Wednesday, July 4, 2012

ဒုတိယ သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးခန့်အပ်ရန်ရှိ

ပြည်ထောင်စုလွှတ်တော်မှ၂၀၁၁ခုနှစ်၊ဧပြီလ၄ရက်နေ့တွင်ရွေးချယ်ခန့်အပ်ခဲ့သည့်ဒုတိယသမ္မတတစ်ဦးဖြစ်သူသီဟသူရဦးတင်အောင်မြင့်ဦးသည်၎င်း၏ကျန်းမာရေးအခြေအနေ ကြောင့်ဇူလိုင်၁ရက်မှစ၍ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့အကြောင်းကြားစာပေးပို့လာပြီးနှုတ်ထွက်စာတင်သွင်းခဲ့ကြောင်းသိရပါသည်။အဆိုပါအကြောင်းကြားစာကိုနိုင်ငံတော်သမ္မတမှ ခွင့်ပြုပြီးဖြစ်သဖြင့်နိုင်ငံတော်သမ္မတရုံးမှလည်း၎င်း၏နှုတ်ထွက်မှုကိုဇူလိုင်၂ရက်တွင်ပြည် ထောင်စုလွှတ်တော်နာယကထံအကြောင်းကြားခဲ့သဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ(၇)ရက်အတွင်းအစားထိုးခန့်အပ်မည့်သူအမည်စာရင်းကိုမူလရွေးချယ်ပေးထားသည့်တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့မှတင်သွင်းရမည်ဖြစ်သဖြင့်ဇူလိုင်၁၀ရက်နောက်ဆုံးထားတင်သွင်းရန်ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ် တော်နာယကမှ ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတရာထူးနေရာလစ်လပ်ခြင်းနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သ၀ဏ်လွှာ တွင်ဖော်ပြပါရှိမည်ဖြစ်ကြောင်းနှင့် တပ်မတော် သားကိုယ်စားလှယ်အဖွဲ့မှ ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း သိရသည်။

ယနေ့နေ့လည် ၁နာရီတွင် ကျင်းပမည့်ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး အစီအစဉ် နံပါတ် ၁၁တွင် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်သည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။