ခရိုနီလှူတဲ့ငွေယူတာကြိုက်တာမကြိုက်တာကတယောက်ချင်းနဲ့ဆိုင်တဲ့ကိစ္စပါ။အခုပြောနေတာကဒေါ်အောင်ဆန်းစုကြည်ဖောင်ဒေးရှင်းဆိုပြီးတယောက်တည်းနာမည်နဲ့လုပ်ထားတဲ့အဖွဲ့အစည်းတခုကအလှူခံတယ်လှူတဲ့လူကလှူတယ်ယူတဲ့လူကယူတယ်ဆိုရင်ကျနော်တို့ကပြောစရာဘာမှမရှိပါဘူး။ နောက်တခုက
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဆိုတဲ့ပညာရေး ဖောင်ဒေးရှင်းတခုကိုလည်းတည်ထောင်ထားပါတယ်။ဘာဖြစ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နာမည်နဲ့လက်ခံသလဲဆိုတာကစဉ်းစားစရာပါ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်နေတဲ့ပညာရေးမတူဘူးထားအုံးပါတီအနေနဲ့က လွှတ်တော်ထဲမှာအစိုးရအနေနဲ့ပညာရေးကိုတနိုင်ငံလုံးအနေအထားနဲ့ပိုပြီးတစိုက်မတ်မတ် ဖြစ်လာအောင်တချိန်လုံးတိုက်တွန်း နေရမှာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုကြည်ညိုလို့လှူတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကကြိုက်လို့လက်ခံတယ် နှစ်ဦးနှစ်ဘက်သဘောတူရင်ပြီးပြီပေါ့ရှင်းရှင်းလေးပဲ။ဒါပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ပညာရေးရန်ပုံငွေဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တခုလုံးနဲ့ဆိုင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာပါတီတခုဖြစ်ပါ
တယ်။ ပါတီတခုဟာဘာပဲလုပ်လုပ် ရှေ့နောက်စဉ်းစားပြီးပါတီဝင်တွေကိုထိခိုက်နိုင်မလား၊ပါတီကိုထိခိုက်နိုင်မလား၊အနာဂါတ်အတွက်ကောင်းပါ့မလားဒါမျိုးတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါ်အောင်ဆန်းစုကြည်ကိုဖယ်လိုက်ရင်ကျန်တဲ့ လူကြီးတွေကမစဉ်းစားနိုင်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောရင် ခေါင်းညိတ်လိုက်၊ ဒေါ်အောင်ဆန်းစုကြည်ခိုင်းရင်လုပ်လိုက်ကြနဲ့ ဖြစ်နေတာဟာပါတီတခုအတွက်သိပ်အန္တရာယ်ကြီးတယ်ဆိုတာကိုကျနော်သတိပေးသလိုအခြားသော ကျနော့်ထက်အတွေ့အကြုံရှိသော နိုင်ငံရေးသမားကြီးတွေလည်း ပြောဆို
ထောက်ပြသားပြီးသားပါ။