မလေးရှားအစိုးရက တရားမ၀င်နေထိုင်သော နိုင်ငံခြားသားအလုပ်သမားများကိုဖမ်းဆီး
လျှက်ရှိရာမြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသားအလုပ်သမား နှစ်ရာကျော်ဖမ်းဆီးပြီး
စတင်စစ်ဆေးနေပြီ ဖြစ်သည်။
မလေးရှားအစိုးရကစက်တင်ဘာ၂ရက်တွင်စတင်ဖမ်းဆီးမည်ဟုအစောပိုင်းက ကြေညာ
ထားသော် လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင် ဖမ်းဆီးနေခြင်းဖြစ်ပြီး ယမန်နေ့က အထိဖမ်းဆီးနေဆဲဖြစ် ကြောင်းမလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောကြသည်။
“ပီနန်းမှာတော့ စဖမ်းနေပြီခင်ဗျ။ မနေ့ထိ အယောက်နှစ်ရာလောက်ဖမ်းထားတယ်လို့ တီဗွီမှာ ကြေညာတယ်။ မြန်မာနိုင်ငံသားဘယ်နှစ်ယော က်ပါတယ်ဆိုတာမသိသေးဘူး”
ဟု ကွာလာလမ်ပူမြို့နေမလေးရှားေ ရာက် မြန်မာအလုပ်သမားများကိုကူညီ ပေးနေသူ
ကိုအောင်ကြီးက ဆိုသည်။
အကယ်၍ ဖမ်းဆီးမိပါက တရားမ၀င်နေတယ်ဆိုရင် ကြိမ်ဒဏ်တစ်ချက်မှ သုံးချက်ထိ
ရိုက်ခွင့်ရှိသည်ဟု မလေးရှား အစိုးရက ကြေညာထားသည်။
ထို့ပြင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းလွန်အလုပ်သမားများသ ည်ဒဏ်ငွေ ပေးဆောင်ရ
မည်ဖြစ်ပြီး၊ တရားမ၀င် နေထိုင်သူများ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ UNHCR လက်မှတ်ကိုင်ဆောင်သူများကို UNHCRကထိန်းသိမ်းရေးစခန်းမှ ပြန်လည် ရွေးထုတ်
ကြရကြောင်း မလေးရှား မွန်ဒုက္ခသည်စခန်း ကော်မတီဝင် နိုင်ဥက္ကာက ဆိုသည်။
လွတ်လပ်ရေးနေ့ မတိုင်မီနေ့၊ လွတ်လပ်ရေးနေ့အပြီးတွင် အခွန်မဆောင်သူ၊ တရားမ၀င်
နေထိုင်သူနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများကို ယခင်နှစ်များက
လည်း ယခုကဲ့သို့ ဖမ်းဆီးလေ့ရှိ ပြီး ယခုနှစ်တွင်မူ ကြိမ်ဒဏ်ပေးဖွယ် ရှိနေသည်။
အစိုးရကဖမ်းဆီးမှုများကြောင့် ယခုကဲ့သို့စီမံချက်ကာလများ တွင်တရားမ၀င် နေထိုင်သူများ
သည်မြို့နှင့် အလှမ်းကွာသည့် တောတောင်များတွင်ပုန်းအောင်း နေထိုင်ကြလေ့ရှိသည် ဟု နိုင်ဥက္ကာက ပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်သိန်းဝန်းကျင်ရှိသည့် အနက် တရားမ၀င်နေ
ထိုင်သူ ငါးသိန်းဝန်းကျင် ရှိကြောင်း Burma Campaign Malaysia က ထုတ်ပြန်ထားသည်။
Ref : https://www.facebook.com/thant.zin.3766
လျှက်ရှိရာမြန်မာနိုင်ငံသားအပါအ၀င် နိုင်ငံခြားသားအလုပ်သမား နှစ်ရာကျော်ဖမ်းဆီးပြီး
စတင်စစ်ဆေးနေပြီ ဖြစ်သည်။
မလေးရှားအစိုးရကစက်တင်ဘာ၂ရက
ထားသော် လည်း သြဂုတ် ၂၆ ရက်ကတည်းက စတင် ဖမ်းဆီးနေခြင်းဖြစ်ပြီး ယမန်နေ့က အထိဖမ်းဆီးနေဆဲဖြစ်
“ပီနန်းမှာတော့ စဖမ်းနေပြီခင်ဗျ။ မနေ့ထိ အယောက်နှစ်ရာလောက်ဖမ်းထားတယ
ဟု ကွာလာလမ်ပူမြို့နေမလေးရှားေ
ကိုအောင်ကြီးက ဆိုသည်။
အကယ်၍ ဖမ်းဆီးမိပါက တရားမ၀င်နေတယ်ဆိုရင် ကြိမ်ဒဏ်တစ်ချက်မှ သုံးချက်ထိ
ရိုက်ခွင့်ရှိသည်ဟု မလေးရှား အစိုးရက ကြေညာထားသည်။
ထို့ပြင်အလုပ်လုပ်ကိုင်ခွင်
မည်ဖြစ်ပြီး၊ တရားမ၀င် နေထိုင်သူများ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကာ UNHCR လက်မှတ်ကိုင်ဆောင်သူများကို
ကြရကြောင်း မလေးရှား မွန်ဒုက္ခသည်စခန်း ကော်မတီဝင် နိုင်ဥက္ကာက ဆိုသည်။
လွတ်လပ်ရေးနေ့ မတိုင်မီနေ့၊ လွတ်လပ်ရေးနေ့အပြီးတွင် အခွန်မဆောင်သူ၊ တရားမ၀င်
နေထိုင်သူနှင့် UNHCR လက်မှတ်ကိုင်ဆောင်သူ နိုင်ငံခြားသားများကို ယခင်နှစ်များက
လည်း ယခုကဲ့သို့ ဖမ်းဆီးလေ့ရှိ ပြီး ယခုနှစ်တွင်မူ ကြိမ်ဒဏ်ပေးဖွယ် ရှိနေသည်။
အစိုးရကဖမ်းဆီးမှုများကြောင်
သည်မြို့နှင့်
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ခြောက်သိန်းဝန်းကျင်ရှိသည့်
ထိုင်သူ ငါးသိန်းဝန်းကျင် ရှိကြောင်း Burma Campaign Malaysia က ထုတ်ပြန်ထားသည်။
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။