Wednesday, September 25, 2013

လက်ရှိစီးပွားရေးကိစ္စများနှင့် ရှေ့ခရီးအတွက် တွေးတောဆင်ခြင်မှုများ

[ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ဆွေးနွေးပွဲတွင် တင်ပြသော စာတမ်း ]
-------------------------------------------------------------------------------------
၁။ လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍အရေးကြီးသည်ဟု ယူဆသော
အချို့ကိစ္စများနှင့် ရှေ့ခရီးအတွက် အကြံညဏ်များကို တင်ပြဆွေးနွေးပါမည်။

၂။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ နောက်ဆုံးသမ္မတဒေါက်တာမောင်မောင်
ရေးသားခဲ့သော မြန်မာနိုင်ငံ ၁၉၈၈ အရေးအခင်းစာအုပ်စာမျက်နှာ ၁၃၄ တွင်ရေး
သားခဲ့သော အကြောင်းအရာတစ်ခုနှင့် စတင်ဆွေးနွေးလျှင် အကျိုးရှိပါမည်။


၃။ ''ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြွယ်ဝချမ်းသာသောနိုင်ငံတစ်ခုဖြစ်အောင် လုပ်နိုင်
မည့် အခွင့်အရေး ရရှိခဲ့ကြသည်။ သို့သော် ထိုအခွင့်အရေးကိုအသုံးမချခဲ့ကြ။ အစစ
အရာရာ အဆင်ပြေချင်ယောင် ဆောင်ခဲ့ ကြသည်။ လွဲမှားသော အစီရင်ခံစာတွေတင်ကြ၊ စကားလုံးလှလှတွေ ပြောခဲ့ကြတယ်။ အစစအရာရာအဆင်မပြေမှန်း သိသည့်ကြားမှ ထိုသို့လုပ်ခဲ့ကြသည့်အတွက် မှားယွင်းခဲ့ကြ၊ ဒုက္ခရောက်ခဲ့ကြခြင်းဖြစ်သည်။

ဒါဖတ်ပြီးမှလွှတ်တော်သွားပါ

    သင်နေထိုင်ရာအရပ်ဒေသကို ကိုယ်စားပြုသည့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို နောက်ဆုံးတွေ့ခွင့်ရခဲ့သည့်နေ့ကိုမှတ်မိပါသလား။ဒါမှမဟုတ်သင့်စိုးရိမ်ပူပန်မှုတစ်ခုကို
ပြောပြဖို့၊သိလိုသည့်မေးခွန်းတစ်ခုကိုမေးဖို့သင့်ကိုယ်စားလှယ်၏လိပ်စာ၊တယ်လီဖုန်း
နံပါတ်နှင့်အီးမေးလ်တို့သင့်မှာရှိပါသလား။ဒါမှမဟုတ်လွှတ်တော်အတွင်းအချေအတင်
ဆွေးနွေးမှုများနှင့်ဥပဒေကြမ်းများအကြောင်းတစ်စုံတစ်ယောက်ကသင့်ကိုအမှတ်တရ
လာရောက်ရှင်းပြဖူးပါသလား။
     မေးခွန်းသုံးခုလုံးအတွက်အဖြေက “ဟင့်အင်း”ဆိုလျှင်တော့ဝန်ဆောင်မှုကောင်းမွန် စွာမရရှိသောတတိယတန်းစားနိုင်ငံသားအဖြစ်ကိုသင်ရောက်ရှိနေတာသေချာပြီ။ သတိ ထားပါ။သင်မသိလိုက်သည်မှာသင့်အခွင့်အရေးများကိုချိုးဖောက်ခံရဖို့နီးစပ်နေ သည်။
     ဒီမိုကရေစီနည်းလမ်းအရလွှတ်တော်ကိုယ်စားလှယ်များကိုရွေးကောက်တင်မြှောက
်ခြင်းသည် မိမိသဘောကျလေးစားသော နိုင်ငံရေးသမားများကိုထောက်ခံအင်အားပြရုံ သက်သက်၊မိမိမကြိုက်သည့်ပါတီကိုဆန့်ကျင်ရုံသက်သက်မဟုတ်ပါ။ကိုယ့်ကိုကိုယ်စားပြု
သူတစ်ဦးဦးကို လူ့အဖွဲ့အစည်းအပေါ်ဆုံးဖြတ်ချက်ပြုရာနေရာမှာ ပို့ထားခြင်းဖြင့်မိမိ

ဘ၀နှင့်ဆန္ဒများကိုလုံခြုံစေရန် ရည်ရွယ်သည့်ဒီမိုကရေစီ၏အခြေခံလုပ်ထုံးဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ

၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ
အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့
အတွက် အလားအလာ မကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိ
ပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေ
လိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ယင်းပါတီနှင့်အတူ
Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက် နိုင်ငံနဲ့ လူထုအကျိုးအတွက်
စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေး
လိုရင်းသာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့
အမှန်တရားကို အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြု
ပါတယ်။

Monday, September 16, 2013

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာန မတရားအနိုင်ကျင့်မှုကို နိုင်ငံတော်သမ္မတထံသို့တိုင်ကြား


ပဲခူးမြို့အနောက်ဘက် ပဲခူးမြို့သို့ရေ ပေးဝေသော ကန်တော်ကြီးအနီး မြေလွှတ်မြေရိုင်း
များတွင် လုပ်ကိုင်လျှက်ရှိသည့် ဒေသခံရွာသားများ၏ မြေများကို ပဲခူးမြို့နယ် သစ်တော
ဦးစီးဌာနမှ လုပ်ပိုင်ခွင့်မပေးပဲ လာရောက်တားမြစ်ခါ ရဲများနှင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
ခဲ့ကာ ၁၀.၉.၂၀၁၃ နေ့တွင် သစ်တောအဖွဲ့မှယူနီဖောင်းများဝတ်ဆင်၍ ဒေသခံများစိုက်ပျိုး
ထားသော စိုက်ကွင်းအတွင်းသို့လူအုပ်နှင့်ဝင်ရောက်ပြီးမကျဉ်းပင် နှင့် မလေးရှားအပင်
များ စိုက်ပျိုးရန် လုပ်ကိုင်နေကြောင်းသိရပါသည်

အဆိုပါဒေသခံများ လုပ်ကိုင်လျှက်ရှိသော နေရာအနီးတွင် ဦးစိုးလင်း ဧက ၁၀၀၀၊ ဦးလှမင်း
ဧက ၁၀၀ တို့မှ ၂၀၁၀နှစ်မတိုင်မှီကတည်းကရှင်းလင်းစိုက်ပျိုးခဲ့ပြီး ၂၀၁၃ ခုတွင်ဦးဥာဏ်ဝင်း
(၀န်ကြီးချုပ်)၊ ဦးရဲမြင့်ထွန်း (၀န်ကြီး) တို့မှ ဧက ၆၃၀ စိုက်ပျိုးလုပ်ကိုင်လျှက်ရှ
ိနေပါသော် လည်း ဒေသခံ ပြည်သူ များမှာ ၅ ဧကထက် မကျော်သော မြေလွှတ်မြေရိုင်းများကိုပင် စိုက်
ပျိုးလုပ်ကိုင် ခွင့်မရသဖြင့် မကျေမနပ်ဖြစ်နေကြောင်း သိရပါသည်။
အဆိုပါ မြေလွတ်မြေရိုင်းနှင့်ပတ်သက်၍ ၂၀၁၃ သြဂုတ် ၂၀ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်
ဘာလ ၉ ရက်နေ့တွင် တစ်ကြိမ်၊ အောင်အောင်၊ မောင်မောင်ခိုင်၊ သန်းလွင် ဆိုသူတို့မှ ပဲခူး
တိုင်း ၀န်ကြီးချုပ်ထံအသနားခံစာမျာ
း တင်ထားသော် လည်း ယခုတိုင် ထူးခြားမှုမရှိသဖြင့်
ဝင်းမြင့်၊စောဂျွန်၊ ချိုလတ်တို့နှင့် (၆) ဦး ပူးပေါင်းလက်မှတ်ရေးထိုး၍ သမ္မတထံသို့ ထပ်မံ တိုင်ကြားရခြင်း ဖြစ်ကြောင်း သိရပါသည်။

Kyi Linn

Thursday, September 12, 2013

သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ



သူရဿတီမယ်တော်ဆိုတာ တကယ်ရှိသလား မရှိဘူးလားဆိုတာတော့တိတိကျကျ
မတွေ့ရပါဘူး၊သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့
ဗုဒ္ဓဘာသာနဲ့ ရောပါလာတာကိုတချို့ မြန်မာတွေက ဗုဒ္ဓဘာသာယဉ်ကျေးမူ့ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်

ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့
ခေါ်ကြပါတယ်၊

မဟာဗြဟ္မာ က ကမ္ဘာလောကနဲ့ သတ္တ၀ါတွေကိုဖန်ဆင်းတယ်လို့ ဆိုပါတယ်။ဗိဿနိုး က
လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်သိဝ က ဖျက်ဆီးပါတယ်။

တောင်သူများဓာတ်မြေသြဇာဖိုး သေသည်အထိဆပ်နေရခြင်း...



မန္တလေးတိုင်းဒေသကြီး၊၀မ်းတွင်းမြို့နယ်၊ကျားသေကန်ကျေးရွာနေတောင်သူများကို မြို့နယ်အထွေထွေအုပ်စာရေးအဆင့်(၂) ဦးတင်မွှေးမှ ပုလဲဓာတ်မြေသြဇာများ အကြွေး
စနစ်ဖြင့်ရောင်းချခဲ့
ပါသည်။ထိုဓာတ်မြေသြဇာဖိုးအကြွေးကို တောင်သူများမှကျေသည်
အထိဆပ်ခဲ့ပါသည်။ စာရင်းဇယားအရအကျြွေးကျေသော်လည်းဦးတင်မွှေးမှလက်မှတ်
အတု စာရင်းအတုထပ်မံပြုလုပ်ပြီး တောင်သူများကို အကြွေး(၂)ခါ တောင်းခဲ့ပါသည်။

မမှန်မကန်စာရင်းတင်တောင်းသောအကြွေးများ မပေးနိုင်သောတောင်သူများကို
ဦးတင်မွှေးမှဝမ်းတွင်းမြို့နယ်တရားရုံးန
ှင့်ပူးပေါင်းပြီးဝရမ်းထုပ်၍အတင်းအဓမ္မဖမ်းဆီး
ချုပ်နှောင်ခဲ့ပါသည်။ ထိုသို့ မတရားဝရမ်းထုပ်ဖမ်းဆီးနေမှုေ
ကြာင့် အချို့သောတောင်သူ
များမှာ လယ်ယာမလုပ်နိုင်ပဲ ထွက်ပြေးတိမ်းရှောင်နေရပါသည
်။

အာဏာပိုင်များမှလယ်ယာလုပ်ကိုင်နေသောတောင်သူများအပေါ်မတရားလုပ်ဆောင်နေသော
လုပ်ရပ်
များ ယနေ့အချိန်ထိရှိနေသည်ကို အများပြည်သူများသိစေရန်တင်ပြအပ်သည်။

အိပ်နေတဲ့ "ကျား" ကို လှုပ်နှိုးခဲ့ကြပြီးမှ


ဗလီတွေ အာရဗီ စာသင်ကျောင်းတွေ ဆောက်တဲ့ နေရာမှာ ခွင့်ပြုမိန့် အရင်တင်
သလား ? ဆောက်ပြီးမှ ဗလီပုံစံ၊ အာရဗီ စာသင်ကျောင်း ပုံစံ ပေါ်လာ သလား ?
လူတိုင်း သိပြီးသားပါ ။ ရပ်ကွက် တစ်ခုမှာ မွတ်စ်လာမ် နှစ်ယောက် နဲ့ တစ်ပိုင်း
လောက်ပြောင်းရွေ့လာယုံနဲ့ဗလီ လိုအပ်တယ် ၊ အာရဗျီစာသင်ကျောင်း လိုအပ်
တယ် ဆိုပြီး ခွင့်ပြုမိန့် တင်တဲ့အခါ ဖြစ်နိုင်သလား စဉ်းစားလေ ။ စစ်ဆေးလို့ပေါ်
ပေါက်လာရင်လည်း စားပွဲအောက်ကို လက်လျှိုပြီး ပိုင်ရာ ဆိုင်ရာ နဲ့ အကွက်ရွေ့
ဆောက်လာခဲ့တယ်ဆိုတဲ့ ဗလီတွေ ဘာသာရေးကျောင်းတွေဆိုတာ မှိုလို ပေါက်
နေခဲ့ပြီးသားပါ ။ ခုခေတ်လို ပွင့်လင်း မြင်သာမှု ရှိလာတဲ့ အခါမှာ အရင်လို ပိုင်ရာ
ဆိုင်ရာလောက်နဲ့ လုပ်ချင်တိုင်း လုပ်ဖို့ ခက်လာ တာကြောင့်လည်း ပြဿနာ ဖန်
တီးလုပ်ကြံမှုတွေ ပေါ်ပေါက်လာတဲ့ အကြောင်းအချက် တစ်ခုဖြစ်ပါတယ် ။

စာရင်းရှိ နိုင်ငံသား ဖြစ်ပြီးသား မွတ်စ်လာမ် လူနည်းစုဆိုသော အရေအတွက်နှင့်
ယှဉ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ ဗလီနဲ့ အာရဗျီကျောင်းအရေအတွက်
က သတ်မှတ်ချက်ထက် ပိုမိုနေတဲ့အတွက် ခွင့်ပြုမိန့် မပြုခြင်း ၊ တည်ဆောက်ခွင့်
မရခြင်းပဲ ဖြစ်ပါတယ် ။ ဒါကိုမှ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရရှိဘူးလို့ အော်ဟစ်
နေကြတယ်ဆိုတာက ယခင် ခေတ်က ဆောက်လုပ်ကိုးကွယ်ခွင့်ပြုပြီး နေရာပေး
လာခဲ့ကြတဲ့ - မြန်မာ နိုင်ငံသားတွေ နဲ့ နိုင်ငံတော်အပေါ် ကျေးဇူးကန်းရာ ရောက်
နေတယ်ဆိုတာကို သဘောပေါက်ပါလေစ ။ ခုချိန်ထိ အေးအတူ ပူအမျှ နေထိုင်
လာခဲ့ကြတဲ့ မြန်မာတွေ အပေါ် စော်ကားရာရောက်နေပါတယ် ။

လွယ်ဂျယ်မြို့၏မူးယစ်ဆေးဝါးအန္တရာယ်တစ်စေ့တစ်စောင်း ကို လေ့လာတင်ပြခြင်း



မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများး၏အန္တရာယ်မှာလူသားတစ်ရပ်လုံး
ကို လူညွန့်တုံး စေသည်သာမကအသက်၊ အိုးအိမ်စည်းစိမ်များကိုပါထိပါးစေသည်။

မူးယစ်ဆးဝါးသည်သုံးစွဲမိပါကတစ်ဦးတစ်ယောက်မှမိသားစု၊ မိသားစုမှရပ်ရွာ၊ ရပ်ရွာ
မှ မြို့၊ မြို့ရွာမှသည် နိုင်ငံတော်အထိလူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုအဆုံးအစမရှိထိခိုက် ပျက်စီးသွားနိုင်သည်။ ထိုဆေးဝါးများကိုလူသားတို့၏အဓိကရန်သူကြီးသဖွယ်သတ်မှတ်
ကာတားဆီးပိတ်ပင်ခြင်း၊အမြစ်ပြတ်ချေမှုန်းခြင်းမပြုလုပ်ပါက ဒေသတစ်ခုလုံးပါပျက်ပြုန်း
သွား မည်ဖြစ်သည်။

လွယ်ဂျယ်မြို့တည်နေရာ
လွယ်ဂျယ်မြို့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ မြို့နယ်ခွဲ
တစ်ခု ဖြစ်သည်။ တရုတ်နယ်စပ်နှင့်ထိစပ်လျက်ရှိသော မြို့လည်းဖြစ်သည်။လွယ်ဂျယ်မြို့
သည် တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ လုံးချွန်ခရိုင်၊ ကျန်းဖုံးမြို့၊ လိုင်းယိင်းရွာနှင့် ထိစပ်
လျက် ရှိသည်။ လွယ်ဂျယ်မြို့မှ စိန်လုံ၊ မိုးမောက်၊ ဗန်းမော်မြို့များသို့ မော်တော်ကား
လမ်းဖြင့် သွားလာနိုင်သည်။

အစိုးရ၏တပြည်လုံးအပစ်ရပ်ရေးလက်မှတ်ထိုးပွဲသို့ KIA တက်ရောက်မည်မဟုတ်



အစိုးရ၏ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲသို့ တက်ရောက်မည်
မဟုတ်ကြောင်းကချင်ပြည်လွတ်လပ် ရေးအဖွဲ့ KIO ၏သဘောထားကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့်
ယမာန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်
ဟု ABSDF (မြောက်ပိုင်း)အဖွဲ့၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးမင်းဌေးက
ဆိုပါသည်။

“ ကျနော်တို့ ဥက္ကဌက ဗိုလ်ချုပ်ဂွမ်မော်နဲ့ လိုင်ဇာဌာနချုပ်မှာ တွေ့ဆုံစဉ်ပြောကြားလိုက်
တာပါ။ ကျနော်တို့ ABSDF အဖွဲ့ကတော့တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
ဖြစ်မြောက်ဖို့ရယ်၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ကြိုးစား
နေပါတယ်” ဟုဆိုသည်။

TNLA တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ အထိနာ

ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာအုပ်စုရှိ ဖာဖိုင့်နှင့်ပါချောင် ကျေးရွာနမ့်ဟွန်းချောင်း
အနီးသို့ထိုးစစ်ဆင်လာသော အစိုး ရ ခလရ (၄၅) တပ်ဖွဲ့နှင့်ပန်ဆေးပြည်သူ့စစ်ပူးပေါင်း
တပ်ဖွဲ့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး TNLA တပ်ရင်း (၁၁၂) မှ စောင့်ပစ်ရာ
ယနေ့ နေ့လည် ၂ နာရီခန့်မှ၃ နာရီခွဲအထိ ပြင်းထန်စွာအနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်
ဟု TNLA အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်ကဆိုပါသည်။

“ ဒီလိုပါ၊ ဒီတပ်က မနေ့ ကတည်းက ကျနော်တို့ တပ်ဖွဲ့ နောက်ကို လိုက်နေတာ။ ဒီတော့ သူတို့ ချောင်းကူးလာတယ် ။ ချောင်းတဘက်ကမ်းမှာလည်းကျနော်တို့မိုင်းထောင်ထား
တယ်။ ရှေ့ဆုံးပွိုင့်ကမိုင်းထိတာနဲ့ ကျန်တဲ့တပ်ဖွဲ့တချို့က ချောင်းထဲမှာလေ ၊ ဒီတော့အပြင်း
အထန်ကိုကျနော်တို့တိုက်လိုက်ပါတယ်” ဟုဆိုပါသည်။

ကျနော်တို့ ကလည်းနမ့်ဟွန်း ချောင်းတဖက်ကမ်းကိုကူးပြီး စောင့်ပစ်တယ်။ ဗုံးလည်း
ထပ်ထောင်ထားတယ်။ အဲဒီတော့သူတို့ကချောင်းလည်းကူးရောစပစ်တာပေါ့။ ဒီတော့
ချောင်းထဲမှာ အတုန်းအရုံး ထိတာပါဘဲ။ ပြီးတော့ ကျနော်တို့ ကမ်းစပ် ဖက်မှာလည်း
မိုင်းထောင် ထားတော့ ကမ်းအတက်မှာပါ မိုင်းတွေ ထပ်ထိသွားတယ်” ဟု ဆိုပါသည်။

Wednesday, September 11, 2013

ဓမ္မစကူးလ်အကြောင်းသိစေဖို့

ယနေ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်တို့သည် ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရား
မသွားကြတော့ပါ။ ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့်ဘာသာတရားတော်နှင့်
လည်း တိမ်းလာကြပါတော့ သည်။ ယင်းသို့ ဥပုသ်နေ့မှန်း မသိခြင်း၊ ကျောင်းကန်
ဘုရားတို့နှင့် စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါနည်းဟု မေးခဲ့သော်
ယနေ့ လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု အမှန်အတိုင်း ဖြေရမည် ဖြစ်ပါသည်။
ယနေ့ ဗုဒ္ဓဘာသာဝင် လူကြီးမိဘအများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို
ကျူရှင် သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆ လက်ခံလာကြပါသည်။ ဤ
သို့ဖြင့် ဘုရားဝေး တရားဝေး ရသော လူငယ်လူမိုက် ကလေးတို့ ပေါများလာရပါ
သည်။ သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ အရပ်ကယ်ပါ၊ လူဝိုင်း
ပါဟု အသံပြာလာကြပါသည်။

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းအလိုက်သတ်မှတ်ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်

 
ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်
၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်
များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/
WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA
450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့်
၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ်
၀၁-၆၅၆၉၉၄ နှင့်၀၁-၆၅၆၉၉၅တို့သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့
ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။

Friday, September 6, 2013

အာဖရိက သို့ ဗုဒ္ဒသာသနာ ပြန့်ပွါးပြီ



အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက ခရစ်ယာန်မိသားစုမှာ Steven ကို၁၉၆၆-
ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့အစ္စလာမ်
၂-ခု တည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀ ကျော်သက်အရွယ်ရောက်မှအိန္ဒိယနိုင်ငံမှာ
ဂေါတမဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းခဲ့ဖူးကြောင်းကိုနာမည်လောက်သာ ကြားဖူးခဲ့သူပါ။
အရွယ်ရောက်လာတဲ့ အခါမှာ သူဟာအိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။
အဲဒီမှာ ထိုင်းလူမျိုးရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရ
ခဲ့ပါတယ်။ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကိုဆက်
လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူကတိဗတ်ဘုန်းတော်ကြီး ဒလိုင်း
လားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီ၏ သစ္စာတရားအား မေးခွန်းထုတ်ခြင်း (၀ံသာနုအယ်ဒီတာ့အာဘော်)

RNDP လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ နိုင်ငံရေး ပါတီများ မှတ်ပုံ
တင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုး
သားလွှတ်တော်တွင် တင်သွင်းမှုအား အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က)တွင် ပါ
ရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ
လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း" ဆိုသည့် စကားရပ်အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်
သွင်းခြင်း ဖြစ်သည်။ ကြံ့ခိုင်ရေးကိုယ်စားလှယ်၏အကြောင်းပြချက်မှာ ဒေါက်တာအေးမောင်
၏ အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ရာရောက်သည့်အတွက် ကန့်ကွက်
ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အခြေခံဥပဒေ၏အားနည်းချက်များအား ပြင်ဆင်ရန်ကြိုးပမ်းခြင်းအား အခြေခံဥပဒေအား
ချိုးဖောက်ခြင်းဟု ခံယူထားသော ကြံ့ခိုင်ရေးပါတီအား ၀ံသာနုအနေဖြင့် မေးခွန်းထုတ်လို
ပါသည်။ အခြေခံဥပဒေသည် နိုင်ငံတော်အတွက် အာဏာတည်သည့် ဥပဒေဖြစ်ပါလား၊
သို့တည်းမဟုတ် ကြံ့ခိုင်ရေးပါတီ၏ အကျိုးသက်သက်အတွက် ထုတ်ပြန်ထားသည့်
ဥပဒေဖြစ်ပါသလား။ အခြေခံဥပဒေအား စောင့်ရှောက်ခြင်း၊ ပြင်ဆင်ခြင်းသည် ကြံ့ခိုင်ရေး
ပါတီနှင့်သာ သီးသန့်သက်ဆိုင်ပြီး တခြားနိုင်ငံရေးပါတီများနှင့် မသက်ဆိုင်ပါသလား။

နိုင်ငံတော်၏ ပစ္စုပ္ပန်၊အနာဂတ် အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံရေးနယ်
ပယ် အတွင်း နိုင်ငံတကာစံချိန်စံညွှန်းများနှ
င့် မကိုက်ညီသည့် နိုင်ငံသားမဟုတ်သူများအား ပါဝင်ပတ်သက်ခွင့်ပြုခြင်းကြောင့် အနာဂတ်တွင်ကျရောက်လာမည့် အန္တ ရာယ် များ ထက် ကြံ့ခိုင်ရေးပါတီ၏အကျိုးစီးပွားကပို၍အရေး ကြီးပါသလား။ နိုင်ငံသားမဟုတ်သူများနှင့် ပတ်သက်၍ နိုင်ငံတာ်၏ သစ္စာအား စောင့်သိရိုသေသူဆိုရာတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် မည်သည့်ပေတံဖြင့် တိုင်းတာပါသနည်း။
အာဏာအား ခုတုံးလုပ်၍ ၂၀၁၀ရွေးကောက်ပွဲကာလအတွင်း ဘင်္ဂလီများအား White Card များထုတ်ပေးပြီး ရွေးကောက်ပွဲဝင်ခိုင်းခဲ့သည့် ကြံ့ခိုင်ရေးပါတီသည် ပြည်ထောင်စုမြန်
မာနိုင်ငံတော်အာ
း အမှန်တကယ် သစ္စာရှိသည့် နိုင်ငံရေးပါတီတစ်ခု၏ အင်္ဂါရပ်နှင့် ကိုက်
ညီခြင်း ရှိပါသလား။ နိုင်ငံသားစစ်စစ်ဖြစ်သည့် ကြံ့ခိုင်ရေးပါတီပင်လျှင် နိုင်ငံတော်အား ဤကဲ့သို့သစ္စာဖောက်ခဲ့လျှင် ကြံ့ခိုင်ရေးပါတီ၏ ထောက်ခံမှုဖြင့် တိုင်းပြုပြည်ပြုနိုင်ငံရေး
နယ်ပ
ယ်သို့ ၀င်ရောက်လာသည့်၊ တရားဝင်မဲပေးခွင့်ရှိသည့် တရားမ၀င် ဘာသာခြား၊
လူမျိုးခြားတို့သည် မည်သည့်အကြောင်းပြချက်ဖြင့် နိုင်ငံတော်အား သစ္စာရှိပါမည်နည်း။

မိမိအကျိုးစီးပွား၊ မိမိပါတီအကျိုးစီးပွားသက်သက်အတွက် နိုင်ငံတော်အား ခုတုံးလုပ်ရောင်း
စားဝံ့သော လွှတ်တော်အမတ်သည် အမျိုးသားလွှတ်တော်အတွင်း ၀င်ထိုင်ခြင်းငှာ ထိုက်
တန်ပါ၏လော။ မည်ကဲ့သို့သော နှလုံးသားဖြင့် နိုင်ငံတော်အား သစ္စာစောင့်သိရိုသေပါ
မည်ဟု ကျမ်းသစ္စာကျိမ်ဆိုခဲ့ပါသနည်း။ ကြံ့ခိုင်ရေးပါတီ ဖြေပါ။


မြတ်သိန်းထွန်း

အယ်ဒီတာချုပ်

ဝံသာနု

ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း

 
ခင်မင်တဲ့ သူငယ်ချင်းအချို့ တိုက်တွန်းတဲ့အတွက် ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နိုင်ငံတကာသတင်းများကို အင်တာနက်ရှိ မြန်မာစာမျက်နှာအများ
စု၌ဖတ်ရှုနိုင်သည်ဖြစ်ရာအများအားဖြင့် ရေးသားလေ့မရှိပါ။ သို့သော်သူငယ်ချင်းများမေး သည့် မေးခွန်းအချို့ကပို့စ်ရေးရန်လုံလောက်သည့်အကြောင်းပြချက် ဖြစ်သည်ဟုခံယူ
သဖြင့်ဤစာကို ရေးပါသည်။သူငယ်ချင်းများကျေနပ်ကြပါကုန်။

ပြီးခဲ့တဲ့လအတွင်းဆီးရီးယားအစိုးရကအရပ်သားတွေကိုဓာတုလက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ
လည်း အဲဒါနဲ့ ပတ်သက်တဲ့ ပြကွက်တွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြသတယ်။ ကိုယ်လို
ရာကို ဆွဲနိုင်ဖို့အတွက် ပြလို့ကောင်းမယ့် အခင်းအကျင်းတွေကို ရွေးချယ်ပြသတတ်တာ အနောက်မီဒီယာတွေရဲ့ ကျွမ်းကျင်မှုပါပဲ။ ကလေးတွေငိုယိုပြီး ပြေးလွှားနေတာ၊ ကလေး
သူငယ်တွေ အတုံးအရုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကြတာ၊ ဒဏ်ရာရတဲ့ လူတွေထဲကမှသွေး
တရွှဲရွှဲနဲ့လူတွေကိုဟိုချီဒီထမ်းလုပ်ပြီး ပြေးလွှားကြတာစသည်ဖြင့်ပေါ့။

ကျောက်တော် ဆန္ဒပြခေါင်းဆောင်လေးဦးအား စစ်တွေရဲစခန်းတွင် တစ်ညသိပ်

ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခြင်းမပြုဘဲ အိမ်ပိုင်မြေပိုင် ဆောက်လုပ်ခြင်းမပြုရန်ဆန
္ဒပြခြင်းကို မတ်လအတွင်းကဦးဆောင်ခဲ့သဖြင့် ယမန်နေ့က ထောင်ဒဏ်သုံးလ ချမှတ်ခြင်း ခံခဲ့ရသော ခေါင်းဆောင်သူလေးဦးအား ကျောက်တော်မြို့မှ ညနေ ငါးနာရီခွဲကျော်တွင် ကားဖြင့် ခေါ်ဆောင်လာခဲ့ရာစစ်တွေမြို့အမှတ်(၁)ရဲစခန်းသို့ယမန်နေ့ ညနေရှစ်နာ ရီ လေးဆယ့်ငါးမိနစ်တွင် ရောက်ရှိသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) မှ ဗဟိုကော်မတီဝင် ဦးကျော်ဇော ဦး၊ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးစောငြိမ်း နှင့် RNDP မှ အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့ဝင်များက စစ်တွေ အမှတ် (၁) ရဲစခန်းသို့ချက်ချင်း
ရောက်ရှိလာကြပြီး အကျဉ်းကျခံ လေးဦးအားလာရောက်တွေ့ဆုံကာ လုပ်ထုံးလုပ်နည်းနှင့်
အညီတာဝန်ရှိသူများက ဆောင်ရွက်ခြင်းရှိမရှိကိုလာရောက်စောင့်ကြည့် မေးမြန်းခဲ့ကြသည်။

Thursday, September 5, 2013

မြို့နယ်ပညာရေး၏အလွဲသုံးစား

ခရမ်းမြို့နယ်ပညာရေးမှူးပင်စင်စား ဦးစိန်သန်းအောင်(2013-14)၊နမ့်ဆန်လမ်း၊ ခရမ်းမြို့
မှ ပင်စင်ထောက်ပံ့ကြေးအဖြစ်ဝန်ထမ်းတစ်ဦးလျှင်ငွေကျပ်( ၁၀၀၀)နှင့်ကျောင်းအုပ်တစ်ဦး လျင်(၃၀၀၀)ကျပ်ကိုဇူလိုင်လကုန်တွင်အဖြတ်ခံရသည်ကိုဝန်ထမ်းများကျေနပ်မှုမရှိကြပါ။
ထို့အပြင်ပင်စင်စားဦးစိန်သန်းအောင်နှင့်လက်ထောက်ပညာရေးမှူးအသစ်ဦးကြည်လွင်တို့မှ
လည်း၂၀၁၃-၂၀၁၄ပညာသင်နှစ်အတွက်နိုင်ငံတော်မှအသေးသုံးချပေးငွေသိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀)ကျပ်ကိုရုံးအတွက်ငွေငါးသိန်းငါးသောင်းကျပ်သာ(၅၅၀,၀၀၀)ကျပ်သာ
အသုံးပြုပြီးကျန်ငွေတစ်ဆယ်လေးသိန်းငါးသောင်း(၁,၄၅၀,၀၀၀)ကျပ်အားကိုယ်ကျိုးအ
တွက်ထုပ်ယူသုံးဆွဲထားပါသည်။လက်ထောက်တပည့်ဖြစ်သူဦးကြည်လွင်အားဝေစုပေးထား
ခဲ့ပြီးကိုယ်လွတ်ရုန်းဘို့ပင်စင်ကိုကြိုတင်ယူခဲ့ပါသည်။ယ္ခုလက်ရှိမြို့နယ်ရုံးပြင်စင်စရိတ်
ကျပြီးပြုပြင်ရာဆယ်တင်ပစ္စည်းသွပ်များအားအထွေထွေလုပ်သားဦးခင်မောင်ချစ်( ကရင် ကန်မူလွန်ကျောင်း၊ခရမ်းမြို့နယ် )အားငွေကျပ်တစ်သိန်းတစ်သောင်း( ၁၁၀၀၀၀)ဖြင့်

ဦးကြည်လွင် မှ ဆက်လက်ရောင်းစားထားပါသည်။ ပင်စင်စားပညာရေးမှူး မှ အမြင် မကြည်လင်သူဝန်ထမ်းများအားဦးကြည်လွင်မှနေ့စဉ်ဖိနှိပ်ခြိမ်းခြောက်မှုကြောင့်ဝန်ထမ်း
များအကြားစိတ်ဝမ်းကွဲမညီညွတ်မှုများရှိနေကြောင်းသိရပါသည်။

တာဝန်သိသူများ

အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ

စက်တင်ဘာ ၄ရက် အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြော်ငြာချက်ကို  Thestar သတင်းစာ
မှ ဖော်ပြသွားသည် ။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေးတစ်ခုအားဝင်ရောက်
စီးနင်းမှု့တွင်အဆိုပါဆိုဒ်ရှိ တရားမဝင်နေထိုင်သူတစ်ဦး မှ ရုတ်တရက် ပစ္စတို သေနတ်
တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအားချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ် မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က
ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသ
ည် ။

Sunday, September 1, 2013

အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့်

“ ညဏ်လင်းထက်.......”
ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံအဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲတုန်ရီစွာ
နဲ့အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ် ။

ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းကအလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာဘယ်နှခါ
ရှိပြီးလည်း ။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ်....

ငါ့ကိုတောင် အာခံချင်တာလား ။

" ကျနော့်တို့အိမ်ကအဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... "ဆိုတဲ့ ဖြေ
ရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက

ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်း
မထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက် ။

ဘယ်လို မိဘတွေလည်း မသိပါဘူး....ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။
နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင်..............။ ကဲ ....
...အားလုံး စာအုပ်ထုတ်.....

မြန်မာ့ရေးရာသတင်းပဒေသာ (၁-၉-၂၀၁၃)

- နေ့စားပညာရေးဝန်ထမ်းများခံစားခွင့် နှစ်ဆရမည် ..... အပြည့်အစုံဖတ်ရန်
- ဒုစရိုက်လုပ်ငန်းတွေလွတ်လပ်ရေးရနေတဲ့မြို့(ဆောင်းပါး) ..... အပြည့်အစုံဖတ်ရန်
- အစိုးရအသုံးစရိတ်နှင့်ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက
  လွှတ်တော်သို့ ပြည့်စုံစွာမတင်ပြဟုဆို ..... အပြည့်အစုံဖတ်ရန် 
- အသက်မပြည့်သည့်ကလေးကို စစ်တပ်သို့လိမ်ညာခေါ်သွင်းဟု ကလေးမိဘကဆို
  ..... အပြည့်အစုံဖတ်ရန် 
- အထက်လွှတ်တော် ကြံ့ခိုင်ရေးပါတီအမတ်ကို ပြည်သူများဆန္ဒပြ .....အပြည့်အစုံဖတ်ရန်
- အလုပ်ဖြစ်နေဆဲ အိမ်၊မြေဈေးများ ..... အပြည့်အစုံဖတ်ရန်
- တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကြောင်း ဆုံးရှုံးနစ်နာမှုတွေကိုစာရင်းကောက်ယူမည် .....
  အပြည့်အစုံဖတ်ရန် 
- ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ပဒိုမန်းငြိမ်းမောင်တိုက်တွန်း .....အပြည့်အစုံဖတ်ရန် 
- ချင်းမိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြည်တွင်း UNA အဖွဲ့တက်ရောက်မည် .....အပြည့်အစုံဖတ်ရန် 
-   

မြန်မာနိုင်ငံသားအပါအ၀င် အလုပ်သမား ၂၀၀ ကျော် မလေးရှားအစိုးရ ဖမ်းဆီး

မလေးရှားအစိုးရက တရားမ၀င်နေထိုင်သော နိုင်ငံခြားသားအလုပ်သမားများကိုဖမ်းဆီး
လျှက်ရှိရာမြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသားအလုပ်သမား နှစ်ရာကျော်ဖမ်းဆီးပြီး
စတင်စစ်ဆေးနေပြီ ဖြစ်သည်။

မလေးရှားအစိုးရကစက်တင်ဘာ၂ရက်တွင်စတင်ဖမ်းဆီးမည်ဟုအစောပိုင်းက ကြေညာ
ထားသော် လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင် ဖမ်းဆီးနေခြင်းဖြစ်ပြီး ယမန်နေ့က အထိဖမ်းဆီးနေဆဲဖြစ်
ကြောင်းမလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောကြသည်။