Monday, May 28, 2012

ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း

ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကိုထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာ စံချိန် သစ် များအားလုံးကိုမြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

(၁)အာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအားကမ္ဘာ့အခြားနိုင်ငံများကြးထဲတွင်ထင်ရှားစွာမြင်တွေ့နိုင်သော တစ်ခုထဲသာရှိသောနိုင်ငံအဖြစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။မီးများထိန်ထိန်လင်းနေသောကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့်အခြားနိုင်ငံများကိုကျော်လွန်ပြီးအာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအား ဂုဏ်ယူ ဖွယ်ရာထင်ရှားစွာမြင်တွေ့ရခြင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။

(၂)ကမ္ဘာ့အကောင်းဆုံးအလုပ်အကိုင်အဖြစ်မြန်မာနိုင်ငံ၏အစိုးရအဖွဲ့ဝန်ကြီးရာထူးများအားကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။ဝင်ငွေအလွန်ကောင်းပြီးပြောချင်ရာပြော၊လုပ်ချင်ရာလုပ်လို့ရပြီး တာဝန်လည်းယူစရာမလိုသောကြောင့်ဤလိုအလုပ်မျိုးတခြားနိုင်ငံများတွင်မရှိသောကြောင့်ယခုနှစ်ကမ္ဘာ့စံ ချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ် သည်။

အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်းအပေါ်အသင်းသားများဆန္ဒဖော်ထုတ်

အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက် လုပ် ခြင်း အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင်  သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသား တစ်ဦး ဖြစ် သူ ကိုတင်ထက်ကို က ပြောသည်။

တရုတ်နယ်စပ် ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တခုအကြောင်း

မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက် ထားသော စက် တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ်သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine)ကို မြင်နေရသည်။ တောင်ကုန်းတောင်တန်းအတွင်းရှိ မြေအောက်သတ္တုကြော ကို ထိ အောင်အပေါ်ယံမြေသားကိုလှန်ထပ်ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ်အဖြစ် ဖေါက်တည်ထား သည်။ တချို့ နေရာများတွင်တောင်ကုန်းနံရံများကို တူးဆွဖေါက်ချ ပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တု တွင်း ကို ဖဲ့ခြစ်ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ် သဏ္ဌာန် မြေပြင်မှာ ကျန်နေ ခဲ့ သည်။
Read More