Monday, August 20, 2012

ခရီးသွားအမည်ခံနိုင်ငံခြားသားနှစ်ဦး ဥပဒေချိုးဖောက်နေ

ဥပဒေချိုးဖောက်ပြီးဓာတ်ပုံတွေရိုက်နေတဲ့နိုင်ငံခြားသားစုံတွဲ

စစ်တွေတွင်လွန်ခဲ့သည့်ရက်အနည်းငယ်ကကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားနှစ်ဦးသည်
(မိန်းမကပါကစ္စတန်နိုင်ငံသူကုလားမ)ကန့်သတ်တားမြစ်နယ်မြေထဲသို့ဝင်ရောက်ရန်ကြိုး
ပမ်းမှုဖြင့်ဒေသခံလုံခြုံရေးတပ်ဖွဲ့များနှင့်အချင်းများခဲ့ကြသည်။

အဆိုပါကိစ္စအားအမှတ်(၁)ရဲစခန်းတွင်ခေါ်ယူပြီးသတိပေးတားမြစ်သော်လည်းဆက်လက်
ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဆက်လက်ပြီးအချင်းများခဲ့သည်။
အဆိုပါနှစ်ဦးမှာလုံခြုံရေးများကိုပင်အားမနာမထီလေးစားပြုလုပ်ခဲ့ကြောင်းသိရသည်။၎င်း
တို့နှစ်ဦးသည်သာမန်ကမ္ဘာလှည့်ခရီးသည်များတို့အမူအကျင့်နှင့်မတူပဲစစ်တွေမြို့ရှိအပြို
အပျက်ဟူသမျှကိုလိုက်လံရှာဖွေပြီးဓာတ်ပုံရိုက်ကူးမှုပြုလုပ်နေပြီးတားမြစ်ထားသည့်ကုလား
ရွာများထဲသို့ ၀င်ရောက်ရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်ဟုသိရသည်။

(၁၆-၈-၂၀၁၂)နေ့တွင်မြောက်ဦးမြို့သို့လေ့လာရေးသွားပြီးနောက်မဟာမြတ်မုနိဘုရားနယ်
မြေသို့ရောက်ရှိခဲ့ပြီးကျောက်တော်မြို့နယ်ပိုက်သည်ရွာ(ကုလားရွာ)သို့ဆက်လက်ခရီးဆက်
မည်ပြုရာဒေသခံတို့၏အသိပေးမှုကြောင့်တာဝန်ရှိသူများမှတားမြစ်ခဲ့ရသည်ဟုသိရသည်။
နိုင်ငံခြားခရီးသည်များမှာရခိုင်ဖက်တွင်ခရီးဝေးခရီးသွားလာရာတွင်ကုန်းလမ်းခရီးကိုအသုံး
ပြုရန်ခွင့်ပြုပေးထားခြင်းမရှိကြောင်းနှင့်ယခုကဲ့သို့တားမြစ်ထားသည့်ဧရိယာသို့(မဟာမြတ်
မုနိဘုရားမှကျောက်တော်မြို့အထွက်လမ်း)၀င်ရောက်ရန်ကြိုးပမ်းအားထုတ်မှုမှာမြန်မာနိုင်ငံ
ဥပဒေကိုလေးစားမရှိဆိုသည်မှာထင်ရှားသည်ဟုအဆိုပါမျက်မြင်ဒေသခံများမှပြောဆိုခဲ့
သည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသူဟု ယူဆရသူ နှစ်ဦးသည် သတင်းဌာနတစ်ခုခုမှ ဖြစ်နိုင်ကြောင်း
သို့မဟုတ်အခြားအဖွဲ့အစည်းတစ်ခုခုမှလျှို့ဝှက်လွှတ်ထားသူနှစ်ဦးဖြစ်နိုင်ကြောင်းလည်း
မြို့သူမြို့သားများပြောဆိုနေကြသည်။စစ်တွေမြို့နယ်ပြည်သူများကမူအဆိုပါနှစ်ဦးအပေါ်
တွင်အလွန်ပင်စိတ်ဆိုးဒေါသထွက်လျှက်ရှိနေကြသည်ဟုသိရသည်။သာမန်အချိန်တွင်
ပြဿနာမဟုတ်သော်လည်းယခုအချိန်တွင်အဆိုပါနှစ်ဦးပြုမူနေထိုင်ပုံမှာဒေသခံတိုင်းရင်း
သားတို့၏ဒေါသစိတ်ကိုဆွပေးနေသလိုဖြစ်နေကြောင်းစစ်တွေမြို့ခံသူများကမှတ်ချက်ပြု
နေကြသည်။

၎င်းနိုင်ငံခြားသားနှစ်ဦးမှာစစ်တွေတွင်တည်းခိုစဉ်ရွှေသဇင်ဟိုတည်တွင်နေထိုင်ခဲ့ကြောင်း
သိရသည်။၎င်းတို့နှစ်ဦးမှာမြောက်ဦးမှမနက်ဖြန်တွင်အောင်ကျော်မိုးရေယာဉ်ဖြင့်မနက်
(၁၀း၃၀)ခန့်တွင်စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။


မျိုးနိုင် 


No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။