ဘင်္ဂါလီများအား
နိုင်ငံသားစိစစ်ခြင်းမပြုဘဲ အိမ်ပိုင်မြေပိုင် ဆောက်လုပ်ခြင်းမပြုရန်ဆန
္ဒပြခြင်းကို မတ်လအတွင်းကဦးဆောင်ခဲ့သဖြင့် ယမန်နေ့က ထောင်ဒဏ်သုံးလ
ချမှတ်ခြင်း ခံခဲ့ရသော ခေါင်းဆောင်သူလေးဦးအား ကျောက်တော်မြို့မှ ညနေ
ငါးနာရီခွဲကျော်တွင် ကားဖြင့် ခေါ်ဆောင်လာခဲ့ရာစစ်တွေမြို့အမှတ်(၁)ရဲစခန်းသို့ယမန်နေ့ ညနေရှစ်နာ ရီ လေးဆယ့်ငါးမိနစ်တွင် ရောက်ရှိသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
(RNDP) မှ ဗဟိုကော်မတီဝင် ဦးကျော်ဇော ဦး၊ ကျောက်တော်မြို့နယ်
ပြည်နယ်လွှတ်တော်အမတ် ဦးစောငြိမ်း နှင့် RNDP မှ အကျဉ်းသား
စောင့်ရှောက်ရေးအဖွဲ့ဝင်များက စစ်တွေ အမှတ် (၁) ရဲစခန်းသို့ချက်ချင်း
ရောက်ရှိလာကြပြီး အကျဉ်းကျခံ လေးဦးအားလာရောက်တွေ့ဆုံကာ
လုပ်ထုံးလုပ်နည်းနှင့်
အညီတာဝန်ရှိသူများက ဆောင်ရွက်ခြင်းရှိမရှိကိုလာရောက်စောင့်ကြည့် မေးမြန်းခဲ့ကြသည်။
ဦးကျော်ဇောဦး နှင့်
အဖွဲ့မရောက်ခင်လေးတင်က စခန်းမှူး ရဲအုပ်မျိုးကျော်က ပြစ်ဒဏ်ကျခံ
အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်လှမေ နှင့် ဒေါ်တင်တင်အေးတို့အား
အချုပ်ခန်းအလွတ်မရှိ
သည့်အတွက် အခြား အမျိုးသား အချုပ်သားတစ်ဦး နှင့်အတူ
အချုပ်ခန်းတစ်ခန်းတည်း တစ်ညအိပ်နိုင်မည်လား ဟု မေးမြန်းခဲ့သည် ဟု ဆိုသည်။
ယင်းကဲ့သို့မေးမြန်းခဲ့ခြင်းသည်ပင်လျှင်
ဘောင်ကျော်နေပြီဖြစ်ကြောင်း ဦးကျော်ဇောဦးက သတိပေးကန့်ကွက်ခဲ့ရာ
စခန်းမှူး ရဲအုပ်မျိုးကျော်က မိမိက မေးရုံသက်သက်မေးခဲ့ခြင်း
သာဖြစ်ပြီး
အမျိုးသမီး နှစ်ဦးအား အမျိုးသားအချုပ်ခန်းထဲသို့ အမှန်တကယ်
ထည့်ခဲ့ခြင်း
မရှိသေး၍ မိမိမှာ အပြစ်မရှိသေးကြောင်း ရဲအုပ်မျိုးကျော်က
ချေပခဲ့သည်။
ပြစ်ဒဏ်ကျခံ အမျိုးသမီးများအား အမျိုးသမီး ရဲမေ
အစောင့်အရှောက်မပါဘဲ ကားပေါ်
တွင် ရဲသားများ နှင့် ကျပ်တည်းစွာ အတူထိုင်ကာ
လိုက်ပါလာရခြင်းမှာလည်း ရဲလုပ်ထုံး
လုပ်နည်းနှင့် အညီ
ဆောင်ရွက်ရာမရောက်ကြောင်း ပြစ်ဒဏ်ကျခံရသူ လေးဦးအနက် တစ်ဦးဖြစ်သည့်
ဒေါ်လှမေက ကန့်ကွက်ပြောဆိုခဲ့သည်။
အဆိုပါလေးဦးဖြစ်သည့်
ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေ နှင့် ဒေါ်တင်တင်အေး
တို့အား
လက်ရှိချုပ်နှောင်ထားရာ စစ်တွေမြို့မ ရဲစခန်းမှ စစ်တွေအကျဉ်းထောင်သို့
ယနေ့
မနက်ပိုင်းတွင် ပို့ဆောင်မည်ဖြစ်သည်။
Coral Arakan News
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။