အခုစာတမ်းကဆရာကြီးဦးလှမြင့်ရဲ့စာတမ်းပါ။ဆရာဦးမြင့်ရဲ့စာတမ်းကိုသဘောထားပေးထားတာပါ။ဆရာကြီးဦးလှမြင့်ဟာ ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာစီးပွါးရေးပညာရှင်တွေထဲမှာဘုရားတဆူပေါ့။သူ့အကြောင်းhttp://en.wikipedia.org/wiki/Hla_Myint မှာကြည့်ပါ။ အခု အသက် ၉၁၊ ဘန်ကောက်မှာအငြိမ်းစားနေနေ တယ်။ ဦးနေဝင်းခေတ်ကတည်းက နိုင်ငံက နှင်ပစ်ခံရတာ၊တိုင်းပြည်အတွက် အရမ်းနစ်နာဖို့ကောင်းတယ်။သူ့၁၁မျက်နှာစာတမ်းကိုလုံးကောက်မပြန်လူပြိန်းနားလည်အောင်ဆီလျော်သလိုပြန်တာအခု၂ မျက်နှာ အကြမ်းပြီးလို့ Share လိုက်တယ်။ အချိန်ရရင်ရသလို ဆက်ပြန်ပါ မယ်။မကောင်းရင်ဘာသာပြန်တာ အသုံးမကျလို့မှတ်ပါ့မယ်။
* ဦးမြင့်ရဲ့ "Corruption: Causes, Consequences and Cures" စာတမ်းအပေါ်သဘောထား ထင်မြင်ချက် - အပိုင်း ၁*
အကျင့်ပျက်ခြစားမှုဆိုတာ နိုင်ငံတနိုင်ငံရဲ့ စီးပွါးရေး၊နိုင်ငံရေးအားနည်းပြီးအလုပ်မဖြစ်တာတွေကိုပြနေတာလို့ဦးမြင့်ပြောတာကို ကျနောသဘောတူပါတယ်။ဒီလို အလုပ်မဖြစ်ရတာဟာအစိုးရရဲ့ စီးပွါးရေးမူဝါဒကြောင့်လို့ ကျနော်ကဆိုချင်တယ်။ တလက်စတည်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့တွေဖွဲ့ပေမဲ့အကြောင်းရင်းကိုထုတ်ဖော်ကိုင်တွယ်မှုမလုပ်ရင်အကျိုးသက်ရောက်မှာ မဟုတ် လို့သူပြောတာကိုလည်းသဘောတူပါတယ်။
ဒါ့ကြောင့် မဖွံ့ဖြိုးတဲ့နိုင်ငံတနိုင်ငံမှာ ဖြစ်တတ်တဲ့ ခြစားမှု ၂ မျိုးအကြောင်း ပြောချင်ပါတယ်။ တစ်၊ လာဘ်ပေးလာဘ်ယူမှု
အကျင့်ပျက်ခြစားမှုတွေကိုဖြစ်စေတဲ့ ချိနဲ့တဲ့တရားစီရင်ရေး၊ အစွမ်းမထက်တဲ့အုပ်ချုပ်ရေး၊ မဖွံ့ဖြိုးတဲ့ လူ့ဘောင်အုတ်မြစ် တွေကပေါက်ဖွားလာသူတွေနဲ့ နှစ်၊အစိုးရပေါ်လစီကြောင့်နိုင်ငံစီးပွါးရေးကိုလက်ဝါးကြီးအုပ်ခွင့်တွေပိုရသွားသူတွေ အကြောင်း ပါ။