Thursday, May 31, 2012
၃၁-၅-၂၀၁၂ ပြည်တွင်းသတင်းများ
- ပုံပါကျင်တိုက်ပွဲအတွက် RCSS/SSA အား တပ်မတော်မှ တောင်းပန် ..... Read More
- ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက်တောင်ပိုင်း ဝ မြို့သစ်တည်  ..... Read More
- ဆန္ဒပြမှုများတွင် ပါတီများမပတ်သက်ရန် ခေါ်ယူသတိပေး ..... Read More
- တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး ..... Read More
- နိုင်ငံ ၂၇ နိုင်ငံကို ဆိုက်ရောက်ဗီဇာ ပြန်လည် ခွင့်ပြုပြီ ..... Read More
- အလုပ်သမား အခွင့် အရေး ဆောင်ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော ..... Read More
- မူလတန်း အခမဲ့ဆိုသော်လည်း ရန်ကုန်ကျောင်းတချို့ ငွေတောင်းခံနေဆဲ ..... Read More
- ဓာတ်ဆီလောင်း မီးရှို့ခံရသည့် အမျိုးသမီး သေဆုံး ..... Read More
- ဒေါ်စု WTO ညီလာခံမှာ ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံမည် ..... Read More
- ဒေါ်စုအတွက် AI အမြင့်ဆုံးလူ့အခွင့်အရေးဆုကို Bono ကိုယ်တိုင် ချီးမြှင့်မည် ..... Read More
- ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ ဒေါ်စု တွေ့ဆုံ အားပေး ..... Read More
-
Wednesday, May 30, 2012
ဝေဖန်တယ်ဆိုတာ
ကျောက်ဆည်သံရွာအထက်တန်းကျောင်းမှကျောင်းဆရာမတစ်ဦးအသတ်ခံရမှု
ကျောက်ဆည်မြို့၊လွန်ကျော်အမှတ်(၁)စိုက်ပျိုးရေးခြံမှာနေထိုင်တဲ့ကျောင်းဆရာမဒေါ်နန်းနွံ(ခေါ်) ဒေါ်မြမြ စိန် အား ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီမိနစ် ၂၀ အချိန်ခန့်မှာ အိမ်တွင်းဖောက်ထွင်း ၀င် ရောက်နေသူတစ်ဦး က လည်ပင်းကို ဓားနဲ့ထိုးသတ်တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဆရာမဒေါ်မြမြစိန်ဟာခင်ပွန်းဖြစ်သူဦးခင်မောင်တင့်(စိုက်ပျိုးရေးခြံလုပ်သားမှူး)နဲ့သားဖြစ်သူတို့နဲ့အတူအိမ် ခန်းထဲမှာအိပ်နေစဉ်အသတ်ခံခဲ့ရတာဖြစ်ပါတယ်။သတ်တဲ့သူဟာအိမ်သားတွေမရှိခိုက်အိမ်ထဲဝင်ပုန်းနေတာ ဖြစ်ပါတယ်။
ညဖက်အိမ်သားတွေအိပ်ပျော်နေချိန်မှာဆရာမရဲ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်နေစဉ်မှာ ဆရာမဒေါ်မြမြစိန် လန့်နိုးသွားပြီး အော်ဟစ်အကူအညီ တောင်းတဲ့အတွက် ဓားနဲ့ လည်ပင်းကို ထိုးပြီးထွက်ပြေးသွားခဲ့ တာဖြစ် ပါတယ်။
သမ္မတကြီးနှင့်တကွပညာရေးဝန်ကြီးတို့သိစေရန်
ကျွန်တော်တို့ကျောင်းဟာ တာချီလိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မိုင်းကိုးဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းအပါအ၀င်မိုင်းကိုးကျေးရွာအုပ်စုတွင်ကျောင်းပေါင်း(၁၅)ကျောင်းရှိပါသည်။ထိုကျောင်းများ မှာမူလတန်းနှင့်မူလတန်း(လွန်)ကျောင်းများဖြစ်ပါသည်။ထိုကျောင်း(၁၄)ကျောင်းမှမိုင်းကိုးအခြေခံအထက်တန်း ကျောင်း(ခွဲ)သို့တတ်ရောက်လိုသောကျောင်းသား/သူအသစ်များကိုကျောင်းအုပ်ကြီးဦးအေးသိန်းမှာထိုင်းဘတ် ငွေ (၁၀၀၀)ကောက်ခံနေပါသည်။
(၁၄)ကျောင်းမှကျောင်းသား/သူများသည်မိုင်းကိုးကျောင်းတွင်မနေပဲတာချီလိတ်၊ကျိုင်းတုံကျောင်းသို့ပြောင်းရွေ့ လိုပါကမိမိကျောင်းနှင့်မဆိုင်သော်လည်းဘတ်ငွေ(၁၀၀၀)၊မိမိကျောင်းမှကျောင်းသူ/သားများကျောင်းပြောင်း လက်မှတ်ယူလျှင်လည်းဘတ်ငွေ(၁၀၀၀) ပေးမှရမည်ဟုဆိုသည်။ ငွေကြေး မတတ်နိုင် သောမိဘများအား သဲ (၁)စီး၊ကျောက်(၁)စီး၊ အုတ်(၁)စီး၊ ဘိလပ်မြေ စသည်တို့ကို ကြိုက်နှစ် သက်ရာ လှူဒါန်းနိုင်သည်။ မပေး လျှင် မရဟုပြောသည်။ကျောင်းအပ်နှုန်းများမှာအစိုးရမှတရားဝင်ကျပ်ငွေဖြင့်သတ်မှတ်ထားသောလည်း ကျပ်ငွေဖြင့် ကျောင်း အပ်လျှင် လက်မခံ၊ ဘတ်ငွေဖြင့်သာ လက်ခံသည်။ ပညာရေးမှူးရုံးမှ ခိုင်းသည်ဟုဆိုပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အထက (၃) ကျောင်းမှ မတရားမှုများ လာဘ်စားမှုများ ဖော်ထုတ်ပေးပါ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အထက (၃) ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းစာရေးကြီးနှင့် ဟိန္ဒူ ဆရာ မတို့ (၃) ဦးပူးပေါင်း၍ S.A.T များ လုံလောက်စွာရှိပါလျက် J.A.T များကို အထက်တန်းသင်စေ၍ လာဘ်စား သည်။
Time Table များလိမ်ညာဆွဲ၍ အထက်ကိုတင်သည်။လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမ များအပေါ် အတန်း ခွဲမှု နှင့်ပတ်သတ်၍ ငွေယူလာဘ်စားသည်။ မဆိုင်သောနယ်မြေမှ လာရောက်အပ်နှံသော ကျောင်းသားများ ကို လက်ခံငွေယူ လာဘ်စားသည်။မနှစ်က ကျောင်းသား ၁ ယောက် ၅သောင်း ၊ ၃ သောင်း လာဘ်စားသဖြင့် မိဘများက မကျေနပ်၍ တိုင်သော်လည်း ပေါ်အောင် မစစ်နိုင်ပါ။
Form ကြေး ၁၀၀ ကျပ်ကောက်တာပေါ်သွားပေမယ့်ဘာမှ အပြစ် မပေးပါ။ ကျောင်းအုပ်ကိုယ်တိုင်က "" မနှစ် က Form ကြေး ၁၀၀ကောက်တာရတာမှငါ့မှာ ၂ သိန်းပဲရတယ် ပြဿနာ ဖြစ်လို့ အထက်ကိုပြန်ပေး လိုက်ရ တာက ၃ သိန်းကုန်တယ်ဟု လျှောက်ပြော နေပါသည်။
ဆရာမကြီးရဲ့တိုက်အသစ်ကြီးပြီးလုပြီ။လာဘ်စားတာထင်ရှားနေပါပြီ။ဒီနှစ်တော့ လာဘ်စားမှုတွေ ပေါ်အောင် စစ်ပေးပါတော့။
အမှန်တရားကိုလိုလားတဲ့
၃၆ ဦး
ဒေါ်စုနှင့်အနီးကပ်များသို့
ဘန်ကောက်လေဆိပ်သို့ရောက်ရှိလာသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိုဆိုသူများ
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ထိုင်းအာဏာပိုင်တို့ အကြံပြု၍ဖြစ်စေ မိမိကိုယ်တိုင်ရောက်ဖူး လို သော ဆန္ဒပြင်းပြနေလျှင်ဖြစ်စေ မဲဆောက်သို့သွားဖြစ်လျှင်
၁။ ဒေါက်တာဆင်သီရာမောင် ၊..မယ်တော် ဆေးခန်း၊ ……..သွားသင့်တွေ့သင့်သည်။
၂။ KNU နှင့်....................................................................တွေ့သင့်သည်။
၃။ နှစ်ပေါင်းများစွာ မှယနေ့ထိ ထိုင်းနိုင်ငံဥပဒေအရ တရားမ၀င်သော “ ဒုက္ခသည်စခမ်း” ဆိုသည့်နေရာ များ သို့ ဒေါ်စုအနေဖြင့် “ ယခုအချိန်တွင် ” မသွားသင့်ပါ။
နက်နဲရှုတ်ထွေးလှသော ထိုဒေသများ၏ နောက်ကြောင်း နှင့် ကိစ္စအ၀၀ ကို ဒေါ်စုနှင့်အနီးကပ်များ အချိန်မှီ အပြည့်အစုံမသိရှိနိုင်ပါ။
ဘာမှမဖြစ်ခဲ့လျှင် လဲ ဘာမှအကျိုးထူးနောက်ဆက်တွဲပေါ်စရာမရှိပါ။တစ်စုံတစ်ခုဖြစ်လျှင်လဲ ထိုင်းနိုင်ငံတွင် တာဝန်မရှိပါ ။
ဒေါ်စုခရီးစီစဉ်သူများ….. မဲဆောက်သည် ကရင်ပြည်နယ်မဟုတ်သည်ကိုလည်းကောင်း ၊ ထိုဒေသ၏ သမိုင်း ကြောင်း နောက်ခံအရှုတ် အထွေးများ ကို မိမိတို့မည်မျှသိကြောင်း ကိုလည်းကောင်း အထူး သတိပြု ပါ။
အချိန်သိပ်ရလျှင် မြဘုရားသွားဖူးပါ။ အသွားမတော် တစ်လှမ်းဟူသော စကားရပ်တွင် ဘုရားကျောင်းကန် များ မပါပါ။
ဒေါ်စုသည်နိုင်ငံရေးအာဏာသက်တမ်းကုန်ခါနီးမှထိုနေရာသို့သွားကြသောလော်ရာဘုတ်(စ်)လည်း မဟုတ် ပါ။ တိုက်စင်ရှီနာဝပ်လည်းမဟုတ်သည်ကိုသတိပြုပါ။ ဒေါ်စုသည် ဒေါ်စုသည်သာဖြစ်သည်။
စေတနာဖြင့် ။
MK
၂၇.၅.၂၀၁၂
Hessen,
Germany။
၃၀-၅-၁၂ ပြည်တွင်းသတင်းများ
  - ဝ လူဦးရေတိုးပွါးရေးစီမံကိန်းတောင်ပိုင်း ဝ တပ်ဖွဲ့မှ စုံတွဲရာချီအား မင်္ဂလာ ပွဲကျင်းပ ..... Read More
- ကေအိုင်အေ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထုအခက်တွေ့ ..... Read More
- သျှမ်းပြည်မြို့တော်နှင့်အခြားမြို့ငယ်များ၌လည်း လျှပ်စစ်မီးပြတ်တောက်ရေး ပြဿနာကြုံတွေ့ရ ... Read More
- သျှမ်းလူမျိုးအကြောင်း လေ့လာရေးဗဟိုဌာနဖွင့်လှစ်နိုင်ရေးအစည်း အဝေးကျင်းပ ..... Read More 
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွား ..... Read More
- ယာယီနိုင်ငံကူး လက်မှတ် လုပ်ငန်း လိမ်လည်မှုရှိ ..... Read More
- အိုင်ဒီပီ ပြန်လည်နေရာ ချရေး ..... Read More
- လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ ..... Read More
- ဒေါ်အောင်ဆန်းစုကြည်အလုပ်သမားအဖွဲ့များနှင့် တွေ့မည် ..... Read More
- အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ ..... Read More
- အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည် ..... Read More
- ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ ..... Read More
- မျိုးကျော့မြိုင်ရဲ့ လက်ရောက်မှုနဲ့ ဆီးဂိမ်းအတွက် သီချင်းဖန်တီးသူ ..... Read More
- IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည် .....  Read More
- ဟိုတယ်ဈေးနှုန်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အခက်တွေ့ ..... Read More
- ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး ..... Read More
- ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည် ..... Read More
- ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို ..... Read More
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပထမ ညီလာခံ အကြိုညှိနိုင်းပွဲ စတင်ကျင်းပ .... Read More
- ဂတ်စ်စီမံကိန်းအပေါ်ဒေသခံလူထုစိတ်ပျက်စပြုလာ ..... Read More
- ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ ..... Read More
- တောင်ကုတ်မြို့ရှိ အိမ်ခြေ ၆၀ခန့်ပြောင်းရွှေ့ခံရ ..... Read More
- အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်..... Read More
- ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော ..... Read More
- ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး....Read More
- အမျိုးသားအဆင့် အကြံပေးကောင်စီ အတွက် ဆွေးနွေးမှုများ ရှိနေ..... Read More
- မြန်မာဆန်နီအထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ ..... Read More
- အိန္ဒိယ ကွန်ဂရက်ပါတီဥက္ကဋ္ဌ က NLD ဥက္ကဋ္ဌကို ဖိတ်ကြား ..... Read More
- ဒေါ်စု အာရှအမျိုးသမီးများ အကြောင်း ဟောပြောမည်..... Read More
Tuesday, May 29, 2012
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံ
အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ အိန္ဒိယ သံရုံးတွင်တွေ့ ဆုံခဲ့ရာ မြန်မာဒီမိုကရေးစီပြုပြင်ပြောင်းလဲရေးတွင် အဓိကအရေးပါသောအတိုက်အခံ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
အစိုးရ၀န်ကြီးအဖွဲ့ တွင် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်ဟု ပြောဆိုကာ မြန်မာနိုင်ငံတွင် ထွန်းလင်း ထောက်ပနေသော ဒီမိုကရေစီ ပန်းတစ်ပွင့်ဖြစ်သည်ဟုဆိုကာ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးနှင့် အမျို သား ပြန်လည်သင့်မြတ်ရေးတို့ ကို အကောင်းဆုံးအကောင်အထည်ဖေါ်ပေးနိုင်သော ခေါင်းဆောင်တစ်ဦးဖြစ် လိမ့်မည်ဟု ယုံကြည်သည်။
ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် ကျွန်တော်တို့ တတွေဟာ ဒီမို ကရေစီဖွံ့ ဖြိုးရေးအတွက်ဆောင်ရွက်ပေးနိုင်သောကိစ္စများကိုပူးပေါင်းဆောင်ရွက်ရန်ကတိပြုခဲ့ပြီး သံတမန် ဆက်ဆံရေးအလေးထားကာ ဒီမိုကရေစီဖွံ့ ဖြိုးရေး အစရှိသည်တို့ ကို ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့်  အိန္ဒိယ အနေဖြင့်လွတ်လပ်စွာကူညီဆောင်ရွက်သွားမည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်စတင်
မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်(NLD)သည် ၂၄ နှစ်ကြာနိုင်ငံခြားတွက်ရန် အခက်အခဲရှိခဲ့ပြီး မေလ ၂၉ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ အလည်အပါတ်ထွက်ခွာမည်ဖြစ်သည်။
၆ လ အလယ်ပိုင်းတွင် အနောက်နိုင်ငံများသို့  ခရီးထွက်ရန်ပြင်ဆင်ထားကာ မိမိ၏လွတ်လပ်မှုကို ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရန်ရှိသည်။ ဒေါ်အောင် ဆန်း စုကြည် သည် မေလ ၂၉ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့  ထွက်ခွာ လာမည်ဖြစ်ပြီး ၃၀ ရက်နေ့ တွင် ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ဖွင့်လှစ်ပွဲသို့ တက်ရောက်ကာ အရှေ့    တောင် အာရှမှ အစည်းအဝေး အစီင်္စဉ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လက်   နှင့်လည်း ဆွေးနွေး မည့် အစီအစဉ်ရှိ သည်ဟု သိရှိရသည်။
မြန်မာနယ်စပ်ဒုက္ခသည်များနေထိုင်ရာသို့သွားရောက်ကြည့်ရှုမည့်သတင်းများထွက်ပေါ်နေပြီးNLDပြောရေး ဆိုခွင့်ရှိသူ၏ အဆိုအရ ထိုင်းနိုင်ငံသို့  ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်အတွင်းမြန်မာ နယ် စပ်ရှိ ဒုက္ခသည်များအားဆက်လက်အကူအညီပေးရန် နိုင်ငံတကာလူမှုအဖွဲ့ အစည်းများကို တိုက်တွန်း ပြော ဆိုမည်ဟုသိရှိရသည်။ထိုင်းနိုင်ငံတွင်နိုင်ငံရေးခိုလုံနေကြသောဂျာနယ်လစ်များက ဒေါ်အောင်ဆန်းစု ကြည် လာရောက်မှုကို ကြိုဆိုသည်ဟုဆိုသည်။
CBS စနစ်သို့ ပြောင်းလဲသဖြင့်မေ(၃၀)ညလယ်တွင်မိုဘိုင်းဆက်သွယ်မှုလိုင်းအားခေတ္တဆိုင်းငံ့
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ရန်ကုန်မြို့အလုံအိတ်ချိန်းရှိ CDMA
( 450 MHz )Prepaid/postpaid မိုဘိုင်းတယ်လီဖုန်းများအတွက်အသုံးပြုနေသောCBS စနစ်သို့ ပြောင်းလဲ တပ်ဆင်သွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရ သည်။
 “  နိုင်ငံတကာမှာအသုံးပြုနေတဲ့ စနစ်များလိုဖြစ်အောင်၊ အခုလို ခေတ်မီတဲ့ ငွေကောက်ခံတဲ့ စက်ကိရိယာ တွေနဲ့  ပြောင်းလဲတပ်ဆင်ရတာပါ”    ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။
 CDMA ( 450 MHz ) Prepaid/postpaid များအား Cutoverပြုလုပ်ခြင်းအား မေ(၃ဝ) ရက် (ဗုဒ္ဓုဟူးနေ့) ည(၁၂)နာရီ မှစ၍ မိနစ် ၂၀ ခန့် အကြာ  ပြုလုပ်သွားမည်ဖြစ်သဖြင့် မိုဘိုင်းဖုန်းဆက်သွယ်မှူလိုင်းများအား ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ကြောင်း သိရသည်။
 “မိနစ်နှစ်ဆယ်လောက်ပဲ ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အရင်လို မပြောမဆိုနဲ့ ဘာမှဆက်လို့ မရတော့ တာနဲ့စာရင်အများကြီးသက်သာတာပေါ့။ အဲဒီအချိန်တော့ဖုန်းသုံးတာလည်း သိပ်မရှိပါဘူး ” ဟု ရန်ကုန်မြို့ ခံကိုနိုင်လင်းက ပြောသည်။
ဒီနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ
တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြ လိုက်ပြီး ကျောင်းသားတွေ ကိုမေး လိုက်တယ် ။
“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ ”
“ ငါးဆယ်ဂရမ် ”.....“ ၁၀၀ ဂရမ် ”....“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ် ။
“ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ ”“ ဘာမှမဖြစ် နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။
“ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော် ဖက်ဆာ က ထပ်မေးတယ် ။
“ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ” ကျောင်းသားတွေထဲက တစ်ယောက်က ဖြေတယ်။
၂၉-၅-၂၀၁၂ ပြည်တွင်းသတင်းများ
- တရုတ် နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာ အသာရပြီ .....Read More
- ရင်းနှီးမြှုပ်နှံမှုအစ ပြည်တွင်းက ..... Read More
- ဒေါ်အောင်ဆန်းစုကြည်ဘာသတင်းစကားတွေ သယ်ဆောင်လာမလဲ .....Read More
- ဦးခင်ရွှေကို လယ်သမားများ တရားစွဲပြီ ..... Read More
- လားရှိုး – မူဆယ်လမ်းကို အသုံးမပြုရန် ပိတ်ပင်စာကြောင့် ဒေသခံများထိတ်လန့် ..... Read More
- လူပြန်တော်များကို ကြိုဆိုကြ ..... Read More
- အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက် ....... Read More
- အိန္ဒိယဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့တွေ့မည် ..... Read More
- ကချင်သတင်းထောက် လဖိုင်နော်မိန်း ပြည်သူ့ဂုဏ်ရည်ဆုရ ..... Read More
- လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်..... Read More
- အမှတ်၆၁၈စစ်ရေယာဉ်မှူးမာန်အောင်မြို့တွင် ရိုင်းပျစွာ ဆဲဆိုစော်ကား .....Read More
မြန်မာနိုင်ငံ ခရီးစဉ် အကြို အိန္ဒိယ ဝန်ကြီးချုပ်၏ ကြေညာချက်..... Read More
- သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေးဖိုရမ် မတက်ဖြစ်တော့ .....Read More
- အိန္ဒိယနှင့် မြန်မာ ကဏ္ဍမျိုးစုံ ပါဝင်သည့် စီးပွားရေး စာချုပ်များ လက်မှတ်ထိုး ..... Read More
- ဘုရားသုံးဆူ ပြန်ပေးမှုတွေ သောင်းကျန်းလာ.....Read More
- မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ ..... Read More
- ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ (ဆောင်းပါး) ..... Read More
- GSM နှင့် WCDMA ဖုန်း ကျပ်သန်းပေါင်း ကိုးသောင်းကျော်ဖိုး ရောင်းရ ..... Read More
Monday, May 28, 2012
ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း
ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကိုထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာ စံချိန် သစ် များအားလုံးကိုမြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။
ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....
(၁)အာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအားကမ္ဘာ့အခြားနိုင်ငံများကြးထဲတွင်ထင်ရှားစွာမြင်တွေ့နိုင်သော တစ်ခုထဲသာရှိသောနိုင်ငံအဖြစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။မီးများထိန်ထိန်လင်းနေသောကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့်အခြားနိုင်ငံများကိုကျော်လွန်ပြီးအာကာသထဲမှကြည့်လျှင်မြန်မာနိုင်ငံအား ဂုဏ်ယူ ဖွယ်ရာထင်ရှားစွာမြင်တွေ့ရခြင်းရွေးချယ်လိုက်ရခြင်းဖြစ်သည်။
(၂)ကမ္ဘာ့အကောင်းဆုံးအလုပ်အကိုင်အဖြစ်မြန်မာနိုင်ငံ၏အစိုးရအဖွဲ့ဝန်ကြီးရာထူးများအားကမ္ဘာ့စံချိန်သစ် အဖြစ်ရွေးချယ်လိုက်သည်။
ရွေးချယ်ရသောအကြောင်းအရင်း။    ။ဝင်ငွေအလွန်ကောင်းပြီးပြောချင်ရာပြော၊လုပ်ချင်ရာလုပ်လို့ရပြီး တာဝန်လည်းယူစရာမလိုသောကြောင့်ဤလိုအလုပ်မျိုးတခြားနိုင်ငံများတွင်မရှိသောကြောင့်ယခုနှစ်ကမ္ဘာ့စံ ချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ် သည်။
အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်းအပေါ်အသင်းသားများဆန္ဒဖော်ထုတ်
အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက် လုပ် ခြင်း အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင်  သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။
"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသား တစ်ဦး ဖြစ် သူ ကိုတင်ထက်ကို က ပြောသည်။
တရုတ်နယ်စပ် ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တခုအကြောင်း
မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက် ထားသော စက် တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ်သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine)ကို မြင်နေရသည်။ တောင်ကုန်းတောင်တန်းအတွင်းရှိ မြေအောက်သတ္တုကြော ကို ထိ အောင်အပေါ်ယံမြေသားကိုလှန်ထပ်ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ်အဖြစ် ဖေါက်တည်ထား သည်။ တချို့ နေရာများတွင်တောင်ကုန်းနံရံများကို တူးဆွဖေါက်ချ ပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တု တွင်း ကို ဖဲ့ခြစ်ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ် သဏ္ဌာန် မြေပြင်မှာ ကျန်နေ ခဲ့ သည်။
Read More
Sunday, May 27, 2012
မန္တလေးတွင်လစာတိုးတောင်းမှု ပိုင်ရှင်လိုက်လျော
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက် စက်မှုဇုန်(၂) အကွက်အမှတ်(N/၉၃/၉၄) ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ မန္တလာလက်တွန်းထွန်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးတင်ထွန်းအောင်၊ ဦးနေလင်းထွန်း၊ ဦးဟန်လင်းထွန်းတို့ (၃)ဦးက မေလ(၂၄) ရက်နေ့တွင် စက်ရုံမန်နေဂျာဦးခင်မောင်ရီထံသို့ အလုပ်သမားလစာများတိုးမြှင့်ပေးရန်တင်ပြခဲ့ရာ မန်နေဂျာမှ စက်ရုံပိုင်ရှင် ဦးခင်မောင်အေးထံ ဆက်လက်တင် ပြခဲ့သည်။
တင်ပြချက်အရ ပိုင်ရှင်ဦးခင်မောင်အေး၊ မန်နေဂျာဦးခင်မောင်ရီ၊ ဒုမန်နေဂျာဦးစိုးစိုး၊ အလုပ်သမားကိုယ်စား လှယ်ဦးဇော်ဝင်း၊ ကုန်ထုတ်တာဝန်ခံဦးအောင်ကျော်တို့ဦးစီး၍ အလုပ်သမား (၆၀)ဦးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ အလုပ်သမားတစ်ဦးအား လက်ရှိအနိမ့်ဆုံးလစာ ကျပ် ၃၀၀၀၀မှ ယခုမေလကုန်တွင် အလုပ်သမားတစ်ဦးအား ကျပ် ၅၀၀၀ တိုးမြှင့်ပေးမည်ဖြစ်ပြီး ဇွန်လကုန်တွင် လုပ်သက် ၂နှစ်ရှိသော ၀န်ထမ်းတစ်ဦးအား အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀၀ အထိတိုးမြှင့်ပေးရန်သဘောတူညီခဲ့ကြောင်းသိရှိရသည်။
ဆယ်ကျော်သက်နှင့်ဖောက်ပြန်ခြင်း
အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲကအသက် 18နှစ် အရွယ်မိန်းကလေးတစ်ယောက်ရဲ့အပြောဆို အယူဆတွေ ဘာလို့ ဒီလောက် ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေးစိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကိုသေချာချော့မေးမှသူအမျိုးသားက ကောင်မ လေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။
အလုပ်သမားများဆန္ဒပြမှုသည်အလုပ်သမားလှုပ်ရှားမှုကြီးတစ်ခုသို့ဦးတည်နေဟုဆို
ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။
“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှား
မှု တခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။
လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလ   အတွင်း ရုတ်တရက်မြင့်တက်လာပြီးယခုလောလောဆယ် စက်ရုံ ၉ ရုံတပြိုင်နက်ထဲ လုပ်ခလစာ တိုးရရန် တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲ
၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာ နိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြပါ တယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊GenerationWaveနှင့် ၈၈မျိုးဆက်ကျောင်းသား များ ပူးပေါင်းပါဝင်တင်ဆက်ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLDပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လည်း တက်ရောက်အားပေးတာတွေ့ရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပြည်သူကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း
ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊အနဂ္ဂ၊သံသာဝင်း၊ ခိုင်မြဲသာ၊ကာကာတို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ပြဇာတ်တိုများ၊ သံချပ်များ၊ဟာသ တေး သရုပ်ဖေါ်များ နဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။ ၈၈မျိုဆက်ကျောင်းသား   တွေဖျော်ဖြေမှု     အစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်ရည်စူးတဲ့ ပန်းစည်း နဲ့ လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ကျန်ရှိ နေသေးတဲ့သံတိုင်များနောက်   က နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာ ချပြီးမှ သူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင်စန္ဒယား တီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်း ပါဝင်ကြပါတယ်။
သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး
မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသော အချိန်အခါတွင် ယခုကဲ့သို့ မိမိပြောဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုးမြင်ဝါဒီ တစ်ယောက်ကဲ့သို့  မြင်နိုင်ဖွယ် ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့ စာရေးဆရာ ဟူသည်မှာ မိမိမြင်သည့် အမြင်များနှင့် သိရှိထားသည်တို့ကို စာဖတ်သူ ပရိတ်သတ်များထံသို့ တင်ပြကြရခြင်းသည် တာဝန်တရပ် ဖြစ်ပေသည်။
ဆောင်းပါးခေါင်းစဉ်ကို အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိ မြန်မာ့နိုင်ငံရေးသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲ သွားသော်လည်း သွားနေသည့်လမ်း သည် ယခင်နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းပုံစံ ဖြစ်နေသောကြောင့်ပင်ဖြစ် သည်။
အဘယ်ကဲ့သို့ တူညီပါသနည်းဟု မေးသော် ဖြစ်စဉ်များကို နှိုင်းယှဉ် သုံးသပ်ကြည့်ရာဝယ်………     ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးသည်။ တဖက်မှ တစည ပါတီကို အမာခံပါတီ အနေဖြင့် ပါဝင်စေ ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးပြကာ အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် National Convension (အမျိုးသားညီလာခံ) ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုသို့ ခေါ်ယူကျင်းပရန်အတွက် နဝတ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းကာ အာဏာရှင်စိတ်ကြိုက် နားလှည့်ပါးရိုက် ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့မှမီးလင်းရေးကိစ္စဆန္ဒထုတ်ဖော်ပွဲများ
ဒီလိုဆန္ဒဖော်ထုတ်လိုက်နေကြတာနဲ့မီးလာရောတဲ့လား
လက်ရှိမြန်မာ့ဒီမိုကရေစီအခြေအနေ
ဒီမိုကရေစီဟာ အာဏာရှင် စနစ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာ အစိုးရက ဒီမိုကရေစီကို ကျင့်သုံး နေပြီဆိုရင် အာဏာရှင်စနစ်မှာ ကျင့်သုံးခဲ့ဖူးတာ မှန်သမျှ ပြောင်းပြန် လုပ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ လူထုအကျိုးကို သယ်ပိုး ပေးနိုင်မှာဖြစ်ပြီး လူထု ထောက်ခံမှုကို ရရှိပါမယ်။ နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အရင်နဲ့အခု ဘာကွာသလဲ
 အရင်က ရွေးကောက်ပွဲ မလုပ်ပေးပါဘူး.. ဒါပေမယ့် အခု လုပ်ပေးခဲ့ပါပြီ။ တရားမျှတမှုနဲ့ သမာသမတ် ကျဖို့တော့ အများကြီး လိုအပ်နေခဲ့တာ အမှန်ပါပဲ။အရင်က ပါးစပ်ကထွက်ရာ အမိန့်ဖြစ်ပါတယ် .. ဒါပေမယ့် အခု ဥပဒေပြုလွှတ်တော် ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှုကို ပြောဆိုလာကြပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ဆိုတာကို သိပ်သဘောကျတဲ့ ခေတ်ဖြစ်လာပါပြီ။အရင်က ပြည်သူတွေကို နှိပ်ကွပ်ပါတယ် .. ဒါပေမယ့် အခု လူထုအကျိုးကို လက်တွေ့ကျကျ လုပ်စပြုလာပါပြီ။
 အရင်က လူထုမသိအောင် ကိုယ်ကျိုးစီးပွားတွေကို ရှာခဲ့ကြပါတယ် .. ဒါပေမယ့် အခု ပွင့်လင်းမြင်သာမှုကို ရှောင်လွဲ မရတာကြောင့် လူမိခံရတဲ့အဖြစ်တွေ ထင်ထင်ရှားရှား ရှိလာနေပါပြီ။အရင်က ပြည်သူတွေ ဆန္ဒပြရင် ပစ်ခတ်နှိမ်နှင်း သတ်ဖြတ်ပြီး ထောင်ချပါတယ် .. ဒါပေမယ့် အခု ဆန္ဒပြခွင့် ဥပဒေ ရှိထားပြီး ဖြစ်နေပါပြီ။ နည်းဥပဒေ မထုတ်သေးလို့ဆိုပြီး တရားဝင် ဆန္ဒပြခွင့် မရှိသယောင်ယောင် ထိန်းချုပ်ထားတာ တော့ ရှိနေပါသေးတယ်။အရင်က သတင်းလွတ်လပ်ခွင့် မရှိပါ ဘူး... အခု တော်တော်များများ ရှိလာနေပါပြီ။
အရင်က ၂ဝဝ၈ အခြေခံဥပဒေကို အာဏာရှင် ဓါးမိုးခေတ်မှာ ရေးဆွဲခဲ့ပါတယ် .. အခု အခြေခံဥပဒေကို ပြင်နိုင်အောင် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ သမ္မတကအစ ထုတ်ဖော်ဝန်ခံထားတဲ့ အချက်ပါ။
စာကြည့်တိုက်မရှိတော့တဲ့ရန်ကုန်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင်ဖြင့် “အမျိုးသား စာကြည့်တိုက် ဈာပန ပြာချ သည့် မဟာ လေးချိုးကြီး” ဆိုပြီး ကဗျာစီကာ ငိုချင်းချမယ် ထင်မိပါတယ်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး စတဲ့ ကိုလိုနီခေတ်ဦး ပညာရှိကြီးများဟာ ဗမာပြည် အရပ်ရပ်ဘုန်းကြီးကျောင်းဟောင်း၊ ကျောင်းအိုအပြိုအပျက်တွေကြားသွားပြီး ပေ ပုရပိုက်တွေ နှိုက်ဖွ လေ့လာ ခဲ့ကြပါတယ်။ ပြီးမှ မော်လမြိုင်၊ ရန်ကုန်လို မြို့ကြီးတွေမှာ စာရေးသား အသက်မွေးကြ ရပါတယ်။ ရန်ကုန်မှာ နေကြတဲ့အခါ “ဘားနဒ် အခမဲ့ ပိဋကတ်တိုက်” မှာ နေကုန်နေခမ်း ဖတ်ရှုလေ့လာ ဆည်းပူး ခဲ့ကြပါတယ်။ အဲဒါက ခုရောင်းစားမယ့် အမျိုးသားစာကြည့်တိုက် သမိုင်းအစပါပဲ။
ဆာ ချားလ် ဘားနဒ် တည်ထောင်ခဲ့တဲ့ အခမဲ့ ပိဋကတိုက်ကို အောက်ဗမာပြည်ကို အင်္ဂလိပ် သိမ်းပိုက်ပြီး ခါစ မှာပဲ တည်ထောင်ခဲ့ပါတယ်။ အထက်ဗမာပြည်ကို အင်္ဂလိပ်က ၁၈၈၅ မှ သိမ်းပိုက်တယ်။ ၁၈၈၃ မှာ မစ္စတာ ဘားနဒ် (အောက်ဗမာပြည် ကော်မရှင်နာ မင်းကြီး) က သူ့ရဲ့ ပိဋကတိုက်ကို တည်ထောင်ပါတယ်။
မန္တလေးကို အင်္ဂလိပ် သိမ်းတော့ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ အပြည့်ရှိတဲ့ ပေပုရပိုက် သေတ္တာကြီးတွေကို ရွှေငွေ ရတနာတွေ ထည့်ထားတာလို့ ထင်ပြီး အင်္ဂလိပ်တပ်က စစ်သားတွေက ချိုးဖျက် ရိုက်ခွဲ မွှေနှောက် ရှာဖွေကြပါတယ်။ ဒါကြောင့် ပေပုရပိုက်တွေ နန်းတော်ရင်ပြင်မှာ ပြန့်ကျဲကုန်တယ်။ ဒါတွေရဲ့တန်ဖိုးကို သိတဲ့ စစ်ဗိုလ်ကြီး မစ္စတာချားလ်က ရသမျှ ပြန်လည်ကောက်ယူ စုဆောင်းပြီး ရန်ကုန်ရှိ သူ့စာကြည့် ပိဋကတ်တိုက် မှာ ဖြည့်ဆည်း ထားခဲ့ပါတယ်။ စစ်တပ်တိုင်းမှာ ဓားပြသူတွေ ပါတတ်သလို စာပေ မြတ်နိုးသူတွေလည်း ပါ တတ် တာကို သတိပြုစရာ ကောင်းပါတယ်။  ...အပြည့်အစုံဖတ်မယ် 
ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား
ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွား ပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့် သလဲဆိုတဲ့ အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။ 
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်လို ပြောင်းမလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ် ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်း ပညာရှင် ဖရန်းစစ် ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက် စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။  ........အပြည့်အစုံဖတ်မယ်
Saturday, May 26, 2012
ဒေါ်အောင်ဆန်းစုကြည်၏လျှပ်စစ်မီးအတွက်ဆန္ဒပြသူများ သို့ပြောကြားချက်
၂၄-၅-၂၀၁၂ ပြည်တွင်းသတင်းများ
- ပြည်ထောင်စုအဆင့် ဒုအကြိမ်ဆွေးနွေးပြီးရက်ပိုင်းအတွင်း SSA နှင့်အစိုးရတပ် တိုက်ပွဲဖြစ်ပွါး Read More
- ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၏ တရုတ်ပြည် ခရီးစဉ်နယ်စပ် အရေး ဖြစ်ဖွယ်ရှိ Read More
- တိုးတက်ပြောင်းလဲဖို့လိုအပ်ကြောင်း မိုင်းလားခေါင်းဆောင်ပြော Read More
- စွမ်းအင်သုံးစွဲ ရောင်းချမှု အစိုးရ ပွင့်လင်းရန် လို Read More
- ဒေသခံများပါ မြေမြှုပ်မိုင်း သုံးစွဲနေ Read More
- လူတိုင်းလျှပ်စစ်မီးဖူလုံရေးသည်ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အစ Read More
- ဂျပန်နဲ့မြန်မာအစိုးရတို့အကြား ပိုမိုရင်းနှီးဖို့အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းကနေစတင် Read More
- တိုးမြင့်အောင်စက်ရုံ ဆန္ဒပြ အလုပ်သမားတွေကို စက်ရုံ မန်နေဂျာနဲ့ စက်ရုံမှုးတွေက ဝင်ရောက် ရိုက်နှက်
  Read More 
- မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ဆဲ၊ AI ဝေဖန် Read More
- ဆန္ဒပြမှုတွေ ပြေလည်အောင်ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို ၈၈ မျိုးဆက်တောင်းဆို Read More
- ရန်ကုန် အလုပ်သမားဆန္ဒပြပွဲ ပိုမိုတင်းမာနိုင် Read More
- နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ အချိန်တန်ပြီလား Read More
၂၆-၅-၂၀၁၂ ပြည်တွင်းသတင်းများ
- လျှပ်စစ်မီးပြတ်၍ မန္တလေး စီးပွားရေးလုပ်ငန်းများ အရှုံးပေါ် Read More
- သိမ်းမြေများ ပြန်မပေးလျှင် ဆန္ဒပြမည်ဟု စစ်တပ်ကို အရပ်သားများ သတိပေး Read More
- အစာငတ်ခံ ဆန္ဒပြ အလုပ်သမားများ ကျန်းမာရေးထိခိုက်နေ Read More
- ခေါင်းပဲရွေ့တယ် (ဆောင်းပါး) Read More
- သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ Read More
- ဆန္ဒပြမှုများ အကြမ်းဖက် မဖြိုခွင်းရန် အာဆီယံ အကြီးအကဲ သတိပေး Read More
- ရွှေကုမ္ပဏီ ၃၀၀ အား သတ္တုတွင်းဝန်ကြီးဌာနက သတိပေး Read More
- စစ်ပြေးဒုက္ခသည် ကျောင်းသားများအတွက် KIO အခမဲ့ ပညာသင်ပေးမည် Read More
- လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ Read More
- ရန်ကုန်ကရောင်းသံမဏိစက်ရုံ အလုပ်သမားများ အစာငတ်ခံဆန္ဒပြ Read More
- အခွင့်ထူးခံ စီးပွားရေးသမားများ (သတင်းသုံးသပ်ချက်) Read More
- SSA နဲ့ အစိုးရ တိုက်ပွဲ ပြန်ဖြစ် Read More
- အိန္ဒိယ ဝန်ချုပ်နဲ့စီးပွားရေးသမားတွေပါသွား Read More
- လျှပ်စစ်မီးရရှိရန် ပြည်မြို့ ဒုတိယနေ့ဆန္ဒပြမှု ရိုက်နှက်ဖမ်းဆီးမှုများရှိ Read More
- ရှူးဖိနပ်စက်ရုံအလုပ်သမားများလည်း ဆန္ဒပြတောင်းဆိုလာ Read More
- ကလေးစစ်သားအမှု စစ်ဆေးမှုခံယူစဉ် တစုံတရာအနှောက်ယှက်မပြုရန် ILO ထုတ်ပြန် Read More
- သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ Read More
- မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုဟာ အဓိကစိန်ခေါ်မှုဖြစ်နေRead More
- လယ်မြေသိမ်းမှု လယ်သမားတွေ ကန့်ကွက်စာပို့ Read More
- လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ Read More
- ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ Read More
- မြန်မာ့ လျှပ်စစ်စွမ်းအင် ပြဿနာ တရုတ်ကူညီလို Read More
- ပုသိမ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ Read More
- ကချင်ဒုက္ခသည်ကလေးများအတွက် ယာယီစာသင်ကျောင်း တည်ဆောက်ပေးနေ Read More
ကြံ့ခိုင်ရေးပါတီဒုတိယအကြိမ်အရှက်ရအုံးမှာလား
Wednesday, May 23, 2012
၂၃-၅-၂၀၁၂ ပြည်တွင်းသတင်းများ
- မြန်မာအစိုးရလက်အောက်ခံပြည်သူ့စစ်ကြောင့် ကျေးလက်လူထုအများ အပြားထွက်ပြေးရ Read More
- KIA နှင့် တိုက်ပွဲ အစိုးရတပ်ဘက် အကျအဆုံးများ Read More
- RCSS/SSA၏ငြိမ်းချမ်းရေးခရီးစဉ်ဒေသခံလူထုနှင့်ချစ်ကြည်ရင်းနှီးတွေ့ဆုံ Read More 
- အမည်ခံ ရင်းနှီးမြှုပ်နှံမှုများ တရားဝင် အသွင်ပြောင်းရန် ထပ်မံသတိပေး Read More
- မီးလုံလောက်စွာ မပေးနိုင်တော့ကြောင်း အစိုးရထုတ်ပြန် Read More
- ကချင်ခေါင်းဆောင်များနှင့်ငြိမ်းကော်မတီမှ ဦးအောင်မင်းတို့ တွေ့ဆုံ Read More
- “စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေရတာကိုက ကုသိုလ်ရတယ်” Read More
- တက္ကစီနှင့် ဘတ်စ်ကားများ တင်သွင်းခွင့်ပြုလိုက်ပြီ Read More 
- ကိုဖြိုးဝေအောင် အသည်းကင်ဆာ ကျွမ်းနေ Read More 
- လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ Read More
- ၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း Read More
ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည် Read More
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ Read More
- မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း Read More
- မုံရွာလျှပ်စစ်မီးရရှိရေး ဒုတိယနေ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ Read More
- လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုကြောင့် စစ်ဆေးမေးမြန်းခံရသူ လေးဦး ပြန်လွတ်လာ Read More
- ကြားဖြတ်ရွေးကောက်ပွဲဝင်တွေကို ကော်မရှင်ခေါ်တွေ့ Read More 
Tuesday, May 22, 2012
လောင်စာစွမ်းအင် အလုံအလောက်ရှိပေမယ့်စွမ်းအင်ပြဿနာ ကြီးမားနေရတဲ့ မြန်မာနိုင်ငံ
လျှပ်စစ်ဓါတ်အားကို ပြည်တွင်းမှာ ထုတ်ပြီး ပြည်သူတွေ သဘောတူညီမှု မယူဘဲပြည်ပကို ရောင်းစားသွား ခဲ့တဲ့ အရင်စစ်အစိုးရ အပေါ် လူထုက မကျေနပ်ကြပါဘူး။အမြော်အမြင် မရှိဘဲ စီမံခန့်ခွဲသွားခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီကိစ္စမှာလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးဘက်ကတာဝန်ယူခဲ့တဲ့ဝန်ကြီးကိုလည်းလက်ရှိ အရပ်သားအစိုးရခေတ်ထိ တာဝန်ပေးထားတာကိုက လူထု မကျေနပ် မှုကို ပိုမိုမြင့်မားစေပါတယ်။
သူ့နေရာမှာ လူထုသဘောကျနိုင်လောက်တဲ့ အရည်အချင်း မှန်မှန်ကန်ကန် ရှိသူတဦးကိုအစားထိုး လိုက် ရင် လက်ရှိအစိုးရအဖို့ နည်းနည်းတော့ အသက်ရှူချောင်နိုင်စရာရှိပါလိမ့်မယ်။ လူမှန်နေရာမှန် စနစ်ကို စတင် ကျင့်သုံးဖို့ လိုအပ်နေပါပြီ။
လျှပ်စစ်ဓါတ်အား မလုံလောက်မှုတွေ မြန်မာနိုင်ငံရဲ့ မြို့ရွာတိုင်းမှာ နေ့စဉ်ဖြစ်ပျက်နေတာဟာ အစိုးရ အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်မှန်းသမ္မတကအစတာဝန်ရှိသူတိုင်းသိနေကြမှာ ဖြစ်ပါတယ်။အစိုးရ ဘက် ကဖြစ်နိုင်သမျှ ကောင်းအောင်ကြိုးပမ်း ဖြည့်ဆည်း ပေးလာတာတွေလည်း သတိပြုမိပါတယ်။ ဒါပေ မယ့် မနိုင်ဝန်ကိုထမ်းနေရတာကတော့ ရှင်းပါတယ်။
အစိုးရအနေနဲ့စွမ်းအင်လိုအပ်ချက်တခုတည်းအပေါ်မှာတောင်မနိုင်ဝန်ကိုထမ်းနေရရင်အခြားဘက်စုံတိုးတက် အောင်လုပ်ဆောင်ဖို့ကိစ္စတွေမှာအထိုက်အလျောက်အားလျော့နေတော့မှာဖြစ်ပါတယ်။အခြားဘက်မှာအား လုံးကောင်းနေပြီးစွမ်းအင်လိုအပ်ချက်ဘက်က အားနည်းနေပြန်ရင်လည်း တိုးတက်မှုကို နှောင့်နှေးစေ မှာ ဖြစ် ပါတယ်။
ကြံ့ဖွံ့ပါတီဘာ့ကြောင့် ရှုံးရတာလဲ၊ ဘာဆက်လုပ်မှာလဲ
အပိုင်း(၁)
ပြည်သူ့လွှတ်တော်လစ်လပ်နေရာ(၃၇)နေရာနဲ့အမျိုးသားလွှတ်တော်လစ်လပ်နေရာ(၆)နေရာနှင့်တိုင်းဒေ သကြီးလွှတ်တော်(၂)နေရာအတွက်ကျင်းပခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲကြီးကတော့ပြီးဆုံးသွားပါပြီ။အမျိုး သားဒီ မိုကရေစီအဖွဲ့ ချုပ်က(၄၅) နေရာ မှာ (၄၃)နေရာ ရရှိသွားတဲ့အတွက် ( ၉၆ )ရာခိုင်နှုန်းနဲ့ အနိုင်ရရှိသွား ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့သူကြံ့ဖွံ့ပါတီ ရဲ့အရှုံးကတော့ အလွန်ပဲရှက်စရာကောင်းတဲ့ အရှုံးတစ်ခု လို့ဆိုရမှာပါ။ အခြားယှဉ်ပြိုင်တဲ့ပါတီများနှင့်ယှဉ် လျင်ငွေကြေးအမြောက်အများသုံးစွဲနိုင်တဲ့ပါတီဖြစ်သလို လက်ရှိအာဏာရပါတီလည်းဖြစ်တဲ့ကြံ့ဖွံ့ပါတီကို ပြည်သူလူထုကလုံးဝယုံကြည်မှုမရှိ၊ မထောက်ခံဘူးဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ဝေဖန်ချက်တွေထွက်ပေါ်လာပါတယ်။ဒါ့ကြောင့်ကြားဖြတ်ရွေးကောက်ပွဲမှာကြံ့ဖွံ့ ပါတီရဲ့ရှက်ဖွယ်လိလိအရှုံးကိုပြန်လည်ဆန်းစစ်ကြည့်လိုက်ရင်ပါတီ အတွင်း စည်းလုံးညီညွတ်မှုမရှိခြင်း၊ မီဒီယာလှုံ့ဆော်မှုအားနည်းခြင်း၊ အပြောင်းအလဲလုပ်လိုသော ပြည်သူများကို မစည်းရုံးနိုင်ခြင်းတို့ ကြောင့် ဖြစ်ပါ တယ်။
စစ်သားတွေရဲ့ ဘ၀နဲ့ ခံစားချက်
ကျွန်တော်က တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း(၁၆)ကျော်ကြာခဲ့ပါပြီ။ တပ်မတော် ထဲ ၀င်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာမှရည်ရွယ်ချက်ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အဓိက ကတော့ ၀ါသနာပါလို့ပါ။ ဘယ်လောက်ဝါသနာပါလည်းဆိုရင် ငယ်ငယ်က ကစားရင်တောင် စစ်တိုက်တမ်းပဲ ကစား ခဲ့တာ။ ဒါနဲ့ ၁၉၉၅ ခုနှစ် အသက်(၂၀)ကျော်မှာ တပ်မတော်ထဲ ၀င်ရောက်ခဲ့ ပါတယ်။
အစပိုင်းမှာတာ့ စစ်ပညာအခြေခံသင်တန်းကို ပင်ပန်းဆင်းရဲစွာ သင်ခဲ့ရပါတယ်။ ဘယ်လောက်ပဲ ပင်ပန်း ပါစေ ၀ါသနာအရင်းခံထားတာမို့ ဒါလောက်တော့ မမှုပါဘူးဆိုတဲ့ ဇွဲ၊ သတ္တိနဲ့ အောင်မြင်စွာတက်ရောက် နိုင်ခဲ့ပါတယ်။ သင်တန်းပြီးဆုံးလို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမှာ စတင်တာဝန်ထမ်းဆောင်နေ့ကစပြီး ငါစစ်သားဖြစ်ပြီ၊ ငါဟာရဲရင့်တဲ့ယောကျာင်္း၊ တိုင်းပြည်အတွက် အားထားရတဲ့စစ်သား အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင်ကြွားစွာနဲ့ နယ်မြေအသီးသီးမှာ စစ်ဆင်ရေးတာဝန်တွေကို တာဝန်ကျေကျေ ထမ်းဆောင်ခဲ့ နိုင်ခဲ့ပါတယ်။
၂၂-၅-၂၀၁၂ နေ့သတင်းများ
- ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ဦးဖိုးချို၏ မမှန်မကန် လုပ်ရပ်များ။ Read More
- အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀)မှ ၀န်ထမ်းမိသားစုများ၏ ရင်ဖွင့်သံများ။ Read More
- ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွံ့ဖြိုးရေး သမ္မတအကြံပေး ဦးမြင့် တိုက်တွန်း။ Read More
အခြေခံလစာရရေး လှိုင်သာယာ အလုပ်သမားများ သပိတ်ဆက်မှောက်။ Read More
- ပိတ်ဆို့မှု ဆိုင်းငံ့ရေး ဆုံးဖြတ်ချက် ၀န်ကြီးကလင်တန် ဒေါ်စုနဲ့ဆွေးနွေး ။ Read More
- လျှပ်စစ်မီးရရေး မန္တလေးမှာ ဆက်လက် ဆန္ဒပြ ။ Read More
- အလုပ်သမား ဆန္ဒပြပွဲတွေ ဆက်ဖြစ် ။ Read More 
- ရွှေဂတ်စ်စီမံကိန်းမှ အိန္ဒိယ အလုပ်သမားများ လစာမရ ။ Read More
- မွန်နှစ်ပါတီ ပေါင်းစည်းရေး အခက်အခဲရှိနေ။ Read More
- 7 July နှစ် (၅၀) ပြည့် အခမ်းအနား မန္တလေးတွင် ကျင်းပရန် စီစဉ်နေ။ Read More 
-အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.. (ဆောင်းပါး) ။ Read More
- မြစ်ဆုံစီမံကိန်းပြန်လည်တည်ဆောက် ရန် CPI ကြိုးပမ်းနေဟု KDNG ထုတ်ပြန် ။ Read More 
- မန္တလေးမြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်ပြီး အထူးသတင်းတပ်ဖွဲ့မှ လူဦးရေ   ၅၀ထက်မနည်းကို ခေါ်ယူမေးမြန်းနေ Read More 
- ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ဒေါ်အောင်ဆန်းစုကြည် ထပ်မံရရှိ Read More