Saturday, March 15, 2014

မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝ
ပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့
ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ
ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့
ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။

"မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း
ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝ
ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံပြည်သူ လူထုတွေ
ပေါင်းပြီးတော့ လုပ်ကြတာပေါ့"



မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေကို
လည်း ဆန္ဒပြပွဲမှာ တက်ရောက်လာသူတွေ ကို ဟောပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ဆုံစီမံကိန်းနေရာအပြင် အောင်မြင်သာကျေးရွာ
နဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CPI ကုမ္ပဏီ
ရုံးရှေ့တွေ ကိုလည်း သွားရောက်ပြီး CPI ကုမ္ပဏီ အလိုမရှိကြောင်း၊
CPI ကုမ္ပဏီထွက်သွားဖို့နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးစ တဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာမြစ်ချောင်း များ
ကွန်ရက် BRN အဖွဲ့က သံလွင်ရေကာတာ စီမံကိန်းတွေရပ်တန့် ပေးဖို့
နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်နဲ့ တိုင်းရင်းသား သုံးသောင်းကျော်
လက်မှတ်ထိုးပြီး ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနှင့် ရေကာတာဆောက်လုပ်မှု ဆန့်ကျင်ရေးနေ့မှာ ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်


မြန်မာအစိုးရက တရုတ်၊ ထိုင်းနို်င်ငံတို့နဲ့ ရင်းနှီးမြုပ်နှံပြီး သံလွင်မြစ်ပေါ်မှာ
ရေကာတာတွေ တည်ဆောက်သွားမယ့် ရှမ်းပြည် နယ်ထဲက ကွမ်းလုံ၊ နောင်ဖါနဲ့
တာဆန်း ရေကာတာ၊ ကရင်နီပြည်နယ်ထဲက ရွာသစ်နဲ့ ကရင်ပြည်နယ် ထဲ က
ဟတ်ကြီးရေ ကာတာတွေဟာ သံလွင်မြစ်ပေါ်မှာမှီခိုနေကြတဲ့
သန်းပေါင်းများစွာသော
လူသတ္တ၀ါတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တောင်းဆိုလိုက်
တာ ဖြစ်တယ်လို့လည်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က တာဝန်ခံ စိုင်းခေးဆိုင်က
ပြောပါတယ်။

ဒီရေကာတာ ၆ ခုကနေရရှိမယ့် လျှပ်စစ်ဓါတ်အား ၁၅၀၀၀ မီဂါဝပ်ဟာ လည်း မြန်မာနိုင်ငံ
အတွက် အကျိုးရှိမှာမဟုတ်ဘဲ တရုတ်နဲ့ ထိုင်းနိုင်ငံ တို့အတွက်သာ အကျိုးခံစားခွင့်ရမှာဖြစ်ပြီး လက်ရှိ ရေကာတာ တည်ဆောက်မှုမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်
သာမှုမရှိဘဲ စီမံကိန်းအကျိုးသက်ရောက်မှုကို ခံစားရမယ့် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေး
ကို လေးစားလိုက်နာ ကျင့်သုံးတာတွေမရှိဘူးလို့လည်း ထုတ်ပြန်ချက် မှာ ထောက်ပြပြောဆိုထား
ပါတယ်။

2014-03-14
RFA

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။