ကျနော်သူငယ်ချင်းတစ်ယောက်နဲ့အတူ နာမည်ကြီး ကော်ဖီဆိုင်တစ်ဆိုင် ဝင်သောက်ခဲ့ဖူး
တယ်…။ အီတလီနိုင်ငံရဲ့  အင်မတန်လှပကျော်ကြားလှတဲ့ ဗင်းနစ်မြို့  အနီးက မြို့ တစ်မြို့ 
မှာပေါ့…။ ကျနော်တို့ ကော်ဖီသောက်နေစဉ်မှာပဲ လူတစ်ယောက် ဆိုင်ထဲဝင်လာပြီး ကျနော်
တို့ဘေးက ခုံလွတ်တစ်ခု မှာ ဝင်ထိုင်ပါတယ်…။ သူက စားပွဲထိုးကို ခေါ်လိုက်ပြီး သူ့အတွက်
ကော်ဖီ မှာလိုက်ပါတယ်…။
“ ကော်ဖီနှစ်ခွက်… တစ်ခွက်ကို နံရံပေါ်တင်လိုက်ပါ…”
ကျနော်တို့ဟာ သူမှာတာကို ကြားတော့ အထူးတဆန်းအဖြစ်နဲ့ စိတ်ဝင်စားသွားတယ်… ။ ဘာလို့လဲဆိုတော့ သူက ကော်ဖီတစ်ခွက်သာသောက်ပြီး နှစ်ခွက်ဖိုးရှင်းသွားပါတယ်…။ အဲ့ဒီလူလည်း ကော်ဖီသောက်ပြီးလို့ ပြန်သွားရော စားပွဲထိုးလေးက ‘ ကော်ဖီတစ်ခွက် ‘
လို့ရေးထားတဲ့ စာရွက်လေးကို နံရံမှာသွား ကပ်လိုက်ပါတယ်…။
ကျနော်တို့သူငယ်ချင်းနှစ်ယောက်
နောက်ထပ် လူနှစ်ယောက်ထပ်ဝင်လာတယ်..။ ကော်ဖီ သုံးခွက်မှာတယ်…နှစ်ခွက်ကိုသော
အဲဒါတွေဟာကျနော်တို့အတွက်ခပ်ဆန်းဆန်းဖြစ်နေတော့ဇဝေဇဝါနဲ့ပဲကျသင့်ငွေရှင်းပြီး ပြန်ခဲ့ကြ ပါတယ်…။
ရက်အနည်းငယ်ကြာတဲ့အခါမှာ ကျနော်တို့ အဲ့ဒီကော်ဖီဆိုင်ကို သွားထိုင်ဖြစ်ခဲ့ပြန်ပါတယ်…။ ကျနော်တို့ ကော်ဖီသောက်နေစဉ်မှာပဲ ခပ်နွမ်းနွမ်းအဝတ်အစားလေးတွေ ဝတ်ဆင်ထားတဲ့
လူတစ်ယောက် ဆိုင်ထဲ ဝင်လာပါတယ်…။ သူ့ဘာသာ နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်…။ ပြီးတော့ နံရံကိုတစ်ချက်လှမ်းကြည့်လိုက်
“ နံရံပေါ်က ကော်ဖီတစ်ခွက်… “
စားပွဲထိုးလေးကလည်း အဲ့ဒီလူကို တစ်ခြားဧည့်သည်တွေလိုပဲ တလေးတစားနဲ့ မှာတဲ့ကော်ဖီကို ချပေးပါတယ်…။ အဲ့ဒီလူလည်း ကော်ဖီသောက်ပြီးတော့ ပိုက်ဆံမပေးဘဲ… ဒီတိုင်းထပြန်သွားတယ်…။ ကျနော်တို့ လည်း ဒီမြင်ကွင်းကို စိတ်ဝင်တစား အံ့သြစွာ ငေးကြည့်နေမိပါတယ်…။ စားပွဲထိုးလေးက နံရံက ကော်ဖီတစ်ခွက်ဆိုတဲ့ စာရွက်လေးတစ်ရွက်ကို ပြန်ဖြုတ်လိုက်ပြီး အမှိုက်ပုံးထဲ သွားထည့်လိုက်ပါတယ်…။
အဲဒီအချိန်မှပဲ အားလုံးရှင်းသွားတော့တယ်…။ အဲ့ဒီမြို့ သားတွေရဲ့  မရှိဆင်းရဲသားတွေအပေါ်ထားတဲ့ မခွဲခြားဘဲ တန်းတူညီမျှအသိအမှတ်ပြုမှုဟာ… ကျနော်တို့မျက်ဝန်းအိမ်တွေကိုေ
မရှိဆင်းရဲသားတွေရဲ့  အရှက်တရားကို အသိအမှတ်ပြု ငဲ့ညှာတဲ့ အလေ့အထလေးပါ…အတုယူ
ဖို့ကောင်းပါ
ရင် ထပြန်သွားလို့ရပြီ…။
အင်မတန် မှန်ကန်တဲ့ လှပတဲ့ အတွေးအခေါ်လေးပါ… သယ်ရင်းကိုယ်တိုင်လည်း အဲ့ဒီလို လှပတဲ့ နံရံလေးတွေ မြင်တွေ့ဖူးကောင်းတွေ့ဖူးမှာပါ…
..... ..... ..... ..... ..... .....
ဒါမျိုး အလေ့အထလေးတွေ ကျနော်တို့ နိုင်ငံမှာ ဖြစ်လာဖို့ကတော့ တော်တော်လေးကို
လိုပါသေးတယ်…။ ကျနော်တို့ အများကြီး ပြုပြင်ပြောင်းလဲရဦးမှာပါ…။ အဓိက ပြောင်းလဲဖို့
လိုတာကတော့ ကျနော်တို့စိတ်ဓာတ်တွေပေါ့…။ သမ္မတကနေ သူတောင်းစားအထိ စိတ်ဓာတ်တွေ ပြင်ကြရဦးမှာပါ…။ သမ္မတက သမ္မတ ပီသဖို့လိုသလို … သူတောင်းစားက
လည်း သူတောင်းစားပီသဖို့လိုတယ်…။
ကမ္ဘာမှာ မြန်မာဆိုတာ အင်မတန်ယဉ်ကျေးတဲ့ …စေတနာ သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ လူမျိုးပါ…။
( အရင်တုန်းက ပြောတာ) ခုချိန်မှာတော့ စနစ်တကျ အဖျက်ဆီးခံလိုက်ရတဲ့အတွက်… ကျနော်တို့ စိတ်ဓာတ်တွေ မယဉ်ကျေးတော့ပါဘူး…။ ကျနော်တို့ နှလုံးသားတွေမလှကြတော့ပါဘူး…။ အားလုံးကိုဆိုနေခြင်း မဟုတ်ပါဘူး…။ အများစုဖြစ်နေကြတာကိုပြောတာပါ။ ကိုယ်ကျိုးစွန့်ပြီး
သူတစ်ပါးကို ကူညီဖို့ထက်… ကိုယ်ကျိုးအတွက် သူတစ်ပါးကို စတေးဖို့ ဝန်မလေးကြတော့ပါဘူး… ကိုယ်ကျိုးအတွက် တိုင်းပြည်ကို စတေးဖို့လည်း ဝန်မလေးကြတော့ပါဘူး…။ ဒါ့ကြောင့်လည်း တိုင်းပြည်မလဲ မျက်သလူးဆန်ပြာ သေကောင်ပေါင်းလဲ ဖြစ်နေပါပြီ…။
စနစ်တကျ အဖျက်ဆီးခံလိုက်ရတဲ့ ကျနော်တို့ နှလုံးသားတွေကို ပြန်လည် လှပလာအောင် စနစ်တကျပဲ ပြန်လည်တည်ဆောက်ယူရမှာပါ…။ ကျနော့တာဝန်က ကျနော်ရိုးသားဖို့ဖြစ်ပြီး
သယ်ရင်းရဲ့  တာဝန်က သယ်ရင်း ရိုးသားရမှာဖြစ်တယ်…။ ကျနော်တို့တွေ ရိုးသားကြမယ်…စည်းကမ်းရှိကြမယ်…
ဦးသုည … စကားလုံးဖလှယ်သည်…။
https://www.facebook.com/
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။