Sunday, November 30, 2014

အန္တရာယ်များတဲ့ နှစ်ပါးသွားနိုင်ငံရေး

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း
တို့ကြားမှာ မမြင်နိုင်တဲ့ နိုင်ငံရေးအပေးအယူတွေ ရှိနေသလားဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဝေဖန်သုံးသပ်မေးခွန်း ထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံမှာ
ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ
မတိုင်မီ မပြင်ဆင်နိုင်တော့ဘဲ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်သစ်က ဆက်လက်ဆောင်ရွက် အတည်ပြုသွားနိုင်မယ်လို့ ထုတ်ပြန်ပြောဆိုလိုက်တာမို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံလိုက်ရပါတယ်။

Thursday, November 20, 2014

လူ့အခွင့်အရေးအလွဲသုံးစားမှုကုလသမဂ္ဂစွတ်စွဲချက်အပေါ် မြောက်ကိုရီးယားနိုင်ငံကနျူကလီယားစမ်းသပ်မှုအသစ်ပြုလုပ်မည်ဟု ခြိမ်းခြောက်





ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီကနေ မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အ ရေးအခြေအနေတွေနဲ့ပတ်သက်လို့ရှုတ်ချမှုကိုတုန့်ပြန်တဲ့အနေနဲ့
ေေ မြောက်ကိုရီးယားနိုင်ငံက နျူကလီယားစမ်းသပ်မှုအသစ်တစ်ခုလုပ်မယ်လို့ ခြိမ်းခြောက်နေ
ပါတယ်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုရဲ့ တွေ့ရှိချက်အပေါ်အခြေခံခဲ့ပြီးကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ မြောက်ကိုရီးယားနိုင်ငံကိုလူမဆန်တဲ့ရာဇ၀တ်မှုတွေကျူးးလွန်ခဲ့တယ်
ဆိုပြီးနိုင်ငံတကာရာဇ၀တ်တရားရုံးကိုတင်ဖို့ထောက်ခံဆုံးဖြတ်ခဲ့ပါတယ်။