Wednesday, July 4, 2012

အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီပီ

ကြားဖြတ်ရွေးကောက်ပွဲနေရာများမှာအန်အယ်ဒီကအပြတ်အသတ်နိုင်သွားတဲ့အတွက်လွှတ်တော်မှာနေရာ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။အတိုက်ခံတိုင်းရင်းသားပါတီများကိုထည့်တွက်ရ၁၅ရာနှုန်းလောက်တော့လွှတ်တော်မှာရှိပါမယ်။တိုင်းရင်းသားပါတီဆိုတာအတိုက်အခံဖက်သားများလို့ပြောနိုင်ပါ တယ်။


 




ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး
လွန်ခဲ့တဲ့အနှစ်၂၀လောက်က၁၀တန်းကိုထူးချွန်စွာအောင်မြင်ခဲ့တဲ့မိန်းကလေးတဦးရှိပါတယ်။မင်းကြီးလမ်းကချမ်းသာသူတဦးကဆေးကျောင်းတက်ဖို့ရိုးသားစွာထောက်ပံ့ပေးပြီးဆရာ ၀န်ဖြစ်လာပါတယ်။ဆရာဝန်ဖြစ်တော့သူတို့သားနဲ့အိမ်ထောင်ပြုလိုက်ပြီး၊ပုသိမ်မှာဆင်းရဲသူများကြားမှာဆေးခန်းကလေးထူထောင်ပြီး၊အသက်မွေးဝမ်းကြောင်းပါတယ်။ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်းမြို့တော်များမှာ“နာမည်ကြီးထမင်းငတ်”၊ဆန်၊ငါးပုဇွန်အလွန်ထွက်ပေ မယ့်အားလုံးနိုင်ငံခြားပို့ပြီးပြည်သူလူထုကတော့ဆင်းရဲနေတဲ့မြို့ကြီးဖြစ်ပါတယ်။မြန်မာပြည်တခြားမြို့ကြီးများမှာမော်တော်ဆိုင်ကယ်အိမ်တိုင်းရှိနေကြပေမဲ့၊ပုသိမ်မြိုကမော်တော်ဆိုင် ကယ်ပိုင်ရှင်ဆိုရင်သူဌေးလို့သတ်မှတ်ပါတယ်။အဲဒီလောက်ဆင်းရဲတဲ့လူတွေကြားမှာဆရာ ၀န်မလေးကကုသိုလ်လည်းရ၊၀မ်းလည်းဝကိုယ်ပိုင်ဆေးခန်းဖွင့်ပါတယ်။စေတနာကြောင့်ဝင်ငွေအသင့်တင့်ကောင်းပြီး၊အနှစ်၂၀လောက်မှာနာမည်ကျော်ဆရာဝန်မတဦးဖြစ်လာပါတယ်။၂၀၀၇နာဂစ်မုန်တိုင်းနဲ့သံယာအရေးအခင်းနောက်ပိုင်း၊ကြံ့ဖွဲ့ပါတီပြုပြင်ပြောင်းလည်းရေးလုပ်ချိန်၊အဲဒီဆရာဝန်အမျိုးသမီးကိုလွှတ်တော်အမတ်အဖြစ်ကြံ့ဖွံ့ပါတီမှရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။

လူပွဲစားဖြင့် မလေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ပျောက်ဆုံးနေ


လူပွဲစားများ၏ ဆက်သွယ်ပေးမှုဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် မလေးရှားနိုင်ငံသို့ တောလမ်းဖြင့်သွားသည့် အသက် ၂၈နှစ်အ ရွယ် အာချီနှင့် အသက် ၂၁အရွယ် အာချာဆိုသူ လီဆူတိုင်းရင်းသူ ညီအစ်မ နှစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုနှစ်၊ ဧပြီလ ၁၉ရက်နေ့၌ မမွန်ဆိုသူ ပွဲစားနှင့်ချိတ်ဆက်၍ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၄,၅၀၀ (နှစ်သောင်းလေးထာင်ငါးရာ)ဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၂၄ဦးကို ရန်ကုန်မှ မြ၀တီသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ရာ တောလမ်းတနေရာ တွင် အဆိုပါညီအစ်မနှစ်ဦး ပျောက်ဆုံးရာမှ ယနေ့အထိ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်ဟု အတူပါသွားခဲ့သူ ကိုအာဖူက ပြောသည်။
....... Read More

ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တပုဒ်

စစ်အေးကာလအတွင်းက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ အရှေ့အုပ်စုဆိုပြီး ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်အုပ်စုကြီး နှစ်စုရှိတယ်။
သူတို့ဟာ အင်္ဂါဂြိုလ်ပေါ်မှာ သဘာဝသယံဇာတ တွေကို ပြိုင်တူ တွေရှိကြပြီး အဲ့ဒီသယံဇာတတွေကို အလိုလျှောက် အလုပ်လုပ်တဲ့ စက်ရုပ်တွေရဲ့အကူအညီနဲ့ ထုတ်ယူပြီး ကမ္ဘာမြေပေါ်ကို သယ်ယူကြတယ်။
ဒါပေမဲ့ သူတို့အုပ်စုနှစ်စုလုံးဟာ အဲ့ဒီသယံဇာတတွေကို အုပ်စုတခုထဲက ဘဲအပိုင်စီးထုတ်ယူဖို့ အမြဲပြိုင်ဆိုင်နေကြတယ်။
တနေ့မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက သိပ်ပံပညာရှင်တွေက နည်းပညာတခုရရှိသွားပြီး အဲ့ဒီနည်းပညာရဲ့အကူအညီနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့ စက်ရုပ်တွေအတွင်းကို" လောဘ" ဆိုတဲ့ ဆော့ဝဲတခုထည့်ပေးလိုက်တယ်။ အဲ့ဒီဆော့ဝဲထည့်ပြီး နောက်ပိုင်းမှာ သူတို့ စက်ရုပ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ (၁၀)ဆလောက်တက်သွားပြီး ကမ္ဘာမြေပေါ်ကို သယံဇာတ အမြောက်အများ ပေးပို့နိုင်ခဲ့ကြတယ်။

ဒုတိယ သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးခန့်အပ်ရန်ရှိ

ပြည်ထောင်စုလွှတ်တော်မှ၂၀၁၁ခုနှစ်၊ဧပြီလ၄ရက်နေ့တွင်ရွေးချယ်ခန့်အပ်ခဲ့သည့်ဒုတိယသမ္မတတစ်ဦးဖြစ်သူသီဟသူရဦးတင်အောင်မြင့်ဦးသည်၎င်း၏ကျန်းမာရေးအခြေအနေ ကြောင့်ဇူလိုင်၁ရက်မှစ၍ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့အကြောင်းကြားစာပေးပို့လာပြီးနှုတ်ထွက်စာတင်သွင်းခဲ့ကြောင်းသိရပါသည်။အဆိုပါအကြောင်းကြားစာကိုနိုင်ငံတော်သမ္မတမှ ခွင့်ပြုပြီးဖြစ်သဖြင့်နိုင်ငံတော်သမ္မတရုံးမှလည်း၎င်း၏နှုတ်ထွက်မှုကိုဇူလိုင်၂ရက်တွင်ပြည် ထောင်စုလွှတ်တော်နာယကထံအကြောင်းကြားခဲ့သဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ(၇)ရက်အတွင်းအစားထိုးခန့်အပ်မည့်သူအမည်စာရင်းကိုမူလရွေးချယ်ပေးထားသည့်တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့မှတင်သွင်းရမည်ဖြစ်သဖြင့်ဇူလိုင်၁၀ရက်နောက်ဆုံးထားတင်သွင်းရန်ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ် တော်နာယကမှ ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတရာထူးနေရာလစ်လပ်ခြင်းနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သ၀ဏ်လွှာ တွင်ဖော်ပြပါရှိမည်ဖြစ်ကြောင်းနှင့် တပ်မတော် သားကိုယ်စားလှယ်အဖွဲ့မှ ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း သိရသည်။

ယနေ့နေ့လည် ၁နာရီတွင် ကျင်းပမည့်ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး အစီအစဉ် နံပါတ် ၁၁တွင် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်သည်။