Friday, August 23, 2013

ကွာလာလမ်ပူရှိ မြန်မာဆိုင်တန်းအနီး အရပ်ဝတ် ရဲများ ထပ်မံဖမ်းဆီး



သြဂုတ် ၂၂ရက်နေ့က ကွာလာလမ်ပူမြို့ မြန်မာဆိုင်တန်းများအနီးတစ်ဝိုက်တွင် ယခင် ကဲ့သို့ဖမ်းဆီနေကြပုံနှင့်မဟုတ်ပဲ မလေးရှား ဒန်ဝမ်ဂီ မှ ရဲများ အရပ်ဝတ်ဖြင့် ဝင်ရောက် ဖမ်းဆီးသွားကြောင်း မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှသတင်းရရှိ
သည် ။

နေ့လည် ၁ နာရီမှ ၂ နာရီ ကြား အချိန် တစ်နာရီခန့်သာ ဖမ်းဆီးပြီး Van ကားတစ်စီး
ဆန့် နိုင်ငံခြား အလုပ်သမားများမှ အထောက်ထား မခိုင်လုံသော သူများကို ဖမ်းဆီး သွားကြောင်းသိရသည် ။

အော်ပရာစီ ဝင်ခြင်းမဟုတ်ပဲ မြန်မာဆိုင်များ အနီးတွင် မဖမ်းဆီးခင်က တရုတ်တန်း
ရှေ့ နှင့် ကိုတာယာရာ ရှေ့ လူကူးတံတားအောက်တွင် ပုံမှန်ဖမ်းဆီးနေသော အရပ် ဝတ်ရဲများ ဖြစ်ကြောင်းလည်း သိရှိရသည် ။

ယခင်ဖမ်းဆီးမှု့ များတွင်လည်း အထောက်ထား ခိုင်လုံမှုမရှိသော မြန်မာများအား
ငွေကြေးပေးပါက ပြန်လည်လွတ်ပေးကြောင်း နှင့် သာမာန်ဒေသခံ ရဲများဖြစ်ကြောင်း
ကို ကိုယ်တိုင်တွေ့ကြုံခဲံသော မြန်မာများပြောပြ၍ သိရှိရပါသည် ။

ဓာတ်ပုံ ။ ပညာအိမ်