Friday, February 28, 2014

မလိုမုန်းထားလျှင် ပုဒ်မကြီးချင်တိုင်းကြီးနေ

ကျွန်တော်၏သား အသက်(၁၉) နှစ်သည် လွန်ခဲ့သောတစ်လခန့်က ညနေ(၆)နာရီတွင်
အိမ်မှမြို့ထဲသို့သွားရန်မော်တော်ဆိုင်ကယ်မောင်းထွက်လာစဉ် တစ်အိမ်ကျော်မှအသက်
(၁၅)နှစ်ခန့်မိန်းကလေးက သူတို့ချင်းနောက်ပြောင်၍ လီဗာကိုင်သောလက်ကို ဖမ်းဆွဲ သဖြင့် မောင်တော်ဆိုင်ကယ်လဲသည်အထိဖြစ်ခဲ့ပါသည်။


ထိုကိစ္စကိုမိန်းကလေး၏မိဘများကသူ့သမီးကိုရိုက်ပုတ်ပြီးရဲစခန်းမှာအမှု့ဖွင့်ပါသည်။ည
(၁၀)နာရီခန့်မှာကျွန်တော့်သားကိုအခြားအိမ်မှာဖမ်း၍အချုပ်ထဲထည့်ပါသည်။အခင်းဖြစ် ချိန်မှာကျွန်တော်မရှိပါ။ ကျွန်တော်ပြန်ရောက်ရောက်ချင်းည(၂)နာရီခန့် ရဲစခန်းသွားပြီးပြစ်
တင်ပြောဆိုသဖြင့် မနက်မှာရဲအာမခံဖြင့်လွှတ်ပြီး ရဲကအမှုတည်ဆောက်ရာ ပုဒ်မ( ၃၆၃) လူခိုးမှုဖြစ်ရပါသည်။ (၁၀)ရက်ခန့်အကြာတွင် ရုံးတင်သည့်အခါ စခန်းမှူး နှင့် ဥပဒေအရာရှိ
တို့က ခရိုင်ကဖုန်းဆက်သည်ဟုပြော၍ ပုဒ်မ ၃၆၆ ပါထပ်တိုးသဖြင့် တရားသူကြီးကထောင် (၁၄)နှစ်ကျနိုင်သည်ဟုပြော၍အာမခံမပေးတော့ပါ။

ဤကဲ့သို့ပုဒ်မတိုးချင်တိုင်း တိုးနေသည်ကို မခံနိုင်၍ (၁၅.၁.၂၀၁၄) ရက်စွဲဖြင့်အထက်ကို
တိုင်ပါသည်။တစ်ပါတ်ခန့်အကြာတွင် သာပေါင်းမြို့နယ်မှူး လာရောက်စစ်ဆေးခဲ့ပါသည်။ ဒါပေမဲ့ဘာမှထူးမလာပါ။ ထို့ကြောင့် (၁၀.၂.၂၀၁၄)ရက်နေ့တွင် ထပ်မံ၍တိုင်ကြားခဲ့ပါသည်။ (၂၁.၁.၂၀၁၄) ရက်နေ့တွင်
ကျုံပျော်မြို့နယ်မှူးထပ်မံ၍ လာရောက် စစ်ဆေးခဲ့ပါသည်။ ကျွန်တော်၏သားက မိန်းကလေးက စဆွဲတာပါဟု ပြောပါသည်။ကာယကံရှင်မိန်းကလေး
ကလည်း သူကစ၍ ဆွဲပါသည်ဟု ၀န်ခံပါသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က ခရိုင်ဥက္ကဌ ဦးအေးဟန်အား လယ်ယာမြေအငြင်းပွားမှုဖြင့်တိုင်ကြား
ခဲ့ပြီးဦးအေးဟန်ပုသိမ်ခရိုင် မှပြောင်းရွှေ့ခဲ့ရပါသည်။ ထိုကိစ္စအား သာပေါင်းစစ်ဆေးရေး က မေးသွားပါသည်။ ထို့ကြောင့် ကျွန်တော့်အား မလိုမုန်းထားပြီးပုဒ်မတွေကို တိုးချင်တိုင်း
တိုးနေပါသည်။

ကျွန်တော်၏သားမှာယခုထိအချုပ်ခံနေရပြီး တရားရုံးအဆင့်ဆင့်၏အုပ်ချုပ်မှုကပျက်ယွင်းနေ
ပါပြီ။


ထိုကိစ္စအား သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ (ဥက္ကဌ)တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၊
ပြည်ထောင်စုဝန်ကြီး (ပြည်ထဲရေးဝန်ကြီး
ဌာန)တို့တွင် တိုင်ကြားထားပါသည်။


ဦးမြင့်စိန် (၁၄/ကကန(နိုင်)၁၂၃၇၇၀)
မှော်သေးရွာ ၊ သစ်ဆိမ့်ကုန်းအုပ်စု
ကျောင်းကုန်းမြို့နယ် ၊ ဧရာဝတီတိုင်း။

နံရံပေါ်က ကော်ဖီ



ကျနော်သူငယ်ချင်းတစ်ယောက်နဲ့အတူ နာမည်ကြီး ကော်ဖီဆိုင်တစ်ဆိုင် ဝင်သောက်ခဲ့ဖူး
တယ်…။ အီတလီနိုင်ငံရဲ့  အင်မတန်လှပကျော်ကြားလှတဲ့ ဗင်းနစ်မြို့  အနီးက မြို့ တစ်မြို့ 
မှာပေါ့…။ ကျနော်တို့ ကော်ဖီသောက်နေစဉ်မှာပဲ လူတစ်ယောက် ဆိုင်ထဲဝင်လာပြီး ကျနော်
တို့ဘေးက ခုံလွတ်တစ်ခု မှာ ဝင်ထိုင်ပါတယ်…။ သူက စားပွဲထိုးကို ခေါ်လိုက်ပြီး သူ့အတွက်
ကော်ဖီ မှာလိုက်ပါတယ်…။

“ ကော်ဖီနှစ်ခွက်… တစ်ခွက်ကို နံရံပေါ်တင်လိုက်ပါ…”

ကျနော်တို့ဟာ သူမှာတာကို ကြားတော့ အထူးတဆန်းအဖြစ်နဲ့ စိတ်ဝင်စားသွားတယ်… ။ ဘာလို့လဲဆိုတော့ သူက ကော်ဖီတစ်ခွက်သာသောက်ပြီး နှစ်ခွက်ဖိုးရှင်းသွားပါတယ်…။ အဲ့ဒီလူလည်း ကော်ဖီသောက်ပြီးလို့ ပြန်သွားရော စားပွဲထိုးလေးက ‘ ကော်ဖီတစ်ခွက် ‘
လို့ရေးထားတဲ့ စာရွက်လေးကို နံရံမှာသွား ကပ်လိုက်ပါတယ်…။

တရုတ် မှောင်ခို ဈေးကွက်မှာ တန်ဖိုး မြင့်တက်လာတဲ့ လူ့ခန္ဒာကိုယ် အစိတ်အပိုင်းများ... အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့လူသား မှောင်ခို ဈေးကွက်


တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,,
နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံး
နည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမား တဲ ပြသနာတွေရှိနေပါတယ်၊...

.ဒီအထဲမှာ အဆိုးဆုံးက တရုပ်ပြည်နယ်စပ်က လူကုန်ကူးနေကြတဲ့ ဒုစရိုက်မှောင်ခို
ဂိုဏ်းတွေ ရဲ့  ငွေမက်လုံးနဲ့ ဖျားယောင်းသွေးဆောင်ပြီး လူ့ ကိုယ်တွင်းက အရေးကြီး
တဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူ ရောင်းစားနေကြတာဘဲဖြစ်ပါတယ်။

တရုပ်နိုင်ငံအတွင်းမှာ ကျောက်ကပ်-နှလုံး..အဆုတ်စတဲ့ ထုတ်ယူရောင်းစားမှုက
ဈေးကွက်မှာ ကျယ်ပြန့် လာနေပါပြီ၊ နှစ်စဉ် တရုပ် နိုင်ငံတွင်းမှာပင် ဆေးရုံကလူနာ
(၁)သန်းလောက်ဟာ ကိုယ်တွင်းက အရေးကြီးတဲ့အစိတ်အပိုင်းတွေ အစားထိုးဘို့ 
့စောင့်နေကြပါတယ် ၊-ဒီလိုအပ်ချက်ကို ကိုယ်ခန္ဓာလှူတမ်းထားသူတွေ ရုပ်တရက်သေဆုံး သွားသူနဲ့ အကျဉ်းထောင်တွေက ကျန်းမာရေးကောင်းမွန်တဲ့ ထောင်သား (သေဒဏ်ပေး)တွေ ဆီက နေအများဆုံးထုတ်ယူပါတယ်၊ ခွဲစိတ်အစားထိုးဘို့  လိုအပ်လူနာ ဦးရေက အလွန်များနေ တာကြောင့်လည်း ငွေကြေးတတ်နိုင်တဲ့သူတွေက ဈေးကောင်းပေးပြီး ၀ယ်နေတော့
မှောင်ခိုဈေးကွက်ကလည်း တွင်းကျယ်လာပါတယ်၊