Sunday, January 20, 2013

နဲနဲတော့ဖတ်ကြည့်ပါ။


ခရိုနီလှူတဲ့ငွေယူတာကြိုက်တာမကြိုက်တာကတယောက်ချင်းနဲ့ဆိုင်တဲ့ကိစ္စပါ။အခုပြောနေတာကဒေါ်အောင်ဆန်းစုကြည်ဖောင်ဒေးရှင်းဆိုပြီးတယောက်တည်းနာမည်နဲ့လုပ်ထားတဲ့အဖွဲ့အစည်းတခုကအလှူခံတယ်လှူတဲ့လူကလှူတယ်ယူတဲ့လူကယူတယ်ဆိုရင်ကျနော်တို့ကပြောစရာဘာမှမရှိပါဘူး။ နောက်တခုက
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဆိုတဲ့ပညာရေး ဖောင်ဒေးရှင်းတခုကိုလည်းတည်ထောင်ထားပါတယ်။ဘာဖြစ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နာမည်နဲ့လက်ခံသလဲဆိုတာကစဉ်းစားစရာပါ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လုပ်နေတဲ့ပညာရေးမတူဘူးထားအုံးပါတီအနေနဲ့က လွှတ်တော်ထဲမှာအစိုးရအနေနဲ့ပညာရေးကိုတနိုင်ငံလုံးအနေအထားနဲ့ပိုပြီးတစိုက်မတ်မတ် ဖြစ်လာအောင်တချိန်လုံးတိုက်တွန်း နေရမှာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုကြည်ညိုလို့လှူတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကကြိုက်လို့လက်ခံတယ် နှစ်ဦးနှစ်ဘက်သဘောတူရင်ပြီးပြီပေါ့ရှင်းရှင်းလေးပဲ။ဒါပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ပညာရေးရန်ပုံငွေဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တခုလုံးနဲ့ဆိုင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာပါတီတခုဖြစ်ပါ
တယ်။ ပါတီတခုဟာဘာပဲလုပ်လုပ် ရှေ့နောက်စဉ်းစားပြီးပါတီဝင်တွေကိုထိခိုက်နိုင်မလား၊ပါတီကိုထိခိုက်နိုင်မလား၊အနာဂါတ်အတွက်ကောင်းပါ့မလားဒါမျိုးတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါ်အောင်ဆန်းစုကြည်ကိုဖယ်လိုက်ရင်ကျန်တဲ့ လူကြီးတွေကမစဉ်းစားနိုင်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောရင် ခေါင်းညိတ်လိုက်၊ ဒေါ်အောင်ဆန်းစုကြည်ခိုင်းရင်လုပ်လိုက်ကြနဲ့ ဖြစ်နေတာဟာပါတီတခုအတွက်သိပ်အန္တရာယ်ကြီးတယ်ဆိုတာကိုကျနော်သတိပေးသလိုအခြားသော ကျနော့်ထက်အတွေ့အကြုံရှိသော နိုင်ငံရေးသမားကြီးတွေလည်း ပြောဆို
ထောက်ပြသားပြီးသားပါ။ 
ဒေါ်အောင်ဆန်းစုကြည်ကသိပ်လည်တယ်သူ့နာမည်ဒါမှမဟုတ်သူ့အမေဒေါ် ခင်ကြည်ဖောင်ဒေးရှင်းနာမည်နဲ့အလှူမခံဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာမည်ခံခိုင်းတယ်။ဘာဖြစ်လို့လဲသူ့မိသားစုနာမည်နဲ့လက်ခံရင်တချိန်မှာဒါဟာ
ဖောက်ပြန်မှု့ဆိုတာကိုသမိုင်းမှာမှတ်တမ်းတင်ခံရမယ်၊ဒီတော့မိသားစုနာမည် ပျက်မဲ့ကိစ္စကိုအဖြစ်မခံနိုင်ဘူးဒါကြောင့်ပိုက်ဆံတော့လိုချင်တယ်၊သမတ တော့
ဖြစ်ချင်တယ်နာမည်ပျက်ရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲအပျက်ခံပစေမိသားစုနာမည်တော့အထိအခိုက်မခံဘူးဆိုတဲ့ လုပ်ရပ်ပါပဲ။
 

ဒါဟာအလွန့်အလွန်ကိုမရိုးသားတဲ့ပါတီတွင်းပါတီဥက္ကဌတယောက်ရဲ့သစ္စာဖောက်မှု့ဖြစ်တယ်၊ယုံကြည် လေးစားမှု့ကိုအလွဲသုံးစားလုပ်မှု့ ဖြစ်တယ်၊အာဏာရှင်ဆန်ဆန်အမိန့်ပေးမှု့ ဖြစ်ပါတယ်။အချိန်မှီပါတီတွင်းမှာမပြင်ဆင်နိုင်
ရင်တော့ဒေါ်အောင်ဆန်းစုကြည်မှားယွင်းတဲ့ဆုံးဖြတ်ချက်သို့မဟုတ်မရိုးသားတဲ့ဆုံးဖြတ်ချက်တွေကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ ပြည်သူလူထုတရပ်လုံးရဲ့ ကျောခိုင်းချင်းကိုခံရမှာ ဖြစ်သလို။  ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလူကြီးတွေရဲ့ပုဇွန်ဆိတ်ဦးနှောက်ကိုစမ်းသပ်မှု့ဖြစ်နိုင်ပြီးငါဘာလုပ် လုပ်ဒီမိုကရေစီနည်းအရဆိုတဲ့တလွဲဆံပင်ကောင်းလုပ်ရပ်ဖြစ်တယ်ဆိုတာ ပြသလိုက်တာပါပဲ။ 


ဒီကြားထဲမှာဦးအုန်းကြိုင်ဆိုတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ယူထားတဲ့သူကခရိုနီလိုမင်းတို့လှူနိုင်လို့လားလို့ မေးလိုက်တဲ့အခါမှာလူထုအကုန်လုံးဟာဘယ်သူ့စိတ်ကူးကြောင့်စတင်ခဲ့ရသလဲဆိုတာကိုမစဉ်းစားဘဲ ဦးအုန်းကြိုင်ကိုပဲအပြစ်တင်တာ တွေ့တော့ကျနော့်မှာရီလိုက်ရတာအူတက်မတတ်ပါဘဲ။ဦးအုန်းကြိုင်မကလို့ဦးဝင်းတင်၊ဦးတင်ဦး ဖြစ်ဖြစ်ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်စကားကိုသဘောမတူဘူးတဲ့သူကိုကျနော်တို့တွေ့ဖူးကြပါသလဲ။သဘောမတူသည့်တိုင်ရောကိုယ့်ဆန္ဒကိုကိုယ်ပြောရဲတဲ့သူအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာရှိတယ်ဆိုတာလက်တွေ့ မြင်ဖူးကြပါသလား။၂၀၀၈အခြေခံ ဥပဒေကြောင့်ရွေးကောက်ပွဲမ၀င်သင့်ဘူးဦးဝင်းတင် ပြောနေတဲ့အချိန်မှာသမတသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်နှစ်ကိုယ်ကြားတွေ့ပြီးသမတကြီးကိုယုံတယ်
ပြောတဲ့အချိန်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာကြားဖြတ်ရွေးကောက်ပွဲမှာ
ခွေးလေးတကောင်လိုအမြီးနှံ့ပြီးစစ်အစိုးရခေါ်ရာကိုကောက်ကောက်ပါအောင် လိုက်သွားတာဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီဝင်တွေအကုန်လုံး
သဘောတူလို့မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ကြမယ်၊သဘောမတူရင်လည်းခွဲထွက်ဖို့အပြစ်ပြောဖို့မကြိုးစားကြပါနဲ့အများဆန္ဒအရလိုက်လုပ်ကြပြောလို့ဦးဝင်းတင်နာယက ဖြစ်သွားတာကိုအားလုံး ပြန်စဉ်းစား ဖို့လိုပါတယ်။ဒါကြောင့်လူထုကြီးအနေနဲ့ကိုယ့်ကိုယ်လိမ်နေတာဘယ်သူလဲဆိုတာ သေသေချာချာစဉ်းစားကြ ဖို့လိုပါတယ်။


https://www.facebook.com/drkhinmaungoo

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။