Thursday, October 6, 2011

ရာဇသင်္ကြန်အမတ်ကြီးနှင့်ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး
ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ 

သံလွင် မြစ်ပေါ်ရှိရေကာတာများကိစ္စ စိတ်ဝင်စားကြရန်တိုက်တွန်းလျက်ရှိနေ
မြစ်ဆုံဆည်စီမံကိန်းနည်းတူ သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်နေသော ရေကာတာများအရေးကိုလည်း စိတ်ဝင်စားကြ ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် မြစ်ချောင်းလေ့လာစောင့်ကြည့်အဖွဲ့များက ယနေ့ ပြောသည်။ 
အပြည့်အစုံဖတ်ရန် 

ဟောင်ကောင်သတင်းဌာနရဲ့ မြစ်ဆုံဆည်အကြောင်း ရုပ်/သံ - မြန်မာဘာသာပြန်
မှတ်ချက်...ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..
သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်..
အပြည့်အစုံဖတ်ရန်

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ
ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့လျှို့ဝှက်ခရီး ထွက်ခွါသွားကြောင်း သိရပါသည်။  
အပြည့်အစုံဖတ်ရန်