ကျွန်မက သန်လျင်အောင်ချမ်းသာရပ်ကွက်မှာေ နပါတယ်။ ရန်ကုန်
မြို့ထဲကို တစ်ပတ်မှငါးရက်အလုပ်ဆင်းရပါတယ်။ သန်လျင်မြို့နယ်
မှာနေတဲ့သူတွေဟာ သန်လျင်တံတားကြီးရှိလို့ ရန်ကုန်မြို့နဲ့သွားရေး
လာရေးအဆင်ပြေပါတယ်။ သန့်ရှင်းသပ်ယပ်စွာစီးနင်းနိုင် တဲ့အထူး
လိုင်းကာတွေပေါများတဲ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမဲ့
သန်လျင်တံတားပေါ်မှာ ကားပိတ်ဆို့မှုဖြစ်ပြီဆိုရင် နာရီပေါင်းများစွာ
ကြာအောင်စောင့်ရပါတယ်။
လွန်ခဲ့တဲ့တနင်္လာနေ့က တံတားပေးမှာ ကွန်တိန်နာကားကြိးတစ်စီး
ကန့်လန့်ပိတ်ပြိးပျက်နေပါတယ်။ တခြားကားတွေအားလုံး ပိတ်ဆို့
ကုန်ပြီး ကားတန်းရှည်ကြီးဟာ သာကေတကန်ကြီးဒေါင့်ကနေ
တံတားထိပ်ထိရှည်လျားတဲ့ ကားတန်းရှည်ကြီးဖြစ်သွားပါတယ်။
အိမ်အပြန်ဖြစ်လို့ ပြဿ နာမရှိဘူးဆိုပေမယ့် ကလေးတွေကျောင်း
ကအပြန်မှာ ဆာလောင်လာကြတာဖြစ်လို့ အမေကိုမတွေ့ရရင်
စိုးရိမ်ကြောက်လန့်ကြပါတယ်။ အလုပ်အသွားဆိုရင်လည်း လစာ
ဖြတ်ခံရပါသေးတယ်။
သန်လျင်တံတားပေါ်မှာ ကုန်တင်ကားသို့မဟုတ် သစ်လုံးကားတွေ
ကိုးရိုးကားရားပျက်နေပြီဆိုရင် သန်လျင်မြို့နယ်ကလူတွေ အိမ်အပြန်
ေ၇ာက်ဖို့ မလွယ်ပါဘူး။ ပြီးတော့သန်လျင်တံတားပေးမှာ ကားပျက်
ပြီဆိုရင် တံတားကြီးက ကားတွေဝိတ်နဲ့စက်ရှိန်ကြောင့် တုန်ခါနေပါ
တယ်။
နိုင်ငံတော်က အကုန်အကျခံဆောက်ပေးထားတဲ့ တံတားကြီးအချိန်
မတိုင်မီ မပျက်စီးစေချင်ပါ။ ဒါကြောင့်သန်လျင်တံတားပေါ်ကို သစ်လုံး
တင်ယာဉ်နဲ့ ကွန်တိန်နာကားတွေ မဖြတ်သန်းစေဖို့သက်ဆိုင်ရာမှ
တားဆီးပေးပါဦးရှင့် ။
မေဦးမောင်
အောင်ချမ်းသာ
Democracy Daily
မြို့ထဲကို တစ်ပတ်မှငါးရက်အလုပ်ဆင်းရပါတယ်။
မှာနေတဲ့သူတွေဟာ သန်လျင်တံတားကြီးရှိလို့ ရန်ကုန်မြို့နဲ့သွားရေး
လာရေးအဆင်ပြေပါတယ်။ သန့်ရှင်းသပ်ယပ်စွာစီးနင်းနိုင်
လိုင်းကာတွေပေါများတဲ့အတွက်လည်း
သန်လျင်တံတားပေါ်မှာ ကားပိတ်ဆို့မှုဖြစ်ပြီဆိုရင် နာရီပေါင်းများစွာ
ကြာအောင်စောင့်ရပါတယ်။
လွန်ခဲ့တဲ့တနင်္လာနေ့က တံတားပေးမှာ ကွန်တိန်နာကားကြိးတစ်စီး
ကန့်လန့်ပိတ်ပြိးပျက်နေပါတယ်။ တခြားကားတွေအားလုံး ပိတ်ဆို့
ကုန်ပြီး ကားတန်းရှည်ကြီးဟာ သာကေတကန်ကြီးဒေါင့်ကနေ
တံတားထိပ်ထိရှည်လျားတဲ့ ကားတန်းရှည်ကြီးဖြစ်သွားပါတယ်။
အိမ်အပြန်ဖြစ်လို့ ပြဿ နာမရှိဘူးဆိုပေမယ့် ကလေးတွေကျောင်း
ကအပြန်မှာ ဆာလောင်လာကြတာဖြစ်လို့ အမေကိုမတွေ့ရရင်
စိုးရိမ်ကြောက်လန့်ကြပါတယ်။ အလုပ်အသွားဆိုရင်လည်း လစာ
ဖြတ်ခံရပါသေးတယ်။
သန်လျင်တံတားပေါ်မှာ ကုန်တင်ကားသို့မဟုတ် သစ်လုံးကားတွေ
ကိုးရိုးကားရားပျက်နေပြီဆိုရင် သန်လျင်မြို့နယ်ကလူတွေ အိမ်အပြန်
ေ၇ာက်ဖို့ မလွယ်ပါဘူး။ ပြီးတော့သန်လျင်တံတားပေးမှာ ကားပျက်
ပြီဆိုရင် တံတားကြီးက ကားတွေဝိတ်နဲ့စက်ရှိန်ကြောင့် တုန်ခါနေပါ
တယ်။
နိုင်ငံတော်က အကုန်အကျခံဆောက်ပေးထားတဲ့ တံတားကြီးအချိန်
မတိုင်မီ မပျက်စီးစေချင်ပါ။ ဒါကြောင့်သန်လျင်တံတားပေါ်ကို သစ်လုံး
တင်ယာဉ်နဲ့ ကွန်တိန်နာကားတွေ မဖြတ်သန်းစေဖို့သက်ဆိုင်ရာမှ
တားဆီးပေးပါဦးရှင့် ။
မေဦးမောင်
အောင်ချမ်းသာ
Democracy Daily
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။