Thursday, August 30, 2012

မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေးအရလဲလှယ်မည်

{ရှန်စီးပြည်နယ် တိုင်းယွမ်မြို့ရှိ တိုင်းယွမ် တိရစ္ဆာန်ဥယျာဉ်တွင် အလှပြနေသော ပင်လယ်ဖျံကို တွေ့ရစဉ်}

မြန်မာ့သစ်လုပ်ငန်းမှဆင်နှစ်ကောင်နှင့်တရုတ်နိုင်ငံမှပင်လယ်ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံ
ချစ်ကြည်ရေး အရလဲလှယ်သွားမည်ဖြစ်ကြောင်းထူး (Zoo & Gardens Business Unit) မှ
သိရသည်။

အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန်အတွက်အဆောက်အအုံများဆောက်လုပ်ပြီးဖြစ်ကြောင်းသိရသည်။

ပြည်သူတွေကလည်း မေးခွန်းတွေမေးကြပါဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြား၊

အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်ကျင်းပဆဲပြည်သူ့လွှတ်တော်
အစည်းအဝေးများကိုပုံမှန်တက်ရောက်ရင်းအားလပ်သောအချိန်၌ပြုလုပ်သောဥတ္တရ
သီရိမြို့နယ်ဒေသခံပြည်သူများတွေဆုံပွဲတွင်ပြည်သူများရဲ့ ကြုံတွေ့ရင်ဆိုင်နေ ရတဲ့ဒုက္ခ
များနှင့် ပက်ပြီးဤသို့ပြောကြားလိုက်သည်။ 'အားလုံးကိုဖြည့်ဆည်းပေးနိုင်မယ်လို့ ကျမတို့
မပြောပါဘူး၊ တတ်နိုင်သလောက်တော့မဖြည့်ဆည်းပေးနိုင်ရင်တောင်မှဘာကြောင့်မ
လုပ်ပေးနိုင်ဘူးဆိုတာကိုတော့ကျမတို့ပြည်သူတွေကိုရှင်းပြပါမယ်။အဲဒီတော့ဒါဟာ ပြည်သူ
ရဲ့ထောက်ခံမှုကို တောင်းခံတဲ့လူတိုင်းမှာရှိတဲ့တာဝန်ပါ။ ရှင်းပြရမယ်။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသက ယုဇနကုမ္ပဏီက သိမ်းထားသည့်လယ်မြေများ အကုန် ပြန်ပေးမည်

ယုဇနကုမ္ပဏီကသိမ်းထားသည့်ကချင်ပြည်နယ်ဟူးကောင်း ဒေသမှတရားစွဲဆိုထားသည့်
လယ်မြေများကိုအလုံးစုံပြန်လည် ပေးမည်ဟုကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြောင်းသိ
ရသည်။

ဩဂုတ်၃ဝရက်နေ့တွင်ရန်ကုန်မြို့အဆိုပါ ကုမ္ပဏီရုံးချုပ်ရှေ့တွင်ဟူးကောင်းဒေသခံ
တောင်သူများဆန္ဒပြရန်စီစဉ်ထားစဉ်ဦးဌေးမြင့်ကယင်းတောင်သူများအားခေါ်ယူညှိုနှိုင်း
ခဲ့ခြင်းဖြစ်သည့်အတွက်ဆန္ဒပြပွဲမဖြစ် မြောက်ခဲ့ခြင်း ဖြစ်ကြောင်းဦးဆောင်သူ ဒေါ်ဘောက်
ဂျာကပြောသည်။

Monday, August 27, 2012

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက် စိတ်ကူးယဉ်အိပ်မက်

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက်စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်လိမ့်မယ်
အခုတလောလွှတ်တော်ထဲမှာဒုတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချ
ုပ်နဲ့ပတ်သက်တဲ့ပါတီတွင်းမကျေနပ်မှုသတင်းတွေဆက်တိုက်
ဆိုသလို ကြားနေရတယ်။ ကော့သောင်း၊ မြောင်းမြ၊ တွံတေးနဲ့ဂန့်ဂေါ်တို့မှာပါတီ
တွင်းမကျေနပ်မှုတွေ ဖြစ်လို့ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

“ မြို့နယ်က (၁၅)ဦး ခရိုင်က (၁၅)ဦး ပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ်ညီလာခံကျင်းပရေး
ကော်မရှင်ကိုဇူလိုင် (၁၅) ရက်နေ့က ကော့သောင်းမြို့ဝေလရိပ်စားသောက်ဆိုင်
မှာဖွဲ့စည်းခဲ့တာဟာဒီမိုကရေစီနည်းလမ်းမကျလို့ ပြန်လည်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြတာပါလို့” ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်းမကျေနပ်မှုအခြေအနေနဲ့
ဆန္ဒဖော်ထုတ်မှုအခြေအနေကို မြို့နယ်ဥက္ကဌဟောင်းလည်းဖြစ်
မြို့နယ်လူမှု
အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်ကပြောဆိုပါတယ်“။ဒီသတင်း
ကို သြဂုတ်လ(၁၉)ရက်နေ့မှာအာရ်အက်ဖ်အေသတင်းဌာနကလည်းထုတ်လွှင့်သွား
တာနားထောင်လိုက်ရပါတယ်။ Facebook တွေမှာလည်းဖတ်ရပါတယ်။

Monday, August 20, 2012

ခရီးသွားအမည်ခံနိုင်ငံခြားသားနှစ်ဦး ဥပဒေချိုးဖောက်နေ

ဥပဒေချိုးဖောက်ပြီးဓာတ်ပုံတွေရိုက်နေတဲ့နိုင်ငံခြားသားစုံတွဲ

စစ်တွေတွင်လွန်ခဲ့သည့်ရက်အနည်းငယ်ကကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားနှစ်ဦးသည်
(မိန်းမကပါကစ္စတန်နိုင်ငံသူကုလားမ)ကန့်သတ်တားမြစ်နယ်မြေထဲသို့ဝင်ရောက်ရန်ကြိုး
ပမ်းမှုဖြင့်ဒေသခံလုံခြုံရေးတပ်ဖွဲ့များနှင့်အချင်းများခဲ့ကြသည်။

အဆိုပါကိစ္စအားအမှတ်(၁)ရဲစခန်းတွင်ခေါ်ယူပြီးသတိပေးတားမြစ်သော်လည်းဆက်လက်
ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဆက်လက်ပြီးအချင်းများခဲ့သည်။
အဆိုပါနှစ်ဦးမှာလုံခြုံရေးများကိုပင်အားမနာမထီလေးစားပြုလုပ်ခဲ့ကြောင်းသိရသည်။၎င်း
တို့နှစ်ဦးသည်သာမန်ကမ္ဘာလှည့်ခရီးသည်များတို့အမူအကျင့်နှင့်မတူပဲစစ်တွေမြို့ရှိအပြို
အပျက်ဟူသမျှကိုလိုက်လံရှာဖွေပြီးဓာတ်ပုံရိုက်ကူးမှုပြုလုပ်နေပြီးတားမြစ်ထားသည့်ကုလား
ရွာများထဲသို့ ၀င်ရောက်ရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်ဟုသိရသည်။

Saturday, August 11, 2012

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ
သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်း
အလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။ ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမား
ဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှယုတ်လျှော့
ဖွယ်မရှိဟုထပ်ဆင့်စုံစမ်းသိရှိရသည်။ ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ပေါ်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Friday, August 10, 2012

ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာမှ ကျောင်းအုပ်ဆရာကြီး၏ အဓမ္မမှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်းရွာအခြေခံပညာမူလတန်းကျောင်း မှ ကျောင်းအုပ်ဖြစ်သူဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးငယ်များအပေါ် မဖွယ် မရာကိစ္စများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။  ဖြစ်စဉ်မှာ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည်ကျောင်းသူကလေးများကိုသူ၏ရုံးခန်းအတွင်းသို့ ခေါ်ယူကာပထမ တွင်ဆံပင်ဖြူနှုတ်ခိုင်းသည်ဟုသိရပါသည်။ထို့သို့ဆံပင်ဖြူနှုတ်ပေးနေသော ကျောင်းသူ ကလေးများအား ဘောင်းဘီ၊ စကတ်များကိုဆွဲချွတ်ကာမဖွယ်မရာကိစ္စများကိုလက်ဖြင့်ကျူး
လွန်ကြောင်း သိရပါသည်။

ထို့သို့မဖွယ်မရာလုပ်သည့်ကိစ္စများကို ပြုလုပ်ကြောင်းလူကြီးမိဘများအားတိုင်ကြားပါက --

 စာမေးပွဲချမည်၊ အိမ်ကို မီးရှို့မည် --- ဟုခြိမ်းခြောက်ကြောင်းကျောင်းသူကလေးများ၏ 
 ပြန်လည်ပြောကြားချက်အရသိရပါသည်။ ကျောင်းသူကလေးများအားမဖွယ်မရာကိစ္စ
များကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ထိုဖြစ်စဉ်ကိုဒီပဲယင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးထံသို့တိုင်တန်းခဲ့ရာ မြို့နယ်ပညာရေးမှူး

ကထိုကိစ္စကို29.7.2012 နေ့တွင်ဘုတ်(board)အဖွဲ့ဖွဲ့ကာစစ်ဆေးခဲ့သော်လည်းစစ်ဆေးချက်များ ကိုမူအတည်မပြုကြောင်းသိရပါသည်။မြို့နယ်ပညာရေးမှူးမှထိုကိစ္စကိုထိထိရောက်ရောက်
ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ဒီပဲယင်းမြို့နယ်၊မူးကန်း၇ဲစခန်းသို့ တိုင်ကြားခဲ့ရာဆက်လက်
စုံစမ်းစစ်ဆေးနေကြောင်း သိရပါသည်။

ထို့သို့လူမဆန်၊သားသမီးချင်းကိုယ်ချင်းမစာနာ၊ဆရာကျင့်ဝတ်နှင့်မညီဘဲမိမိတပည့်ကလေး
များ အပေါ်အဓမ္မမှုကျူးလွန်ခဲ့သော ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်ဦးအားမည်သို့အရေး
ယူမည်ကိုမသိရသေးပါ။

သက်ဆိုင်ရာ ကျောင်းသားမိဘများကထိုကိစ္စကိုအမြန်ဆောင်ရွက်ပေးနိုင်ရန်တရားရုံးအဆင့်
ဆင့်သို့တိုင်ကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။

မြန်မာသံအမတ်ကိုနှင်ထုတ်ရန်အင်ဒိုနီးရှားဆန္ဒပြသူများ ကတောင်းဆို

အင်ဒိုနီးရှားရှိမြန်မာသံရုံးရှေ့ဆန္ဒပြနေသူများ

မူစလင်ရိုဟင်ဂျာများအားမြန်မာနိုင်ငံတွင်ဆက်ဆံမှုနှင့်ပတ်သက်ပြီးမြန်မာသံအမတ်အားအင်ဒိုနီးရှားနိုင်ငံ မှနှင်ထုတ်ရန် အင်ဒိုနီးရှားမြို့တော်ရှိမြန်မာသံရုံးပြင်ပ၌ ဆန္ဒပြ ခဲ့သူလူ ၁ဝဝခန့်တောင်းဆိုခဲ့သည်။ ဆန္ဒပြသူ များ သည် အနီရောင်ဖြင့် Save the Rohingya ဟုရေးသားထားသည့်အဖြူရောင်ခေါင်းစည်း များဝတ်ဆင်ခဲ့ကာ Stop the violence ဟုရေးသားထားသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို Rohingya Solidarity Society  ဟုခေါ်သည့်အုပ်စုတစ်ခုကစီစဉ်ခဲ့ကာ မြန်မာအစိုးရကရိုဟင်ဂျာများကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်သတင်းထုတ်ပြန်
ချက်၌တောင်းဆိုခဲ့သည်။ဆန္ဒပြသူများအနက်မှအချို့ကသံရုံးအတွင်းသို့ကြက်ဥများဖြင့်ပစ်
ပေါက်ခဲ့ကာ၂ဝ၁၄ခုနှစ်တွင်မြန်မာနိုင်ငံအားအာဆီယံဥက္ကဋ္ဌရာထူးအတွက်ထောက်ခံပေး
ခြင်းအားရုပ်သိမ်းပေးရန်နှင့်မြန်မာသံအမတ်အားနိုင်ငံမှနှင်ထုတ်ရန်အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono သို့တောင်းဆို ခဲ့သည်။

Tuesday, August 7, 2012

မိန်းမအများကြီးယူထားသူများသတိထား


 မိန်းမ၆ယောက်ယူထားသည့်နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကိုဇနီးများအားလုံးကလိင်ဆက်ဆံခိုင်းရာမှ သေဆုံးသွားခဲ့ကြောင်း Daily Post သတင်းတွင်ဖော်ပြခဲ့သည်။ Uroko Onojaအမည်ရှိ နိုင်ဂျီးရီးယားနိုင်ငံသားသည်ချမ်းသာလာခဲ့ပြီးနောက်မိန်းမ၆ဦးကိုလက်ထပ်ခဲ့သည်ဟု
ဆိုသည်။
သူ၏အငယ်ဆုံးဇနီးဖြစ်သူ၏အခန်းတွင်းသို့ဝင်ရောက်သွားခဲ့သည့်အချိန်တွင်အခြားဇနီး ၅ဦးက၄င်းထံသို့ဓားများကိုင်ဆောင်ကာရောက်လာပြီးသ၀န်တိုစွာဖြင့်ရိုက်နှက်ကာ၎င်းတို့အားလိင်ဆက်ဆံခိုင်းသည် ဟုသတင်း၌ဖော်ပြခဲ့သည်။
ဇနီး ၄ဦးနှင့်လိင်ဆက်ဆံပြီးနောက်ပဉ္စမမြောက်ဇနီးနှင့်လိင်ဆက်ဆံနေစဉ် Onoja သည်အသက်ရှုရပ် သွားခဲ့သည်။သူသေဆုံးသွားခဲ့သည်ကိုမြင်ခဲ့ပြီးအခြားဇနီး ၅ဦးတို့သည်ထွက်ပြေးသွားခဲ့သည်ဟု အငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
သူမ၏ခင်ပွန်းဖြစ်သူသည်အသက်ရှုရပ်သွားခဲ့သည့်အချိန်တွင်သူမတို့အားလုံးကရယ်မော
နေကြောင်း၊သူမကအသက်ပြန်ရှုလာအောင်မလုပ်နိုင်သည့်အချိန်တွင်သူတို့အားလုံးတောတွင်းသို့ထွက်ပြေးသွားကြသည်ဟုအငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
ဇနီး၂ယောက်ကိုရဲကဖမ်းထားခဲ့ပြီးအခြားဇနီးများကိုရှာနေဆဲဟုသတင်းများတွင်ဖော်ပြခဲ့
သည်။

Source : hurriyetdailynews

Monday, August 6, 2012

ဟုမ္မလင်း မြို့နယ် က တောင်သူလယ်သမားများရဲ ဒုက္ခ

စစ်ကိုင်းတိုင်းဒေ သကြီး ဟုမ္မလင်းမြို့နယ် နန်းမီးလူး ချောင်းပေါ်မှာ ဦးမောင်ရွှေ
( မြင်သာရွာ)ဦးထွန်းလှိုင် (ခံကပ်ရွာ)ဦးစန်းမောင် (ပင်းမခေါ် ရွာ)အစရှိတဲ့ ရွာများမှ မျှောသမားဦးပေါင်း (၂၀)ခန့် ဟာ ချောင်းရေကို အသုံးပြု့ ပြီးရွှေမျာတိုက်နေတဲ့အတွက် ချောင်းရေကိုအမှီင်္ပြုပြီး စပါးစိုက်နေရတဲ့ တောင်သူတွေ ဒုက္ခ ရောက်နေကြပါတယ် ။

ကျောက်တော်မြို့နယ်တွင် မီးရှို့မူများ ပေါ်ပေါက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်ရခိုင်နှင့်မွတ်ဆလင်များအကြားးတဘက်နှင့်တစ်ဘက်အပြန် အလှန် မီးရှို့မူ များ ပေါ်ပေါက်နေကြောင်း  သတင်း ရရှိသည်။

ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြန်အလှန်မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာဒေသအတွင်းတာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း  အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

Sunday, August 5, 2012

အစ္စလမ် virus (အပိုင်း-၁)

မြန်မာနိုင်ငံနဲ့ မြန်မာမျိုးနွယ်တိုင်းရင်းသား အားလုံးအတွက် အခုအချိန်ဟာ အင်မတန် အရေးကြီးနေပါပြီ။

တစ်ချက်မှားတာနဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်အားလုံးရဲ့အနာဂတ်ဟာ ရှေးရှေး ကဗုဒ္ဓဘာ သာနောင်တော် နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ အာဖဂန်၊ ပါဂစ္စတန် တို့ ရဲ့ ပျက်စီးခြင်းလမ်းစဉ်ကို လိုက်သွားရ ပါ လိမ့်မယ်။

သန်း ၆၀လောက် ရှိတဲ့ မြန်မာတိုင်းရင်းသားတွေ မညီညွတ်တဲ့ အခါ သန်း၁၇၀ကျော် ဘင်္ဂလီမွတ်ဆလင် တို့ အတွက် မြန်မာနိုင်ငံကို islamize လုပ်ရတာ ပုရွက်ဆိတ်ကို အမှုန့် ချေသတ်ရသလောက် ကို လွယ်သွား ပါလိမ့်မယ်။

၂၀၁၂ အိုလံပစ်တွင်မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု

အင်္ဂလန်နိင်ငံ၌ကျင်းပနေသည့်အိုလံပစ်ပွဲတော်အတွင်းအစ္စလမ်အယူအဆနင့်မှုဆလင်ဆိုတဲ့လူတွေရဲ့ အယူသီးမှု အစွန်းရောက်မှု အကြမ်းဖက်မှု
သတ်ဖြတ်မှု မဟုတ်မမှန်သတင်းထုတ်လွင့်မှု ဘာသာခြားတို့၏
အဆောက်အအုံများအားဖျက်ဆီးမှု မိန်းမများအားလူမဆန်စွာနိင်ထက်စီးနင်း
ချုပ်ချယ်ထားမှုများအားနိင်ငံတကာမှအိုလံပစ်ပွဲလာပရိတ်သတ်အလယ်၌
မှုဆလင်ကုလားတွေရဲ့ဆိုးသွမ်းယုတ်မာမှုများအားဆန္ဒဖေါ်ထုတ်နေသည့်
အင်္ဂလန်နိင်ငံသားလူဖြူများအားတွေ့ရစဉ်...

ရန်ကုန်မြို့တွင်ပြေးဆွဲရန်ခရီးသည်တင်ကား ၃၀၀ကိုဂျပန်နိုင်ငံမှ တင်သွင်းမည်

လက်ရှိပြေးဆွဲလျက်ရှိသည့်ခရီးသည်တင်ယာဉ်အိုယာဉ်ဟောင်းများနေရာတွင်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အရှေ့တိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့ပူးပေါင်း၍ရန်ကုန်မြို့အတွင်းပြေးဆွဲရန်ဂျပန်နိုင်ငံမှ ခေတ်မီ ဘတ်စ်ကားပေါင်း ၃၀၀ခန့်တင်သွင်းသွားမည်ဟုသိရသည်။ အဆိုပါခေတ်မီဘတ်စ်ကားစီးရေ ၃၀၀သည် သုံးလအတွင်းပထမအသုတ်အဖြစ်စီးရေ၃၀၀တင်သွင်းမည်ဖြစ်ပြီးဆက်လက်၍အငှားယာဉ် ပြေးဆွဲရေးအ တွက် ဆလွန်း၊ ဗင်၊ ၀က်ဂွန်နှင့်ပရိုဘောက်ကားများနှင့် ၄တန်၊ ၁၀တန်ကားများ ကို လည်းတင်သွင်းသွား မည်ဖြစ်ကြောင်းသိရသည်။

Saturday, August 4, 2012

အလုပ်လက်မဲ့လူငယ်များ အလုပ်အကိုင်ရရှိရေးကူညီမည်

Generation Wave အဖွဲ့မှ လူမှုရေးလုပ်ငန်းများလုပ်မည့်လူငယ်များဖြင့်ဖွဲ့စည်းထားသည့် Golden Generation (GG) အဖွဲ့က အလုပ်လက်မဲ့လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် ကူညီသွား မည်ဖြစ် သည်။

လူငယ်များဖြင့်ဖွဲ့စည်းထားသည့် ၄င်းအဖွဲ့သည်တစ်လလျှင် တစ်ထောင်ကျပ်စုဆောင်းပြီး လူမှုရေးလုပ် ငန်းများဆောင်ရွက်နေကာ အလှူငွေပုံမှန်ထည့်ဝင်သူ ၈၀ဦးခန့်ရှိပြီး အချိန်ပြည့်လှုပ်ရှားဆောင်ရွက်နေသူ ၅၀ဦးခန့်ရှိသည်။

Friday, August 3, 2012

ယူကြဦးမလား ငါးထောင်တန်

နေကား ပြင်းပြင်းပူ၏။ ယင်းအပူကား ရှင်မင်းယာ၏ ခြေလှမ်းများကို မဟန့်တားနိုင်ပါချေ။ ရွှင်မြူးလန်းဆန်းနေသော ရှင်မင်းယာ တစ်ယောက်ကား ငါးထောင်တန်တစ်ထပ်ကို လက်ထဲဝယ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖလန်းဖလန်းနှင့် ဟမ်းဖုန်းအဝယ်ထွက်လာချေ၏။ယနေ့ ကား ငါးထောင်တန်ဖုန်းများ ပထမဆုံး ရောင်းချသော နေ့ပေတည်း။
.
'အို .. ဘာတဲ့။ ငါးထောင်တန်ဖုန်းတဲ့။ တသက်နဲ့ တကိုယ် ဟမ်းဖုန်းလေးတော့ကိုင်ဖူးတယ် ရှိအောင် ဝယ်ကိုင်လိုက်ဦးမယ်။'
.
ဟမ်းဖုန်းအရောင်းဆိုင်ကြီးကားခမ်းနားလှချေသည်။ဆိုင်တွင်းဝယ် အရောင်စုံ၊ဒီဇိုင်းစုံ ဟမ်းဖုန်းများကား မက်လောက်စရာ ကောင်းလှ၏။ တလက်လက်ထနေသောဒန်ငွေရောင်ဖုန်းလေးကို ငေးကြည့်ရင်း ငါးထောင်တန်ဖုန်း ဆိုတာ ဒါမျိုးလားဟုတွေးလိုက်မိသေးသည်။
.
မကြာပါ။ ကောင်တာတွင် လူစဲ၍ ရှင်မင်းယာအလှည့် ရောက်ပါပြီ။ အရောင်းစာရေးမလေး၏ပေါက်ခါနီး နူဗုံးသဖွယ် မျက်နှာထားကို မဝံ့မရဲကြည့်ရင်း ရှင်မင်းယာခမျာသွားကလေးဖြီးလျက်
.
'အဟီး .. ညီမလေး။ အစ်မ ငါးထောင်တန်ဖုန်း ဝယ်ချင်လို့ ပါ။'

မကွေးတိုင်း ချောက်မြို့နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား

မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းချောက်မြို့နဲ့၂ မိုင်အကွာမှာ ဇူလိုင် ၂ရက်နေ့မွန်းလွဲ ၁ နာရီလောက် က ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။မီးခိုးလုံးနဲ့ပေါက်ကွဲသံကို ၃ မိုင်အကွာစလေမြို့ကနေကြားရမြင်ရတယ်လို့စလေမြို့ခံတဦးကပြောပါတယ်။“H2O2စက်ရုံကနေ၁နာရီလောက်ကထိန်းကနဲ အသံ ကြားတာနဲ့ထွက်ကြည့်တော့မီးခိုးလုံးကြီးက ကောင်းကင်မှာအတော်မြင့်တာ၊ပထမဆုံးအသံကတော့ နည်း နည်း ပြင်းတယ်၊ ၅ချက်ဆင့်ပြီးပေါက်ကွဲသံထွက်လာတာ။ ရဲ၊ ကြက်ခြေနီ၊ ကယ်ဆယ်ရေး မီးသတ် တွေ ရောသွားကြတယ်။” ပေါက်ကွဲရာအရပ်ကိုသွားကြည့်ဖို့လမ်းတ၀က်မှာလုံခြုံရေးရဲတွေကအန္တရာယ်ရှိတယ် ဆိုပြီးဆက်မသွားဖို့တားမြစ်ခဲ့တဲ့အတွက်လှည့်ပြန်ခဲ့တယ်လို့သူကပြောပါတယ်။ပေါက်ကွဲရတဲ့ အကြောင်း ရင်း ကို မသိရပေမယ့်ပေါက်ကွဲတဲ့အရာဟာဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H2O2)ဓာတ်ငွေ့သိုမှီးထားတဲ့စက်ရုံကဖြစ်ကြောင်း၊အရောင်ချွတ်ဆေးထုတ်လုပ်ရာမှာအ
သုံးပြုတာဖြစ်ကြောင်း၊လူအသေအပျောက်မသိရပေမယ့်အနီးတ၀ိုက်ကလူတွေအသက်ရှူ ကြပ်တဲ့ဝေဒနာခံစားရတယ်လို့အဲဒီဒေသတ၀ိုက်ကပြန်လာတဲ့သူတွေပြောဆိုနေကြောင်းဒေသခံကဆက်ပြောပါတယ်။အသေးစိတ်သိရဖို့အတွက်ဌာနဆိုင် ရာ တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

ရိုဟင်ဂျာဆိုတာ သေချာသိချင်လား....

ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်း ပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတာတိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့conceptမရှိပါဘူး။သူတို့အနေနဲ့မတ်တပ်ရပ်ပြီး တော့ သူတို့ဟာမြန်မာတိုင်းရင်းသားပါလို့ကြွေးကြော်လို့တော့ရတာပေါ့လေ။ ဒါပေမဲ့ဒီလိုအော်နေတာကအ ကောင်း ဆုံးနည်းလမ်းမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။သူတို့အနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တစ်ခုမ က နေထိုင်လာကြတဲ့မူစလင်တွေပါလို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခု ပါ။ ရှေးဟောင်းစကားလုံးတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံး ပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Wednesday, August 1, 2012

ဒေါ်လာသန်း၅၀၀ကျော်တန်ဖိုးရှိသော ရွှေတြိဂံဒေသထွက် မူးယစ်ဆေးဝါးများဆစ်ဒနီတွင်ဖမ်းဆီးမိ

'ice'စိတ်ကြွဆေး၃၀၆ကီလိုဂရမ်နှင့်ဘိန်းဖြူ၂၅၂ကီလိုဂရမ်စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးအမေရိကန်ဒေါ်လာ၅၂၅သန်း(ထိုင်းဘတ်ငွေ၁၆.၅၅ဘီလျံ)ခန့်ကိုဆစ်ဒနီမြို့တွင်ဖမ်းဆီးမိခဲ့ကြောင်းရဲတပ်ဖွဲ့မှကြေညာခဲ့သည်။အဆိုပါမူးယစ်ဆေးဝါးဂိုဏ်းများလှုပ်ရှားမှုကိုသံသယ
ဖြစ်ဖွယ်ရာများကို၁၁လကျော်ကြာစုံစမ်းထောက်လှမ်းပြီးဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။အဆိုပါမူးယစ်ဆေးဝါးများသည်နာမည်ကျော် မြန်မာအစိုးရမထိမ်းချုပ်နိုင်သောရွှေတြိဂံနယ်မြေမှတဆင့်ထိုင်း နိုင်ငံအတွင်းဖြတ်သန်းကာ ကြွေရည်သုတ်ကရားများအတွင်းထည့်သွင်း၍ကုန်ပို့ကွန်တိန်နာများဖြင့်ထိုင်းနိုင်ငံဆိပ်ကမ်းမှသြစကြေးလျနိုင်ငံဆစ်ဒနီမြို့သို့တင်ပို့ခဲ့ခြင်းဖြစ် သည်။မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည်ဂိုဏ်းအဖွဲ့ဖြင့်လုပ်ကိုင်ကြပြီး
ဟောင်ကောင်မှစီစဉ်မှုများရှိသည်ဟု စုံစမ်းမှုအရသိရကြောင်း ဖေါ်ပြထားသည်။


ယ္ခုလိုမူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်းသည်ယ္ခုနှစ်အတွက် အများဆုံးပမာဏဖြစ်ပြီး သြစတြေးလျနိုင်ငံသမိုင်းတွင်တတိယမြောက်အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်ပါတ်သက်၍ဟောင်ကောင်နိုင်ငံသား၎ဦး၊ ဗြိ တိန်ဒေသမှပြောင်း ရွှေ့လာ သော သြစတြေးလျနိုင်ငံတွင် နေထိုင်ခွင့်ရှိသူ ၃ဦးတို့ကိုဖမ်းဆီးထိမ်းသိမ်းထားပြီဖြစ်သည်။

KIA ကြောင့်အရပ်သားများမီးလောင်ခံရမှုဖြစ်ပွားခဲ့

ကချင်ပြည်နယ်ဖားကန့်မြို့တွင်အရပ်သားများအရက်ဝိုင်းထိုင်သောက်နေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင် အချို့က ဓာတ်ဆီထည့်ထားသည့်ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့သဖြင့် မီးဖိုမီးမှတဆင့်မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့်အရပ်သား ၈ဦးမီးလောင်ဒဏ်ရာရခဲ့သည်။

ဇူလိုင်၂၆ရက်နေ့ည၁၁နာရီခန့်တွင်ဖားကန့်မြို့သာယာကုန်းကျေးရွာအ၀င် မြေစာပုံ အဟောင်းအနီးရှိလမ်းဘေးတဲအတွင်း၌ဦးမြတ်သူရ(အသက်၃၈နှစ်) နှင့်အခြားအဖော်၇ဦးတို့သည်မီးမွှေးပြီးအသင့်ပါလာသည့်အရက်စုသောက်နေကြသည်။ထိုအချိန်တွင်ပစ္စတိုများကိုင်ဆောင်ထားသည့်ကေအိုင်အေတပ်ဖွဲ့ဝင်၎ဦးရောက်ရှိလာပြီးအသင့်ပါလာသည့်ဓာတ်ဆီထည့်ထားသော ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့ရာမီးဖိုမီးမှတဆင့်ကူးစက်ပြီးမီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့်ဦးမြတ်သူရအပါအ၀င်အရက်အတူသောက်နေသည့်ဦးတူးတူး၊ဦးမာလ၊ဦးသက်ပိုင်၊ဦးမျိုးထွန်း၊ဦးဧရာမောင်၊ဦးတင်ဆန်းအောင်၊ဦးမင်းမင်းတို့၏ခန္ဓာကိုယ်အနှံ့တို့ တွင်မီးလောင်ဒဏ်ရာ များရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်အတွက်ဖားကန့်ရဲစခန်းကဇူလိုင်၂၇ရက်နေ့တွင်(ပ(၁၆၀/၂၀၁၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၂၆)အရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။