Wednesday, July 4, 2012

အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီပီ

ကြားဖြတ်ရွေးကောက်ပွဲနေရာများမှာအန်အယ်ဒီကအပြတ်အသတ်နိုင်သွားတဲ့အတွက်လွှတ်တော်မှာနေရာ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။အတိုက်ခံတိုင်းရင်းသားပါတီများကိုထည့်တွက်ရ၁၅ရာနှုန်းလောက်တော့လွှတ်တော်မှာရှိပါမယ်။တိုင်းရင်းသားပါတီဆိုတာအတိုက်အခံဖက်သားများလို့ပြောနိုင်ပါ တယ်။


 




ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး
လွန်ခဲ့တဲ့အနှစ်၂၀လောက်က၁၀တန်းကိုထူးချွန်စွာအောင်မြင်ခဲ့တဲ့မိန်းကလေးတဦးရှိပါတယ်။မင်းကြီးလမ်းကချမ်းသာသူတဦးကဆေးကျောင်းတက်ဖို့ရိုးသားစွာထောက်ပံ့ပေးပြီးဆရာ ၀န်ဖြစ်လာပါတယ်။ဆရာဝန်ဖြစ်တော့သူတို့သားနဲ့အိမ်ထောင်ပြုလိုက်ပြီး၊ပုသိမ်မှာဆင်းရဲသူများကြားမှာဆေးခန်းကလေးထူထောင်ပြီး၊အသက်မွေးဝမ်းကြောင်းပါတယ်။ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်းမြို့တော်များမှာ“နာမည်ကြီးထမင်းငတ်”၊ဆန်၊ငါးပုဇွန်အလွန်ထွက်ပေ မယ့်အားလုံးနိုင်ငံခြားပို့ပြီးပြည်သူလူထုကတော့ဆင်းရဲနေတဲ့မြို့ကြီးဖြစ်ပါတယ်။မြန်မာပြည်တခြားမြို့ကြီးများမှာမော်တော်ဆိုင်ကယ်အိမ်တိုင်းရှိနေကြပေမဲ့၊ပုသိမ်မြိုကမော်တော်ဆိုင် ကယ်ပိုင်ရှင်ဆိုရင်သူဌေးလို့သတ်မှတ်ပါတယ်။အဲဒီလောက်ဆင်းရဲတဲ့လူတွေကြားမှာဆရာ ၀န်မလေးကကုသိုလ်လည်းရ၊၀မ်းလည်းဝကိုယ်ပိုင်ဆေးခန်းဖွင့်ပါတယ်။စေတနာကြောင့်ဝင်ငွေအသင့်တင့်ကောင်းပြီး၊အနှစ်၂၀လောက်မှာနာမည်ကျော်ဆရာဝန်မတဦးဖြစ်လာပါတယ်။၂၀၀၇နာဂစ်မုန်တိုင်းနဲ့သံယာအရေးအခင်းနောက်ပိုင်း၊ကြံ့ဖွဲ့ပါတီပြုပြင်ပြောင်းလည်းရေးလုပ်ချိန်၊အဲဒီဆရာဝန်အမျိုးသမီးကိုလွှတ်တော်အမတ်အဖြစ်ကြံ့ဖွံ့ပါတီမှရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။

ဒါကြောင့်ကြံဖွံ့ပါတီမှာဇေကမ္ဘာဦးခင်ရွှေလိုငွေရှင်၊နအဖခေတ်ကခေတ်ပျက်သူဌေးဟောင်း
တွေလည်းလွှတ်တော်အမတ်ဖြစ်နေသော်လည်းအထက်ပါပုသိမ်မြို့ကဆရာဝန်အမျိုးသမီးလိုပြည်သူလူထုအားကိုးတဲ့စိတ်ရင်းကောင်းသူများရွှေးကောက်ထားပြီးဖြစ်ပါတယ်။ဒီလိုလူ မျိုးတွေကိုဦးသိန်းစိန်တို့ကြံ့ဖွံ့ပါတီကတိတ်ဆိတ်စွာ၊ရွေးကောက်ထားပြီး၊တိတ်ဆိတ်စွာနိုင်ငံ ရေးသင်တန်းများပေးနေပါတယ်။နိုင်ငံခြားသို့စေလွှတ်ပြီးနိုင်ငံတကာအတွေ့အကြုံယူစေပါတယ်။ပြည်တွင်းအစိုးရဌာနများကိုလည်းလေ့လာ၊သင်ကြားစေပါတယ်။၅နှစ်အကြာမှာအနီးကပ်နိုင်ငံရေးပို့ချမှုနဲ့၊အာဏာပိုင်များရဲ့ငွေအား၊လူအားပံ့ပိုးမှုကြောင့်ယခင်ကဆေးဆရာဝန်အမျိုးသမီးလေးကို  ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အ၀ါနဲ့ ၀င်ပြိုင်မဲ့သူအနေနဲ့ ၁၉၉၀၊ ၂၀၁၁ရွေးကောက်ပွဲတုန်းကလို အလွယ်တကူ အနိုင်ရပါ့မလား ဆိုတာ စဉ်းစား စရာရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ
တရားမျှတစွာရွေးကောက်တယ်ဆိုတဲ့အမေရိကန်မှာမီဒီယာနဲ့မဲကြိုတင်ခန့်မှန်းတဲ့အဖွဲ့တွေရဲ့မှန်းဆမှုတွေဟာအလွန်မှန်ကန်နေတာကိုတွေ့ရပါတယ်။အမေရိကန်တွေကဒီမိုကရက်ဆိုဒီမိုကရက်ပဲပေးလေ့ရှိပြီး၊စိတ်ပြောင်းသွားမှုနည်းပါတယ်။ပညာတတ်တော့မဲပေးခါနီးမှရီပတ်ဘလင်ကန်သမ္မတလောင်း၊အိမ်လာလည်သွားလို့ရီပတ်ဘလစ်ကန်ကိုမဲပြောင်းပေးတာမျိုးနည်းပါလိမ့်မယ်။သို့သော်ပုဂ္ဂိုလ်ရေးခင်မင်လွန်းပြီး၊ဘွဲ့မရ၊ကျေးလက်လူများစုဟာဦးသိန်းစိန်ကို ကြံ့ဖွံ့ကိုမဲပေးမလား၊အန်င်အယ်ဒီကိုမဲပေးမလားမသိနိုင်ပါ။အဝေးကြီးလိုသေးတဲ့၂၀၁၅အ တွက်ကြံ့ဖွံ့ကိုလျှော့တွက်လို့မရကြောင်းပါ။ကျွန်တော်တို့မြန်မာအများစုဟာအပြောင်းအလဲလိုလားပြီးတိုင်းပြည်ကိုဝုန်းကနဲထောင်တက်စေချင်ပါတယ်။နှစ်၅၀လောက်စစ်တပ်အစိုးရ ကြောင့်တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ရတော့အတိုက်အခံများကပိုလုပ်နိုင်မယ်မျှော်လင့်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်လိုကမ္ဘာ၊မြန်မာအားလုံးလေးစား၊စစ်အစိုးရရဲ့ဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်းကလည်းသူမရဲ့မွေးဖခင်အရင်းချာ...ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ
အန်င်အယ်ဒီအမတ်တွေကအလွယ်တကူအနိုင်ရရှိခြင်းဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့အန်င်အယ်ဒီအတွင်းညီညွတ်မှုရရှိရေးအတွက်လူမှန်၊နေရာမှန်ရရှိဖို့ပါပဲ။လူတော်လူကောင်းများစွာကိုကြံ့ဖွံ့ကလွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံစေပြီး၊အ ခန့်သားမထိုင်ခိုင်းဘဲပြည်သူကြားကိုဝင်နေစေပါပြီ။

လူမှန်နေရာမှန် အမတ်လောင်းရွေးချယ်မှု
၁၉၉၀ရွေးကောက်ပွဲတုန်းကရပ်ရွာကဘာမှန်းမသိ၊ဗဟိုကချပေးလိုက်တဲ့အမတ်လောင်းကို ပြည်သူတွေကတခဲနက်မဲပေးကြတယ်။ကျွန်တော်ဇနီးသည်တို့ဧရာဝတီတိုင်းမှာလည်ဝယ်တဲ့လူတချို့ဒေသခံအင်အယ်ဒီပါတီခေါင်းဆောင်များနဲ့ပေါင်းသင်းပြီး၊အမတ်လောင်းရွေးခံရ တယ်။လိင်၊လာဘ်၊လောင်းကစား၊အရှုပ်အရှင်းရှိသူများအမတ်လောင်းဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရွေးထားတဲ့လူဆိုပြီးဝိုင်းမဲပေးတော့အမတ် အဖြစ်အရွေးခံရပါတယ်။

စင်ကာပူမှာ အတိုက်အခံပါတီတခု Workers' Party က အာဏာရ ၀န်ကြီးချုပ် လီရှန်လုန်းရဲ့ PAP ပါတီကို ယှဉ်ပြိုင်ဖို့ အမတ်လောင်းတဦး Yaw Shin Leong, ကို ရွေးချယ်ပြီး၊ အာဏာရပါတီနဲ့ မဲပြိုင်ကြပါတယ်။ Workers's ပါတီက စင်ကာပူသမိုင်းဝင် အမတ်နေရာ ၁၀ ရာနှုန်းလောက် (အမတ် ၆ဦး၊ NCMP အမတ် ၂ ဦး၊ စုစုပေါင်း ၈ဦး)အနိုင်ရရှိခဲ့ပါတယ်။ စင်ကာပူသမိုင်းမှာအတိုက်အခံများတယောက်၊ နှစ်ယောက်လောက် ပဲ အရွေးခံရလေ့ရှိတာ ၂၀၁၁ ရွေးကောက်ပွဲမှာ အာဏာရ PAP ပါတီ အရှိုက်ထိုးခံရပါတယ်။

အတိုက်ခံ Workers' Party ကအမတ်တဦး Yaw Shin Leong, MP for Hougang SMC,ကို အမတ် လောင်း အဖြစ် ရွေးခဲ့စဉ်က လူတော်လူကောင်း တယောက်လို့ မြင်ခဲ့ပါတယ်။  အခု အမတ်အဖြစ် ရွေးခဲ့ပြီး တနှစ်အတွင်းမှာ ဒီလူ လိင်ကိစ္စ လျှို့ဝှက်စွာ မိန်းမရှုပ်နေတယ် ဆိုတာ မီဒီယာတွေလက်ထဲ ရောက်သွားပြီး၊ လွှတ်တော်အမတ်ဘ၀ နှုတ်ထွက်ရရှာတယ်။ ဟိုး.. ဟိုး တုန်းကပါဆိုလည်း လိင်ကိစ္စဆိုတာ စင်ကာပူ၊ အမေရိကားဒီမိုကရေစီနိုင်ငံတွေမှာ လက်မှမခံပဲကိုး၊ လိင်စိတ်ဝင်စားပြီး ရှုပ်ချင်ရင် စီးပွားရေးသမား ပဲ လုပ်ပါဆိုပြီး Workers' Party မှ ၂၀၁၂ မှာထုတ်ပယ်ပစ်လိုက်တယ်။  စင်ကာပူအတိုက်ခံပါတီကြီး တလူလူ လွှင့်ထူစ အခြေအနေမှာပဲ အရှိုက်ထိုးခံလိုက်ရတယ်။ လက်ရှိအာဏာရ အစိုးရပါတီက ငြိမ်နေတယ် ဆိုပေ မဲ့ သူတို့ထောက်လှမ်းရေးက မီဒီယာကို တို့ပြီး သတင်းပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပါတီ နိုင်ငံရေး ဆိုတာ ညစ်ပတ်တာတွေ ရှိနေမှာပါ။







 




အသေးအမွှားများလည်း အရေးပါနေတတ်ခြင်း
NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလည်း  ပါတီဝင်များက အခြေခံဥပဒေနဲ့ဆက်စပ်နေတဲ့ ကျမ်းကျိန်စာ သား တလုံးကို ပြောင်းပေးမှ လွှတ်တော်တက်မယ် .. အကြပ်ကိုင်ခဲ့ဖူးပါတယ်။ စာရေးသူအနေနဲ့ဆိုရင် အသေးအမွှားကို ကဂျီကဂျောင်ကျပြီး NLD အများမဲဆန္ဒနဲ့ ကန့်ကွတ်ခဲ့ခြင်းလို့ မြင်ပါတယ်။ တနည်း အားဖြင့်ပြောရရင် နိုင်ငံရေး အားစမ်းမှုတခုပါ။ အဲဒီတုန်းက သမ္မတဦးသိန်းစိန် စကားတခွန်းပြောပါတယ်။ ပါတီကိုကြည့်မလား၊ နိုင်ငံကို ကြည့်မလား ... ဆိုတော့ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ အသေးအမွှားလေး တခုကို အချိန်ကုန်၊ အလုပ်ရှုပ်… ပြီးတော့လည်း ပြီးသွားတာပါပဲ။

သတင်းစာဆရာကြီးကြေးမုံဦးသောင်း ရေးခဲ့တာကို မှတ်မိပါသေးတယ်။ ၀န်ကြီးချုပ်ဦးနု ၁၉၅၉က ဗိုလ်ချုပ် နေ၀င်းကို အိမ်စောင့်အစိုးရ အာဏာလွှဲပေးတော့ ဗိုလ်ချုပ်နေ၀င်းရဲ့ ပထမဆုံး အမိန့်စာက "(အမဲသား အတွက်) နွားသတ်ခွင့်ပြုသည်"  ဆိုတဲ့အမိန့်စာပါ။ ၁၉၆၁ ဦးနု ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာ တဲ့ အချိန်ပထမဆုံးသော အမိန့်စာက "နွားသတ်ခွင့်မပြု"  ဆိုပဲ။ ဦးနုက ဘာသာရေးသမားဆိုတော့ နွားတွေကို သနားတယ်လေ။  ၁၉၆၂ ဗိုလ်ချုပ်နေ၀င်းအပြတ်အာဏာသိမ်းလိုက်ပြီးစစ်အာဏာရှင်စနစ် အစပျိုးလိုက်တဲ့ အချိန်ပထမဆုံး ထုတ်ပြန်လိုက်တဲ့ အမိန့်စာကတော့ အားလုံးသိပါတယ် ... "နွားသတ်ခွင့်ပြုသည်" .. ဆိုပဲ။ ပုဂ္ဂိုလ်ရေး အသေးအမွှားတွေကို တခါတရံ အထူးသဖြင့် မြန်မာလူမျိုးများက ရှေ့တန်းတင်တတ်ပါတယ်။

မြန်မာပြည်အတွက် လူမှန်၊ နေရာမှန် လုပ်နိုင်ဖို့ရာ အတိုက်အခံ ကောင်းကောင်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီစနစ်က ဘယ်လိုပုံစံကို သွားနေပါသလဲ။ အမေရိကန် ဒီမိုကရေစီ ပုံစံလား၊ တရုပ်၊ ဂျပန်၊ ကိုးရီးယားပုံစံလား၊ လောလောဆယ် ပြောင်းလဲပြီး ဥရောပဘုံဈေးမှာ သူဌေးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက် ရ တဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရေစီလား၊ ၁၈နှစ်တာ ပြောင်းလဲခဲ့ပြီး လူထုက မချမ်းသာပေမဲ့ ရောင့်ရဲတတ်တဲ့ ဗီယက်နမ်ဒီမိုကရေစီလား .. စာရေးသူအဖို့ သေချာတာကတော့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ပဲ ဖြစ်မယ် လို့ မျှော်လင့်ပါတယ်။

အာဏာရပါတီ ကြံ့ဖွံ့နဲ့ အတိုက်အခံ အန်င်အယ်ဒီတို့ တရားမျှတသော ယှဉ်ပြိုင်မှု ယခုမှ စတင်ပြီး ၂၀၁၅ အထိ ကမ္ဘာမှာ မြန်မာ မကျော်ကြားခင်၊ အရှေ့တောင်အာရှနိုင်ငံတွေကို ဗီဇာမလိုပဲ သွားနိုင်အောင် လုပ် ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ဝတ်မှုံ (စင်ကာပူ)



No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။