ဝေခါ တောင် ကြော က နေ အင်းတော်ကြီး အိုင်စပ်အထိ တော ထောင် ထူထပ် တယ်လို့ သိရတယ် ။ ဟိုပင် ဝှေခါဖား ကန့် လမ်း ဒေသ အ ခေါ် ဝှေခါ လမ်း ဖက် မှာ kia က ဂိတ် တွေ တိုး ထား တယ်လို့ သိရတယ်။ ဒီနေ့ ဝှေခါ လမ်း က နေ ဂျာနယ် သွား ယူ တဲ့ ဆိုင်ကယ် သမား တွေ kia စစ် ကြောင်း ဖြတ် လို့ ဆိုပြီး တော်တော် ကြာ စောင့် နေရတယ် ရင်း ၆ က ဆုတ်လာ တာတွေ လာ မသိဘူး။
 (သတင်းပေးပို့မှု)

Credit : OppositeEye

ဝီတိုရီယဆေးရုံမှာ ဧည့်ကြို ဖြစ်ရတဲ့ ဒုက္ခ

ဒီမိုဝေယံခင်ဗျား၊  ရန်ကုန်မြို့ ဝိတိုရီယဆေးရုံ ဧည့်ကြိုဌာန၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏နေ့စဉ် ကြုံတွေ့နေရသော ဒုက္ခကို စာနာသောအားဖြင့် ဖေါ်ပြပေးပါရန်လေးစားစွာ တင်ပြအပ်ပါသည်၊  ဝိတိုရိယဆေးရုံကြီးသည် ခန့်ညှားထယ်ဝါလှသော်လည်း၊ ဧည့်ကြိုဌာနရှိ ဝန်ထမ်းများမှာ “စာမေးတာမဖြေနိုင်လို့” “ အလုပ်လုပ်ရာတွင်အမှားအယွင်းရှိလို့ “ စသည်ဖြင့် အကြောင်းအမျိုးမျိုး ပြပြီး ဒါဏ်ကြေးဟုဆိုခါ အလုပ်ကြီးကြပ်သူများက ကောက်ခံနေပါသည်။  ဝန်ထမ်းများမှာမိသားစုစားဝတ်နေရေး မပြေလည်ယုံမက၊ ရရှိသော လစာလေးကို မလောက်မင ခြစ်ချုပ်သုံးစွဲနေရမှန်းသိလျှက်နှင့် “တစ်လစာကုန်ချင်ကုန်သွားပါစေ.ကောက်မှာ
ဘဲ” ဟုပြောဆိုကောက်ခံနေပါသည်။

ဝန်ထမ်းများအနေဖြင့် မကျေနပ်သော်လည်း အထက်ကို မတင်ပြရဲသဖြင့် ခေါင်းငုံ့ခံနေရပါ သည်၊ ကောက်ခံထားသော ပိုက်ဆံများကိုလည်း မည်သည့်နေရာတွင် သုံးစွဲသည်ကိုမသိရဘဲ မည်သူ့အတွက်မှန်းမသိဘဲ ပေးနေရပါတယ်၊အပြစ်ရှိက ဆေးရုံစည်းကမ်းအတိုင်းတရားနည်းလမ်းကျစုံစမ်း စစ်ဆေးပြီး “ဒါဏ်ငွေမကောက်ဘဲ” လိုအပ်သလိုအပြစ်ပေးသင့်ပါသည်၊ အထက်မှဆေးရုံအုပ်ချုပ်သော လူကြီးများ သိရှိစေရန် ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ရပါသည်..။

ကျးဇူးတင်စွာဖြင့် မိဘတစ်ဦး 

share from http://www.demowaiyan.org

အသက် ၅၅ ကျော်- သက်ကြီးရွယ်အိုဆရာဝန်များ၏အခက်အခဲ

 နိုင်ငံတော်အစိုးရသည် ဆရာဝန်များ၏ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာ တွင် အောက်ပါ စည်းမျဉ်းများကို ဆိုရှယ်လစ်ခေတ်မှစ၍ ချမှတ်ခဲ့ပါသည်။
(၁) နိုင်ငံခြားသို့ အပြီးအပိုင်သွားရောက်မည့် ဆရာဝန် (အစိုးရဝန်ထမ်းမဟုတ်သူ) များသည် ပညာ သင်လျှော်ကြေးငွေ ကျပ်တစ်ဆယ်သိန်း ပေးလျှော်ကြောင်းထောက်ခံချက်။
(၂) ယာယီနိုင်ငံခြားသို့သွားရောက်သည့်ဆရာဝန် (မည်သည့်အသက်အရွယ်မဆို)များသည် ၂.၁ ပြန်တမ်းဝင်အရာရှိနှစ်ဦး၏ ထောက်ခံချက်၊ထိုထောက်ခံချက်သည် နေပြည်တော်ကျန်းမာရေးဦးစီးညွှန်ကြာရေးမှုးရှေ.မှောက်တွင် ပြန်တမ်းဝင်အရာရှိနှစ်ဦးမှတပြိုင်နက်ထည်း လက်မှတ်ရေးထိုးရသည့် ထောက်ခံစာ၊

၂.၂ဆရာဝန်မှတ်ပုံတင်မူရင်းမိတ္တူ ပြရသည့်အပြင်မိမိဆရာဝန်ဖြစ်ကြောင်းကို နေပြည်တော်ဝန်ထမ်းဆရာဝန်များထဲမှ နေပြည်တော်ရုံးရှိရုံးအုပ်ရှေ့မှောက်တွင်လိုက်လံသက်သေထွက်ဆိုပေးရသည့် ထွက်ဆိုချက်၊
အထက်ပါအချက်များနှင့်ပညာရေးကင်းရှင်းကြောင်းထုတ်ယူရခြင်းဟူသည့်စည်းမျဉ်းဖြစ်ပါသည်။။ ထုပ်ယူသည့်အခါနှစ်ပတ်ကြာမှရရှိပါသည်။ထို့ကြောင့်နေပြည်တော်ကျန်း
မာေ
ရး ထောက်ခံစာရရှိရန်ထပ်မံ သွားရောက်ရပါသည်။