Wednesday, January 30, 2013

လျပ်စစ်ဝန်ကြီးဌာနအဂတိလိုက်စားမှုများနှင့် အီးပီစီကလူသို့ သူ့အမြင်ကိုယ့်အမြင်ဖလှယ်ခြင်း

ကျွန်တော်သည်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှအငယ်တန်းအင်ဂျင်နီယာတစ်ဦး
ဖြစ်ပါသည်။လျှပ်စစ်ဝန်ကြီးဌာန၏အဂတိလိုက်စားမှုစာတမ်းများအားမိုးမခ
အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ရာဖတ်ရှုရသည့် ပြည်သူများအတွင်း
လျှပ်စစ်ဝန်ကြီးဌာနှင့် နိုင်ငံတော်အစိုးရအပေါ်အမြင်တိမ်းစောင်းမှုများမဖြစ်ပေါ်စေ
ရန်နှင့်အသားမကျသေးသည့် ပြုပြင်ပြောင်းလဲမှုများတွင်အနှောက်အယှက်အဟန့်
အတားများမဖြစ်ပေါ်လာစေရန်စိုးရိမ်စိတ်ဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။

လက်ရှိတွင်ကျွန်တော်တို့ပြည်သူအားလုံးအဓိကလိုလားတောင့်တနေသည်မှာလျှပ်စစ်
မီးလုံလောက်စွာရှိရေးပင် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်ကရန်ကုန်မြို့တွင်လျှပ်စစ်ဓာတ်
အားပြတ်တောက်၍ ဖယောင်းတိုင်ထွန်းညှိဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော်သမ္မတ
အပါအ၀င်လူကြီးများကလျှပ်စစ်မီးအမြန်ဖြန့်ဖြူးပေးနိုင်ရေးနည်းလမ်းများရှာဖွေခဲ့ပါ
သည်။လျှပ်စစ်မီးလုံလောက်စွာရရှိမှလည်းစက်ရုံအလုပ်ရုံများပုံမှန်လည်ပတ်နိုင်ပြီး
ကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှာ ဖြစ်သလိုညီငယ်ညီမငယ်များ၏အလုပ်အကိုင် အခွင့်အလမ်းများလည်းပိုမိုရရှိလာမှာ ဖြစ်ပါသည်။


လျှပ်စစ်မီးအရေးပါပုံနှင့် ပြည်သူများလိုအပ်ချက်ရှိနေသည်ကိုကျွန်တော်တို့လျှပ်စစ်
ဝန်ထမ်းများအထူးပင်သိပါသည်။ထိုသိထားချက်ကြောင့်လည်းကျွန်တော်တို့လျှပ်စစ်
ဝန်ကြီးအပါအ၀င် အောက်ခြေ၀န်ထမ်းများကအစ နေ့မနားညမအားနည်းလမ်းရှာကြံ လုပ်ကိုင်ပေးလျက်ရှိပါသည်။

ပြည်တွင်းအားသာမက ပြည်ပစီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီကြီးများ နှင့်ပါချိတ်ဆက်
ဆောင်ရွက်လျက်ရှိပါသည်။ကုမ္ပဏီကြီးများနှင့်ချိတ်ဆက် ဆောင်ရွက်ရာတွင်ဂုဏ်
သိက္ခာရှိကုမ္ပဏီများနှင့်ချိတ်ဆက်မိရေး၊ နိုင်ငံတော်အသုံးစရိတ် လျော့နည်းသက်
သာစေရေး၊အရည်အသွေးမြင့်မားရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊တို့အပေါ်အခြေ
ခံပြီးသတိထား ဆောင်ရွက်ခဲ့ပါသည်။

အထူးသဖြင့်အိမ်နီးချင်း ပေါချောင်ကောင်းကုမ္ပဏီများမဟုတ်သည့်အမေရိကန်
ပြည်ထောင်စုနှင့ဥရောပနိုင်ငံများမှကုမ္ပဏီကြီးများနှင့်ချိတ်ဆက်မိရေးနည်းလမ်းနှင့် အဆက်အသွယ်ရှာ ဆောင်ရွက်ခဲ့ပါသည်။အမေရိကန်ပြည်ထောင်စုနှင့်ဥရောပနိုင်ငံ
များမှကုမ္ပဏီကြီးများမှာအရည်အသွေးပိုင်းထိန်းသိမ်းသည့်အပြင်အမြတ်ရရှိမှုထက် နာမည်မပျက်ရေး ဈေးကွက်ရရှိရေးဂုဏ်သိက္ခာထိန်းသိမ်းရေးကိုသာဦးစားပေးလေ့
ရှိပါသည်။လာဘ်ပေးလာဘ်ယူမှုကင်းရှင်းပြီးလာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍
ပြင်းပြင်းထန်ထန်အရေးယူနေသည့်  နိုင်ငံကြီးများ၏ကုမ္ပဏီကြီးများ ဖြစ်သည်နှင့်
အညီ မြန်မာနိုင်ငံလျှပ်စစ်ဝန်ကြီးဌာနနှင့်ဆက်သွယ်ရာတွင်လည်းလာဘ်ပေးလာဘ်
ယူမှုကင်းရှင်းစွာဆက်ဆံနေသည့်အပြင် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်ကလေးကြောင့်
နိုင်ငံတကာအလည်တွင်၎င်းတို့၏နာမည်ပျက်ခံမည်မဟုတ်ပါ။

ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြုပ်နှံရန်စီစဉ်ရာတွင်အဆောက်
အဦးများ ဆောက်လုပ်ခြင်းစမ်းသပ်တိုင်းထွာခြင်းများပြုလုပ်ရသဖြင့်အရင်းအနှီးပိုမိုကုန်
ကျကြလေ့ရှိပါသည်။အရင်းအနှီးပိုမိုကုန်ကျသော်လည်း မြန်မာဝန်ကြီးနှင့်တွေ့ဆုံရာတွင် ၀န်ကြီးမှ ကျောက်ခဲရေညှစ်သလို ဈေးဆစ်ခြင်း၊ Free Power များတောင်းခြင်းတို့ကြောင့် အမြတ်အစွန်းမဆိုသလောက်သာရရှိမည်သာဖြစ်ပါသည်။အရင်းကျေရန်မှာလည်းအနှစ်
(၂၀)ခန့်ကြာဦးမည်ဟုသိရပါသည်။ကုမ္ပဏီကြီးများမှအမြတ်အစွန်းရဖို့ထက် ဈေးကွက်
သစ်နှင့်နာမည်ရရှိဖို့ကိုသာဦးတည်လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။

 အိမ်နီးချင်းနိုင်ငံ၏ကုမ္ပဏီများမှာ၁၀၀၀ိ/- တန်ကို၁၀၀ိ/- နှင့်ဈေးဆစ်သည်ကိုလက်ခံသော်
လည်း၎င်းတို့၏ပစ္စည်းအရည်အသွေးပိုင်းကိုမူအဆမတန် လျှော့ချကြလေ့ရှိပါသည်။အိမ်နီး
ချင်းနိုင်ငံထုတ်လျှပ်စစ်ပစ္စည်းများ၏အရည်အသွေးကျဆင်းမှုကို နေ့စဉ်သုံးစွဲနေသည့် ပြည်
သူများအသိပင်ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှုအပိုင်းတွင်လည်းရုံးပိုင်းဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင်ယခင်ခေတ်က
တည်းကသတ်မှတ်ထားပြီးဖြစ်သော နိုင်ငံတကာစံချိန်စံညွှန်းနှင့်မညီတော့သည့်အမိန့်
ညွှန်ကြားချက်စည်းကမ်းများကိုဖျက်သိမ်းမှုမရှိသေးသည့်အပြင်ဝန်ကြီးဌာနအချို့၏
အောက်ခြေလုပ်ငန်းများမှာ ခေါက်ရိုးကျိုးနေသည့်ဝန်ထမ်းများကြောင့် ကြန့်ကြာမှုအခက်
အခဲများကို ကြုံတွေ့ နေရပါသည်။

လျှပ်စစ်ဝန်ကြီးဌာနနေဖြင့် ကုမ္ပဏီကြီးများနှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန်တစ်နှစ်ခန့် ကြိုးစားနေသော်လည်း MoU ရေးထိုးသည့်အဆင့်တွင်
သာရှိပြီးအပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပါ။MoUပျက်သွားပြီးအိမ်နီးချင်း
ပေါချောင်ကောင်းကုမ္ပဏီများနှင့် ပြောင်းလဲလုပ်ဆောင်မည်ဆိုပါက နောက်ထပ်အချိန်
(၁)နှစ်ကျော် ကြာစောင့်ရဦးမည်ဖြစ်ရာအဆိုပါအတောအတွင်း ပြည်သူလူထုအတွက် လျှပ်စစ်မီးအခက်အခဲများ ကြုံတွေ့ရဦးမည်ဖြစ်ပါသည်။

တင်းကျပ်သည့်စည်းမျဉ်းစည်းကမ်းများနှင့်လုပ်ဆောင်နေရခြင်းလျှပ်စစ်ဝန်ကြီးဌာန၏
ရေထွက်မတတ်ညှစ်နေသည့် ဈေးဆစ်ခြင်းတို့ကြောင့်ကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင်
ရင်းနှီးမြုပ်နှံရန်စိတ်ပျက်နောက်ဆုတ်မည့်ညဉ်းတွားသံများပင်ကြားနေရပါသည်။လျှပ်စစ်
ဝန်ကြီးဌာန၏အဂတိလိုက်စားမှုများစာတမ်းရေးသားသူမှာလာဘ်ပေးလာဘ်ယူမှုများပြား
သည့်အိမ်နီးချင်းကုမ္ပဏီများနှင့်မဆက်ဆံတော့၍လာဘ်မရတော့သဖြင့် ရေးသားခြင်းဖြစ်
သည်ဟုယူဆရမလိုဖြစ်နေပါသည်။
 

၎င်း၏ဆောင်းပါးပါတွက်ချက်ထားမှုမှာလည်းကုမ္ပဏီများ၏ကုန်ကျစရိတ်အပေါ် လျှော့ပေါ့
ပြီးလိုရာဆွဲ၍တွက်ချက်ထားခြင်ဖြစ်ပါသည်။အိမ်နီးချင်း ပေါချောင်ကောင်းမဟုတ်သည့်
ဂုဏ်သိက္ခာရှိကုမ္ပဏီများ နောက်ဆုတ်လှည့်ပြန်သွားပါက ပြည်သူများသာခံစားရမည်ဖြစ်
ပါသည်။

လျှပ်စစ်မီးပျက်တောက်မှုကို ပြည်သူများခံစားရပါကအစိုးရနှင့်လျှပ်စစ်ဝန်ကြီးဌာနအပေါ် မကျေနပ်မှုများဖြစ်ပေါ်လာပြီးထိပ်တိုက်ရင်ဆိုင်မှုများရှိလာမည်ဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ကုမ္ပဏီများလာရောက်ရင်းနှီးမြုပ်နှံမှုမပြုတော့ပါကအခြား
ကဏ္ဍများတွင်ဆက်ဆံဆောင်ရွက်ရန်စီစဉ်နေသည့်ကုမ္ပဏီများကိုပါ မောင်းထုတ်လိုက် သကဲ့သို့ဖြစ်သွားနိုင်ပါသည်။

 ပြည်ပရင်းနှီး မြုပ်နှံမှုများအတွက်အဟန့်အတားများရှိနေသဖြင့်ဖွံ့ဖြိုးတိုးတက်ရေးကိုအရှိန်
အဟုန်ဖြင့်သွားနေသောမိမိတို့နိုင်ငံမှာယခင်အတိုင်းပင် နောက်ကျကျန်နေခဲ့ဦးမည် ဖြစ်ပါ
သည်။

ကျွန်တော့်အနေဖြင့်လျှပ်စစ်ဝန်ထမ်းတစ်ဦး ဖြစ်သော်လည်းလျှပ်စစ်ဝန်ကြီးဌာနဘက်နှင့် ကုမ္ပဏီများ၏ဘက်မှလိုက်ပါရေးသားခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ ရေရှည်အကျိုးကိုသာ
ရှေ့ရှု၍  ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

အငယ်တန်းအင်ဂျင်နီယာတဦးမှရေးသားထားပါသည်။
Posted by ကိုကိုနန်းညွန့်ဦး on January 14, 2013 at http://www.edinooyin.com/

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။