Monday, January 28, 2013

အနိုင်ရ ပြည်ခိုင်ဖြိုးပါတီရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ်-ခရိုင်- မြို့နယ်ပါတီ ကော်မတီဝင်တို့၏စိတ်ဓာတ် ရေးရာများ ပြုပြင် သင့်ပြီလော၊သို့မဟုတ်

၂၀၁၅-ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးသည်တရွေ့ရွေ့နီးကပ်လာပြီဖြစ်ပါ
သည်၊ပါတီများဟာလည်း ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ကြိုးစား လှုပ်ရှားဆောင်ရွက် နေကြ ပြင်ဆင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရပြီဖြစ်ပါ
တယ်။

ပါတီရေးရာကဏ္ဍတွင်တစ်ဦးတစ်ယောက်၏ဆန္ဒအဆုံးအဖြတ်နှင့်အမိန့်ပေးစနစ်အရ
မျက်စိမှိတ်ပြီးအများကလိုက်လျှောရသည့်အဖြစ်မျိုးမည်သည့်အခါမှမသက်ရောက်စေ
အပ်သည့်နည်းတူစုပေါင်းညှိနှိုင်းမှု၊ဆွေးနွေးမှု၊ဆန္ဒယူမှုအများစု၏ဆုံးဖြတ်ချက်ကိုအနည်း
စုကလိုက်နာမှုစုပေါင်းပြီးဆုံးဖြတ်ချက်များကိုပါတီအဆင့်ဆင့်နှင့်ပါတီဝင်အသီးသီးက လိုက်နာမှုအခြေခံအဖွဲ့အစည်းအဆင့် ဆင့်နှင့် ပါတီဝင်များက အခြေအနေမှန်များကို အမှန်အတိုင်းတင်ပြမှုအပြန်အလှန်လေးစားမှုစသည့်ဒီမိုကရေစီသဘောတရားများကို
ပါတီအတွင်းခံယူလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်းစွဲမြဲစွာမှတ်ယူကြရမည်ဖြစ်ပါသည်။


အသွင်သဏ္ဍန်အရဖွဲ့စည်းမှုကျစ်လစ်ခိုင်မာသဖြင့် ပြည်သူများနှင့်ထိတွေ့ဆက်ဆံရသော ပါတီကေဒါများအနေဖြင့်ယဉ်ကျေးသိမ်မွေ့ခြင်း၊ဆက်ဆံရေးပြေပြစ်ခြင်း၊အရိပ်သုံးပါးနား
လည်ပြီးအကင်းပါးခြင်း၊လိမ်မာပါးနပ်ခြင်းတို့ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုတက်
တက်ကြွကြွဆောင်ရွက်လိုသောပါတီကေဒါများကို နေရာပေးဦးဆောင်စေခြင်းဖြင့်ပါတီ၏
အနှစ်သာရပိုမိုပြည့်စုံစေ နိုင်မည်ဖြစ်ကြောင်းသုံးသပ်ရပါသည်။

မိမိတို့ပါတီအတွင်းရှိတိုင်းရင်းသားများလည်းတန်းတူညီမျှမှုအခွင့်အရေး၊လွတ်လပ်မှုအခွင့် အရေး၊တရားမျှတမှုအခွင့်အရေးစသည်တို့ကိုခံစားခွင့်ရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေတွင်အတိအလင်းပြဌာန်းထားပြီးဖြစ်ပါသည်၊တိုင်းရင်းသားစည်းလုံးညီ
ညွတ်ရေးသည် ပြည်ထောင်စု ကြီးတည်တံ့ခိုင်မြဲရေးအတွက်အခြေခံလိုအပ်ချက်ဖြစ်ကြောင်း တိုင်းရင်းသားတိုင်းကလက်ခံယုံကြည်ထားရာအရေးကြီးဆုံးဖြစ်ပါသည်၊တိုင်းရင်းသား
လူမျိုးအချင်းချင်းတို့ သွေးစည်းညီညွတ်ရေးသည် ပြည်ထောင်စုတိုင်းရင်းသားအချင်း
ချင်းချစ်ချစ်၊ခင်ခင်၊ယုံယုံ၊ကြည်ကြည် နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးအကျိုး
စီးပွားလူမျိုးအားလုံး၏အကျိုးစီးပွားတို့ကိုအတူတစ်ကွလုပ်ကိုင်သွားခြင်း ဖြစ်ကြောင်း
ခံယူထားရန်အရေးကြီးပါသည်။

တစ်ဦးနှင့်တစ်ဦးသံသယရှိမှုများနှင့်ဆက်ဆံရေးလတ်တလောမပြေလည်မှုများကိုအခြေခံ၍
ဖြစ်ပေါ်လာသောလူမျိုးကြီးလူမျိုးငယ်ဟူသောလူမျိုးစွဲဝါဒများကင်းစင်ပပျောက်လျှက်မိမိတို့ သည် ပြည်ထောင်စုမြန်မာ နိုင်ငံသားများဖြစ်ကြသည်ဟုတစ်လုံးတစ်ဝတည်းခံယူလုပ်ဆောင် သွားရန်လည်းအလွန်အရေးကြီးပါသည်။

သို့ဖြစ်၍လူမျိုးစုအလိုက်လူဦးရေအများအပြားနေထိုင်ရာဒေသတွင်ပညာတတ်ဘွဲ့ရ သော ပါတီကေဒါများအား ဒေသကိုဦးဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင်အရွေးချယ်ခံ
ကိုယ်စားလှယ်အဖြစ ရွေးချယ်တာဝန် ပေးသင့်ပါသည်၊ဥပမာ“၀“(လွယ်လ)လူမျိုးအများ
အပြားနေထိုင်ရာဒေသတွင် “၀“(လွယ်လ)ပညာတတ်ကိုယ်စားလှယ်လောင်းကိုရွေးချယ်
သင့်ပါသည်၊ယခင်(၂၀၁၀)ရွေးကောက်ပွဲ တွင်အရွေးချယ်ခံခဲ့ရသော ပါတီကိုယ်စားလှယ်
များကလည်းထာဝရနေရာယူလိုသောအတ္တစိတ်များကိုချုပ်တည်းလျှက်အခြားသော
ပါတီကေဒါများဆက်လက်ဦးဆောင်နိုင်ရန်နားလည်ပေးသင့်ပါသည်၊
 

ယနေ့ယှဉ်ပြိုင်နိုင်ငံရေးပါတီများအင်အားတိုးပွားလာရခြင်းမှာမိမိတို့ပါတီအတွင်းထက်မြက်
သောမျိုးဆက်သစ်များအား နေရာပေးရန်ပျက်ကွက်ခြင်းဟူသောအကြောင်းအရာပါဝင်နေ
ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်၊ထက်မြက်သောပါတီကေဒါများကို နေရာပေးရန် ၀န်မလေးသင့် ကြောင်းသင်ခန်းစာရယူသင့်ပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပါတီကော်မတီအတွင်းတွင်ပင်ပါတီကေဒါအချို့သည်မိမိ ကိုယ်တိုင်ပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍတွင် နေရာရယူလျှက်မကဘဲ၎င်းနှင့်
ဆက်နွယ်သောဆွေမျိုးညှာတိများကိုပင်ပါတီဦးဆောင်မှုအခန်းကဏ္ဍအတွင်းအတင်းအကြပ် သွပ်သွင်းလိုသောပုဂ္ဂိုလ်များပါတီတွင်းဒီမိုကရေစီအရေးကိုပစ်ပါယ်လျှက်၎င်းတို့အလိုရှိ
ပုဂ္ဂိုလ်များကိုမရမကပင်ပါတီဦးဆောင်မှုကဏ္ဍတွင်ထည့်သွင်းဖွဲ့စည်းပေးရန်အတင်းအကြပ်
တောင်းဆိုသော ကေဒါများပင်ရှိနေပါသည်၊အဆိုပါပုဂ္ဂိုလ်များသည်နယ်မြေတာဝန်ခံဗဟို
အလုပ်အမှုဆောင်မှ ဒေသသို့ ရောက်ရှိလာပါကပတ်ချွဲနှပ်ချွဲ ပြောဆိုကာ ဖေါ်လံဖားရာ
တွင်ကျွမ်းကျင်ခြင်းထိုသို့ပြုမူတတ်သော်လည်းပါတီတွင်းလုပ်ငန်းများကိုမူစာတစ်စောင်မျှ
ကိုပင် ရေးသားခဲ့ဖူးကြောင်းမတွေ့ရပေ၊ရုပ်စွအဆုံးအချို့ဆိုလျှင်ပါတီရုံုးသို့ပင်မလာရုံး
တွင်ဘာလုပ်နေသည်ကိုပင်၎င်းတို့မသိသောပုဂ္ဂိုလ်မျိုးများဖြစ်နေကြောင်းတွေ့ရမည်ဖြစ်
ပါသည်။

ရွေးကောက်ပွဲနိုင်ခြေရှိသောပုဂ္ဂိုလ်များကိုကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းဟူသော
အကြောင်းပြချက်သည်အထိုက်အလျှောက်မှန်ကန်မည်ဖြစ်ပါသော်လည်းပါတီကေဒါ
အများစု၏စည်းရုံးရေးစွမ်းအား ကောင်းမွန်ခဲ့ပါကမည်သူမဆိုရွေးကောက်ပွဲတွင်အနိုင်
ရပုဂ္ဂိုလ်ဖြစ်နိုင်ပါသည်၊ပြည်သူ၏နှစ်လုံးသည်းပွတ်ကို ကိုင်လှုပ်နိုင်သောစည်းရုံးရေး
စွမ်းအားကိုမည်သူမျှအန်မတုနိုင် ကြောင်းသက်သေသာဓကအများအပြားရှိကြောင်း
သတိပြုသင့်ပါသည်။

ပါတီတွင်းကေဒါတစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားခြင်း၊အပြန်အလှန်အလေးထား
ခြင်းတို့သည်ပါတီလုပ်ငန်းအောင်မြင်ရေးကို ဆောင်ကျဉ်း ပေးနိုင်မည်မလွဲပါနယ်မြေ
တာဝန်ခံဗဟိုအလုပ်အမှုဆောင်နှင့်အလျင်းသင့်သောပါတီကေဒါကမည်သူ့ကိုမှထီ
မထင်သောငါတကောကောနေသောလုပ်ရပ်များသည်အလွန်ဆက်ဆုတ်ဖွယ်
အဖြစ်တွေ့မြင်ရမည်ဖြစ်ပါသည်၊အထက်နှင့်အောက်ဟူသောအသုံးအနှုန်းအစား
ပြည်နယ်နှင့်ခရိုင်၊မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီများဟူ၍သာ
သုံးနှုန်းသင့်ပါသည်၊မည်သူကအထက်၊မည်သူက အောက်ဆိုသည်ထက်ပါတီကော်
မတီအချင်းချင်းအပြန်အလှန် လေးစားလျှက်လုပ်ငန်းအောင်မြင်ရေးကိုသာဦးတည်
သင့်ပါသည်၊ပါတီကော်မတီချင်းတွင် ကော်မတီချင်းအဆက်အဆံမပြုနိုင်လောက်
အောင်အစေးမကပ်ဖြစ်ပေါ်နေပါကပါတီစည်းလုံးညီညွတ် ရေးအတွက်အလားအလာ
၏မကောင်းတော့ကြောင်းသတိပြုမိပါသည်၊ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၏
ပစားပေးခံရသူဖြစ်လင့်ကစားအခြားပါတီကေဒါများအပေါ်ပလွှားမှုမရှိသင့်အားလုံး
သည်လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြောင်းခံယူနိုင်သောစိတ်ဓာတ်မွေးမြူ သင့်ပါသည်။

သို့ဖြစ်၍မိမိကိုယ်ကိုယ် မိမိသုံးသပ်လျှက်ဝေဖန်စမ်းစစ်လျှက်ပြုပြင်သင့် သည်များကို
ပြုပြင်ပြီး စိတ်သစ်လူသစ်ဖြင့်ရှေ့ခရီးသို့ ချီတက်ရန်လိုအပ်ပါသည်၊သို့ဖြစ်ပါ
၍ကောင်းမွန်မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းတည်ထောင် ထားရှိသော မိမိတို့ပါတီကြီးသည်စိတ်သဘောထားသေးသိမ် သောအတ္တကြီးမားသောပုဂ္ဂိုလ်
များနှင့်လားလားမျှမအပ်စပ်ပါကြောင်း၊ထို့အပြင်ထာဝရလွှတ်တော်ကိုယ်စားလှယ်နေရာ
ရယူလိုသောပုဂ္ဂိုလ်များအတွက်လည်းထာဝရနေရာမျိုးမရှိ၊တစ်ဆွေတစ်မျိုးလုံးအတွက်
သီးခြားဖန်တီးထားသေ နေရာမျိုးလည်းမရှိပါကြောင်းပါတီတွင်း ရွေးကောက်ပွဲကိုယ်စား
လှယ်လောင်းအမည်စာရင်း ကြိတ်ပုန်းခုတ်ကာလက်သိပ်ထိုးပြီး နေရာရယူရန်ကြိုးစား
အားထုတ်လျှက်ရှိသူပါတီကေဒါအချို့ဂရုပြုမိစေရန်အပြုသဘောဖြင့်ရေးသားတင်ပြ
လိုက်ပါသည်။

စိုင်းဖိုးအိပ်
တောင်ပေါ်သားပါတီကေဒါ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရှမ်း(အရှေ့)။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။