မြစ်ကြီးနား၊ဆွမ်ပ၇ာဘွမ်သွားကာလမ်းပေါ်က ဆွတ်ခါးရွာအနီးမှာ ကေအိုင်အေတပ်မဟာ (၁)အင်ဂွန်းလမှကေအိုင် အေ တပ်ဖွဲ့တွေဟာ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ပူတာအိုကို ဆိုင်ကယ်တွေနဲ့ ဒီဇယ်၊ဓာတ် ဆီသယ်ယူပို့ဆောင် သွားလာနေတဲ့ ဆိုင်ကယ်သမားတွေကို နိုဝင်ဘာလ(၂၅)ကနေ(၂၆)ရက်နေ့အထိပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။
ဒီဇယ်နဲ့ဓာတ်ဆီတစ်ချို့ကိုမီးရှိုဖျက်ဆီးပြီး တစ်ချို့ကိုတော့ ဆွတ်ခါးရွာကဘုရာကျောင်းမှာထားခဲ့ပါ တယ်။ လူတွေကို တော့ ကေအိုင်အေစစ်သားလုပ်ခိုင်းဖို့တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထွက်ပြေးလွတ်မြောက် လာတဲ့ ဆိုင်ကယ်ကယ်ရီသမားကိုအဆူးနော်ကပြောပါတယ်။ အခုနောက်ပိုင်း အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေ မှာKIA အဖွဲ့ထိခိုက်ကျဆုံးမှုတွေများနေပြီး စခန်းတွေလည်း တစ်ခုပြီးတစ်ခုလက်လွှတ်နေရပါတယ်။ ရှေတန်း ကေအိုင်အေစခန်းတွေကိုအင်အားထပ်ဖြေ့ဖို့အတွက် လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းကယောင်္ကျားမှန်သမျှ ကိုရှေ့တန်း ကိုပို့ဆောင်ပြီး စစ်မှုထမ်းခိုင်းနေတာဖြစ်ပါ တယ်။