၂၀၁၅-ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးသည်တရွေ့ရွေ့နီးကပ်လာပြီဖြစ်ပါ
သည်၊ပါတီများဟာလည်း ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ကြိုးစား လှုပ်ရှားဆောင်ရွက် နေကြ ပြင်ဆင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရပြီဖြစ်ပါ
တယ်။
ပါတီရေးရာကဏ္ဍတွင်တစ်ဦးတစ်ယောက်၏ဆန္ဒအဆုံးအဖြတ်နှင့်အမိန့်ပေးစနစ်အရ
မျက်စိမှိတ်ပြီးအများကလိုက်လျှောရသည့်အဖြစ်မျိုးမည်သည့်အခါမှမသက်ရောက်စေ
အပ်သည့်နည်းတူစုပေါင်းညှိနှိုင်းမှု၊ဆွေးနွေးမှု၊ဆန္ဒယူမှုအများစု၏ဆုံးဖြတ်ချက်ကိုအနည်း
စုကလိုက်နာမှုစုပေါင်းပြီးဆုံးဖြတ်ချက်များကိုပါတီအဆင့်ဆင့်နှင့်ပါတီဝင်အသီးသီးက လိုက်နာမှုအခြေခံအဖွဲ့အစည်းအဆင့် ဆင့်နှင့် ပါတီဝင်များက အခြေအနေမှန်များကို အမှန်အတိုင်းတင်ပြမှုအပြန်အလှန်လေးစားမှုစသည့်ဒီမိုကရေစီသဘောတရားများကို
ပါတီအတွင်းခံယူလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်းစွဲမြဲစွာမှတ်ယူကြရမည်ဖြစ်ပါသည်။