(ပါချုပ်ဆရာတော်ဘုရားကြီး၏စင်္ကာပူ တရားပွဲ(ပ) နေ့တွင် ဖြေကြားသော မေးခွန်း
အဖြေလွှာမှ)
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်
များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ))
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာအခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာသင်္ကန်းရုံပြီး
ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ
အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား
Riot လား Riot ဆိုတာအကြမ်းဖက်တဲ့အ ဓိကရုဏ်းလုပ်တာဖျက်စီးတာဟိုဟာဒီဟာတွေ
ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို
ထုတ်ဖော်ပြတာပဲ။ ဥပမာ Hungier Strike ဆိုရင်သူ့ဟာသူအိပ်နေတာပဲလေအဲဒီတော့
Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...