RNDP လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်မှ နိုင်ငံရေး ပါတီများ မှတ်ပုံ
တင်ခြင်း ဥပဒေပါ နိုင်ငံသား
သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုး
သားလွှတ်တော်တွင်
တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီမှ
လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ကြောင်း သတင်းများအရ
သိရှိရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ
(က)တွင် ပါ
ရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ
သို့မဟုတ် ယာယီသက်သေခံ
လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့်
စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်
သွင်းခြင်း ဖြစ်သည်။
ကြံ့ခိုင်ရေးကိုယ်စားလှယ်၏အကြောင်းပြချက်မှာ ဒေါက်တာအေးမောင်
၏ အဆိုသည်
ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ရာရောက်သည့်အတွက်
ကန့်ကွက်
ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အခြေခံဥပဒေ၏အားနည်းချက်များအား ပြင်ဆင်ရန်ကြိုးပမ်းခြင်းအား အခြေခံဥပဒေအား
ချိုးဖောက်ခြင်းဟု ခံယူထားသော ကြံ့ခိုင်ရေးပါတီအား ၀ံသာနုအနေဖြင့်
မေးခွန်းထုတ်လို
ပါသည်။ အခြေခံဥပဒေသည် နိုင်ငံတော်အတွက် အာဏာတည်သည့်
ဥပဒေဖြစ်ပါလား၊
သို့တည်းမဟုတ် ကြံ့ခိုင်ရေးပါတီ၏ အကျိုးသက်သက်အတွက်
ထုတ်ပြန်ထားသည့်
ဥပဒေဖြစ်ပါသလား။ အခြေခံဥပဒေအား စောင့်ရှောက်ခြင်း၊
ပြင်ဆင်ခြင်းသည် ကြံ့ခိုင်ရေး
ပါတီနှင့်သာ သီးသန့်သက်ဆိုင်ပြီး
တခြားနိုင်ငံရေးပါတီများနှင့် မသက်ဆိုင်ပါသလား။
နိုင်ငံတော်၏ ပစ္စုပ္ပန်၊အနာဂတ် အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံရေးနယ်
ပယ် အတွင်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် နိုင်ငံသားမဟုတ်သူများအား ပါဝင်ပတ်သက်ခွင့်ပြုခြင်းကြောင့်
အနာဂတ်တွင်ကျရောက်လာမည့် အန္တ ရာယ် များ ထက် ကြံ့ခိုင်ရေးပါတီ၏အကျိုးစီးပွားကပို၍အရေး ကြီးပါသလား။ နိုင်ငံသားမဟုတ်သူများနှင့် ပတ်သက်၍
နိုင်ငံတာ်၏ သစ္စာအား စောင့်သိရိုသေသူဆိုရာတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့်
မည်သည့်ပေတံဖြင့် တိုင်းတာပါသနည်း။
အာဏာအား ခုတုံးလုပ်၍
၂၀၁၀ရွေးကောက်ပွဲကာလအတွင်း ဘင်္ဂလီများအား White Card များထုတ်ပေးပြီး
ရွေးကောက်ပွဲဝင်ခိုင်းခဲ့သည့် ကြံ့ခိုင်ရေးပါတီသည်
ပြည်ထောင်စုမြန်
မာနိုင်ငံတော်အား
အမှန်တကယ် သစ္စာရှိသည့် နိုင်ငံရေးပါတီတစ်ခု၏ အင်္ဂါရပ်နှင့် ကိုက်
ညီခြင်း
ရှိပါသလား။ နိုင်ငံသားစစ်စစ်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီပင်လျှင်
နိုင်ငံတော်အား ဤကဲ့သို့သစ္စာဖောက်ခဲ့လျှင် ကြံ့ခိုင်ရေးပါတီ၏
ထောက်ခံမှုဖြင့် တိုင်းပြုပြည်ပြုနိုင်ငံရေး
နယ်ပယ်သို့
ဝင်ရောက်လာသည့်၊ တရားဝင်မဲပေးခွင့်ရှိသည့် တရားမ၀င်
ဘာသာခြား၊
လူမျိုးခြားတို့သည် မည်သည့်အကြောင်းပြချက်ဖြင့် နိုင်ငံတော်အား
သစ္စာရှိပါမည်နည်း။
မိမိအကျိုးစီးပွား၊ မိမိပါတီအကျိုးစီးပွားသက်သက်အတွက်
နိုင်ငံတော်အား ခုတုံးလုပ်ရောင်း
စားဝံ့သော လွှတ်တော်အမတ်သည်
အမျိုးသားလွှတ်တော်အတွင်း ၀င်ထိုင်ခြင်းငှာ ထိုက်
တန်ပါ၏လော။ မည်ကဲ့သို့သော
နှလုံးသားဖြင့် နိုင်ငံတော်အား သစ္စာစောင့်သိရိုသေပါ
မည်ဟု
ကျမ်းသစ္စာကျိမ်ဆိုခဲ့ပါသနည်း။ ကြံ့ခိုင်ရေးပါတီ ဖြေပါ။
မြတ်သိန်းထွန်း
အယ်ဒီတာချုပ်
ဝံသာနု