Wednesday, October 29, 2014

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ ၂၀၁၅ရွေးကာက်ပွဲအောင်နိုင်ရေးမဟာဗျူဟာ နည်းဗျူဟာများနှင့် ပါတီမူဝါဒရေးဆွဲမှု ရာခိုင်နှုန်း၈၀ ပြီးစီး

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ဗဟိုကော်မတီအစည်းအဝေး၌၂၀၁၅ရွေး
ကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာနည်း
ဗျူဟာနှင့်ပါတီမူဝါဒများကိုရေးဆွဲကြ
ကြောင်းသိရသည်။
အောက်တိုဘာ၂၄ရက်မှ၂၆ရက်ထိပြုလုပ်
သည့်ဗဟိုကော်မတီအစည်းအဝေးတွင်
ရွေးကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာ
ရာခိုင်နူန်း၈၀ကိုရေးဆွဲပြီးစီးခဲ့ကြသော်
လည်းယင်းကို၂၀၁၅နှစ်ဆန်းပိုင်းတွင်ပြု
လုပ်မည့်ပါတီညီလာခံမှသာပြည်သူလူထု
ကိုထုတ်ပြန်အသိပေးသွားမည်ဖြစ်
ကြောင်းအတွင်းရေးမှူးဦးဆလိုင်းကျဲအို
ဘိခ်တောင်ကပြောသည်။
''က္ဈန်တော်တို့တိုင်းရင်းသားပါတီတွေက
အမျိုးသားရေးကိုအခြေခံပြီးမတူညီတဲ့မူနဲ့
ပြည်သူကိုမဲဆွယ်မယ်။ဒီမဟာဗျူဟာမှာ
ပါတဲ့အချက်အလက်အသေးစိတ်အချက်အလက်အသေးစိတ်ကိုကျွန်တော်တို့ပါတီ
ညီလာခံလုပ်မှပဲထုတ်ပြန်မယ်''ဟုပြော
သည်။
ထို့ပြင်သုံးရက်တာအစည်းအဝေးတွင်ချင်း
တိုးတက်ရေးပါတီဘက်မှကူးပြောင်းလာ
သောလွှတ်တော်ကိုယ်စားလှယ်သုံးဦးကို
ကြိုဆိုသည့်အခမ်းအနားကိုလည်းပြုလုပ်
ခဲ့ကြောင်းသိရသည်။
ကူးပြောင်းလာသည့်လွှတ်တော်ကိုယ်စား
လှယ်သုံးဦးမှာအမျိုးသားလွှတ်တော်ကိုယ်
စားလှယ် ဦးပေါ်လလျှံလွင် ချင်းပြည်နယ်
လွှတ်တော်မှ ပြည်နယ်လွှတ်တော်ကိုယ်
စားလှယ် ဦးကီးထန်းလွေးနှင့် ဦးနန်းဆိုက်
တို့ဖြစ်ကြသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီသည်
ချင်းအမျိုးသားပါတီနှင့်ချင်းတိုးတက်ရေး
ပါတီမှပူးပေါင်းလိုသူအချို့ တို့ပေါင်းစည်း
ထားကြခြင်းဖြစ်သည်။

credit>>> Democracy today
                 28.10.2014