အသင်းပိုင်မြေကွက်ပေါ်တွင်
အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက် လုပ် ခြင်း အပေါ်
ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ်
ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင် သမအသင်းသားများ
ဆန္ဒဖေါ်ထုတ်ခဲ့သည်။
"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသား တစ်ဦး ဖြစ် သူ ကိုတင်ထက်ကို က ပြောသည်။အဆိုပါကန်ထရိုက်တိုက်အားပန်းချယ်ရီဆောက်လုပ်ရေးမှတာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုလူနေ ထိုင်ခွင့်ရရှိရန် အတွက် အသင်းသားများအားလက်မှတ်ထိုးပေးရန် မြို့နယ်သမ၀ါယမ ဦးစီးမှုးက ခေါ်ယူရာမှ ပြေလည်မှု မရရှိဘဲ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။
စမ်းချောင်းမြို့နယ် သမ၀ါယမဦးစီးအရာရှိ ဦးအေးဝင်းက " အထက်ကလုပ်တာ၊ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှုးတို့ လာမှ ရှင်းကြ၊ ကျွန်တော်တို့အဆင့်နဲ့က ရှင်းလို့မရဘူး "ဟုပြောသည်။
စမ်းချောင်းမြို့နယ် ကျွန်းတော သမ၀ါယမ အသင်းအား ၁၉၄၇ ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် တစ်ကျပ် နှုန်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားများ ၏ အစုရှယ်ယာငွေဖြင့် အဆိုပါမြေကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ် သည်။

(YPI)
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။