Saturday, March 22, 2014

စစ်တွေနှင့်မောင်တောတွင် ခရိုင်မီးယားကဲ့သို့ ဆန္ဒခံယူပွဲပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ စစ်တကောင်း နှင့်ပူးပေါင်းသင့်ကြောင်း ဘင်္ဂလားဒေ့ရှ့်သတင်းစာတစ်စောင်၏တာဝန်မဲ့ရေးသားမှုအား မြန်မာအစိုးရ ပြင်းထန်စွာ ကန့်ကွက်


စစ်တွေနှင့်မောင်တောတို့တွင် ခရိုင်မီးယားကဲ့သို့ ပြည်သူ့
ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ စစ်
တကောင်းပြည်နယ်အောက်သို့ ထိုဒေသများပူးပေါင်းသင့်
ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံထုတ် ဒါကာထရိုင်ဗျူးသတင်းစာ
၏ ရေးသားချက်နှင့်ပတ်သက်ပြီး မြန်မာအစိုးရက ပြင်းထန်စွာ
ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

“ဒီလိုတာဝန်မဲ့ရေးသားချက်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်
ပြားစေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဒီလိုရေးသားချက်ကို
လုံးဝလက်သင့်မခံနိုင်ပါဘူး။ ဒီလိုရေးသားလိုက်ခြင်းကြောင့်
မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် လုံးဝ
ကန့်ကွက်ရှုတ်ချပါတယ်” ဟုနိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း
အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာ၏ မေးမြန်းချက်
ကိုဖြေကြားသည်။

Saturday, March 15, 2014

မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝ
ပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့
ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ
ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့
ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။

"မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း
ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝ
ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံပြည်သူ လူထုတွေ
ပေါင်းပြီးတော့ လုပ်ကြတာပေါ့"

တစ်နိုင်ငံလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ရှစ်သိန်းခွဲကျော် ရှိဟုဆို

လူဦးရေ ပေါက်ကွဲမှုနှုန်း မြင့်တက်နေသော နိုင်ငံ သုံးနိုင်ငံ အကြား တည်ရှိသည့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူ ဦးရေ ရှစ်သိန်းခွဲကျော် ရှိနေကြောင်း
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းဇယား များကို ကိုးကား၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစောမော်ထွန်းက ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက် နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက် ၍ ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သန်လျင်တံတားပေါ် သစ်လုံးတင်ယာဉ်နှင့် ကွန်တိန်နာတွေ မဖြတ်စေချင်

ကျွန်မက သန်လျင်အောင်ချမ်းသာရပ်ကွက်မှာနေပါတယ်။ ရန်ကုန်
မြို့ထဲကို တစ်ပတ်မှငါးရက်အလုပ်ဆင်းရပါတယ်။ သန်လျင်မြို့နယ်
မှာနေတဲ့သူတွေဟာ သန်လျင်တံတားကြီးရှိလို့ ရန်ကုန်မြို့နဲ့သွားရေး
လာရေးအဆင်ပြေပါတယ်။ သန့်ရှင်းသပ်ယပ်စွာစီးနင်းနိုင်တဲ့အထူး
လိုင်းကာတွေပေါများတဲ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမဲ့
သန်လျင်တံတားပေါ်မှာ ကားပိတ်ဆို့မှုဖြစ်ပြီဆိုရင် နာရီပေါင်းများစွာ
ကြာအောင်စောင့်ရပါတယ်။

ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပညာရေးကွန်ယက် ရန်ပုံငွေအဖြစ် ရောင်းချမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
ပန်းချီကားတစ်ချပ်ကို အမေရိကန်ဒေါ်လာ ၁၅၀၀ဖြင့် ပန်းချီပြ
ခန်းတစ်ခုမှဝယ်ယူ၍ သုံးနှစ်ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးကွန်ယက်ရန်ပုံငွေပွဲ၌ လေလံတင်ေ၇ာင်းချမည်ဟု
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားတစ်ချပ်ကို အမေရိကန်
ဒေါ်လာ ၁၅၀၀ဖြင့် ၀ယ်ယူခဲ့သူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် ပညာရေးကွန်ယက်၌ အင်္ဂလိပ်စာသင်ကြားပေးနေသည့်
ဦးနေအုပ်ဖြစ်ပြီး ၄င်းကိုအားကျ၍ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီ
ကားတစ်ချပ်ကိုလည်း မန္တလေးမှကုန်သည်တစ်ဦးဖြစ်သူ ဦးနေ၀င်း
က၀ယ်ယူကာ ၄င်း၏အမည်ဖြင့်လှူဒါန်းရန်မှာကြားခဲ့သည်။

Friday, March 14, 2014

မတ် ၁၄ရက် နေ့ပြည်တွင်းသတင်းများ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်နိုင်ငံ
သား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူ
များကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုထားသည့် အတွက် ယင်းအချက်ကို ပြင်ဆင်
မည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံဖတ်ရန် 

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံတွင်းသို့ သစ်မှောင်ခို ခိုးထုတ်မှုများတွင် မြန်မာ အစိုးရ
စစ်တပ်များ ပါဝင် ပတ်သက် နေပြီး မှောင်ခိုသမား များထံမှ လာဘ်ငွေယူကာ သစ်မှောင်ခို
ခိုးထုတ်မှုများကို အစိုးရ စစ်တပ်က ခွင့်ပြုပေးနေကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အပြည့်အစုံဖတ်ရန် 

 




လယ်တီဆရာတော်ုရားကြီး၏ သိမ်ကျောင်းကိုပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုဆို

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းကိုလတ်တလော
ရွှေ့ပြောင်းရန် အစီအစဉ်မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး
သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်ကပြောကြားသည်။

လက်ရှိအချိန်တွင် လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်းဆောင်
ရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး ယခုလ ၂၆ရက်တွင် အပြီးပြောင်း
ရွှေ့မည်ဆိုသည့်သတင်းများ ဒေသခံများထံမှ ထွက်ပေါ်လာမှုများ
ကြောင့် ဒီမိုကရေစီတူဒေးသတင်းစာက ဆက်သွယ်မေးမြန်းမှုအပေါ်
အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“သာသနာရေးနဲ့ပတ်သက်နေတဲ့အတွက် သေချာစိစစ်ပြီးမှ ပြောင်း
ရွှေ့သွားမှာပါ။ လတ်တလောတော့ မပြောင်းနိုင်သေးပါဘူး” ဟု
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီးဦးသန်းထိုက်က
ေပြောသည်။

ထွန်တုံးတိုက်ပွဲများ လယ်သမားများဆက်လက်ဆင်နွှဲမည်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ
ဆင်နွှဲသည့် လယ်သမားများအား တရားစွဲခံထားရသော်လည်း
ထွန်ုတုံးတိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း
တံငါမြောက်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သည့် ဦးရဲရင့်အောင်
ကပြောသည်။

Thursday, March 13, 2014

ချင်းပြည်နယ် ကျေးရွာအချို့ စားနပ်ရိက္ခာပြတ်လပ်မှုဒုက္ခနှင့်ရင်ဆိုင်ကြုံတွေ့ နေရ

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့ နယ် နယ်စပ်ဒေသကျေးလက်ပြည်သူများစားနပ်ရိက္ခာပြတ် လပ်မှုဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရသည်။
ယခင်နှစ်များတွင် ချင်းပြည်နယ်အတွင်းကျေးလက်ပြည်သူများသည် အဲန်ဂျီအို များက ဒေသကားလမ်းများဖောက် လုပ်စေပြီး ဆန်အိတ်များဖြန့်ဖြူးပေးခဲ့ရာမှ ယင်းအစီအစဉ်ပြီးဆုံးသွားပြီဖြစ်သဖြင့်ယခုကဲ့သို့အစာရေစာပြတ်လပ်နေ
ရခြင်းဖြစ်ကြောင်း၊ ငွေရေးကြေးရေးအနည်းအကျဉ်း တတ်နိုင်သည့် ပြည်သူတချို့ 
သာလျှင် တစ်ဖက်မီဇိုရမ်ပြည်နယ်သို့သွားရောက်၍ ဆန်အိတ်များ ရှာဖွေနေကြ
ရကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက် လွှတ်တော် ဥက္ကဋ္ဌ၊ ကာချုပ်၊ ပြည်ခိုင်ဖြိုးပါတီ အကြံပေးများနှင့် သမ္မတ တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်
တို့တွေ့ဆုံဆွေးနွေးပြီး နှစ်ရက်အကြာ သမ္မတဦးသိန်းစိန်
လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နှင့် ပြည်ခိုင်ဖြိုးပါတီမှ အကြံပေးများဖြစ်သော ဦးအောင်သောင်း၊
ဦးစိုးသာတို့ မတ်လ ၁၂ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်း
ရရှိသည်။

“ပြီးခဲ့တဲ့အပတ်က ကာလုံမလုပ်ဖြစ်လို့ တွေ့တဲ့သဘောပါပဲ” ဟု
ပြည်ထောင်စုလွှတ်တော်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော
သည်။

လစ်လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်

လွှတ်တော်ကိုယ်စားလှယ်များတင်ပြထားသည့် လစ်လပ်နေသည့်
မဲဆန္ဒနယ်ပေါင်း နှစ်ဆယ်ကျော်ရှိနေပြီး ယင်းနေရာများအတွက်
ကြးဖြတ်ရွေးကောက်ပွဲတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါတာဝန်ရှိသူက “ကြားဖြတ်ရွေးကောက်ပွဲတွေက လုပ်ပေးဖို့
ရှိတယ်။ ကော်မရှင်ရဲ့လမ်းညွှန်မှုနဲ့အညီ သင့်တော်တဲ့အချိန်ကာလမှာ
ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ Ready
Position မှာရှိတယ်” ဟုပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အစီအစဉ်ရှိ မရှိကို လွှတ်တော်
ကိုယ်စားလှယ်များကလည်း လွှတ်တော်အစည်းအဝေးတွင်မေးမြန်း
ထားကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
လွှတ်တော်တွင် တရားဝင်ဖြေကြားသွားမည်ဖြစ်ကြောင်း ဆက်လက်
  ပြောသည်။

အစိုးရခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တံတားနီ (၂၆)နှစ် ပြည့်ပွဲပြုလုပ်မည်


အစိုးရခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တံတားနီအရေးအခင်း
(၂၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ အင်းလျား
ကန်ပေါင်တွင် မတ်လ ၁၆ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း
အဆိုပါပွဲဖြစ်မြောက်ရေးအတွက် စီစဉ်သူများကပြောကြားသည်။

တံတားနီအရေးအခင်း အထိမ်းအမှတ်နေ့ ကျင်းပနိုင်ရေးအတွက်
အစိုးရထံခွင့်ပြုချက်တောင်းခံထားပြီး လက်ရှိအချိန်အထိ အခမ်း
အနားကျင်းပခွင့်ပြုမည်၊ မပြုမည်ကို တိတိကျကျအကြောင်းမပြန်
သေးသော်လည်း ခွင့်ပြုမည်ဟုမျှော်လင့်ကြောင်း အခမ်းအနားကျင်း
ပရေးအဖွဲ့မှ ဦးဇော်မင်းက မတ်လ ၁၂ရက်တွင် သတင်းစာရှင်းလင်း
ပွဲ၌ပြောကြားခဲ့သည်။