Friday, March 14, 2014

မတ် ၁၄ရက် နေ့ပြည်တွင်းသတင်းများ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်နိုင်ငံ
သား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူ
များကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည့် အတွက် ယင်းအချက်ကို ပြင်ဆင်
မည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံဖတ်ရန် 

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံတွင်းသို့ သစ်မှောင်ခို ခိုးထုတ်မှုများတွင် မြန်မာ အစိုးရ
စစ်တပ်များ ပါဝင် ပတ်သက် နေပြီး မှောင်ခိုသမား များထံမှ လာဘ်ငွေယူကာ သစ်မှောင်ခို
ခိုးထုတ်မှုများကို အစိုးရ စစ်တပ်က ခွင့်ပြုပေးနေကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံဖတ်ရန် 

 




လယ်တီဆရာတော်ုရားကြီး၏ သိမ်ကျောင်းကိုပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းကိုလတ်တလော
ရွှေ့ပြောင်းရန် အစီအစဉ်မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး
သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်ကပြောကြားသည်။

လက်ရှိအချိန်တွင် လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်းဆောင်
ရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး ယခုလ ၂၆ရက်တွင် အပြီးပြောင်း
ရွှေ့မည်ဆိုသည့်သတင်းများ ဒေသခံများထံမှ ထွက်ပေါ်လာမှုများ
ကြောင့် ဒီမိုကရေစီတူဒေးသတင်းစာက ဆက်သွယ်မေးမြန်းမှုအပေါ်
အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“သာသနာရေးနဲ့ပတ်သက်နေတဲ့အတွက် သေချာစိစစ်ပြီးမှ ပြောင်း
ရွှေ့သွားမှာပါ။ လတ်တလောတော့ မပြောင်းနိုင်သေးပါဘူး” ဟု
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီးဦးသန်းထိုက်က
ေပြောသည်။

ထွန်တုံးတိုက်ပွဲများ လယ်သမားများဆက်လက်ဆင်နွှဲမည်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ
ဆင်နွှဲသည့် လယ်သမားများအား တရားစွဲခံထားရသော်လည်း
ထွန်ုတုံးတိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း
တံငါမြောက်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးရဲရင့်အောင်
ကပြောသည်။