Saturday, December 28, 2013
မှားပြီးရင်း မှားနေတော့မှာလား
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံကနေ NLD ပါတီကိုယ်စားလှယ်တွေနှုတ်ထွက်ခဲ့
တာ ကျနော့်အမြင်ပြောရရင် ပထမ ခြေလှမ်းစမှားခဲ့တာပါဘဲ။တကယ်လို့သာ နှုတ်မထွက်ခဲ့
ဘူးဆိုရင် NLD လိုလားသောအချက်အလက်တွေတင်သွင်းခွင့်၊NLDမလိုလားသောအချက် အလက်တွေထောက်ပြကန့်ကွက်ခွင့်ရခဲ့မှာသေချာတယ်။ နှုတ်ထွက်ခဲ့တဲ့အတွက်ဒီအခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ နှုတ်ထွက်တဲ့အတွက်ဘာအကျိုးအမြတ်မှမရခဲ့ဘူး။
အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်း လူမှုတာဝန်ဆောင်ရွက်မှု CSR အစီရင်ခံစာ CPI ထုတ်ပြန်
မြန်မာပြည်သူများအကြား အကြီးအကျယ်အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည့် မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို သမ္မတဦးသိန်းစိန်က၎င်း၏အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထား
ခဲ့သော်လည်း ၂နှစ်အကြာတွင် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက စီမံကိန်းပြန်လည်စတင်
ရန်ဒီဇင်ဘာ ၂၆ရက်နေ့၌သတိပေးလိုက်သည်။
တရုတ်အစိုးရပိုင် CPI က ၈ဝ%၊ မြန်မာအစိုးရက ၁၅%နှင့် အေးရှဝေါလ်ကုမ္ပဏီက ၅% ရှယ်ယာအသီးသီး ပိုင်ဆိုင်ပြီးလုပ်ကိုင်နေသော ရေကာတာ ၈ခုအနက်အကြီးဆုံးဖြစ် သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ၂ဝ၁ဝ-၂ဝ၁၂ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်
ရွက်မှု အစီရင်ခံစာ (Corporate Social Responsibility CSR) ကို ထုတ်ပြန်လိုက်ခဲ့သည်။
Eleven CEO ဦးသန်းထွဋ်အောင် ၂၀၁၅ သမ္မတ ဖြစ်ချင်ဟု ဆို
မြန်မာ ရူးပတ်မားဒေါ့ ဟု ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးသကာလ အတွင်းလူ များ၏
အရက်ဝိုင်းတစ်ဝိုင်းမှ ထွက်ပေါ်လာသော သတင်းအရ Eleven Media Group ၏
CEO ဖြစ်သူ ဦးသန်းထွဋ်အောင်သည် ၂၀၁၅ တွင် သမ္မတလုပ်လိုသူ ဖြစ်ကြောင်း
သိရှိရသည်။
ဦးသန်းထွဋ်အောင်သည် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဟုခံယူထားပြီး၎င်းပိုင်
သတင်းစာ ဂျာနယ်များတွင် ၈၈ အရေးတော်ပုံ၌အဓိကနေရာ၌ပါဝင်ခဲ့သည့် ကျောင်း
သားခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ၈၈ ကာလဓါတ်ပုံများကိုရှာဖွေထည့်သွင်း၍
စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ၈၈ မျီုးဆက်များနယ်ပယ်အသီးသီးသို့
ပြန့်နှံ့ရောက်ရှိသွားပြီး ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသည်အားဖြင့်
ဘက်စုံ အင်အား ထူထောင်ထားနိုင်ပြီဟု မကြာခဏ ပြောကြားလေ့ ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။
ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (K.P.D.F)(၃)နှစ်မြောက်အခမ်းအနားပြုလုပ်
မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ (၁၁)လမ်း၊ အိမ်အမှတ်(၁၀၆၈)ကရင်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ရုံးရှေ့၌ (K.P.D.F)ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(၃)နှစ်မြောက်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
    ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့
(K.P.D.F)မှ ဥက္ကဌဗိုလ်မှူးချုပ်စောကျော်ကျော်ထက် မှ ပြောကြားရာတွင်ကျွန်တော်တို့လက်နက်နဲ့ငြိမ်းချမ်းရေးယူလာခဲ့တာ(၃)နှစ်ရှိပါပြီ၊ ကျွန်တော်တို့
ဟာ နိုင်ငံတော်ရဲ့မူဝါဒကိုယုံကြည်လို့လက်နက်နဲ့ငြိမ်းချမ်းရေးလုပ်လာတာပါ။ကျွန်တော်တို့ တပ်ဖွဲ့ဝင်အနေနဲ့(၂၅၀)ဦးရှိပါတယ်။ဌာနခွဲကတော့လမိုင်းမြို့နယ်၊ မော်လမြိုင် မြို့နယ်၊ဌာန
ချုပ်ကတော့ ကျိုက်မရောမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ ဌာနချုပ်ရှိပါတယ်။ ဆက်ဆံရေး ရုံးခန်းများ မှာတော့ မြ၀တီမြို့၊ မော်လမြိုင်မြို့၊ဘားအံမြို့တို့မှာရှိပါတယ်။ နိုင်ငံတော်ရဲ့ထောက်ပံ့ပေး
မှုကတော့ (၁)နှစ်ကို(၁)ခါလောက်တော့ ထောက်ပံ့မှုရရှိပြီးကျန်တဲ့အချိန်တွေကတော့ကိုယ့်တပ် ဖွဲ့ဝင်မိသားစုစားဝတ်နေရေးကို ကုန်စည်ပို့ဆောင်ရေးဘဲရှိပါတယ်။ နိုင်ငံတော်ကချပေးတဲ့ဥပဒေ
ကိုတော့ လိုက်နာကျင့်သုံးပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ကတေ့ ရေရှည်မှာ ပြည်သူ့စစ်နဲ့ရပ်တည်မှာဖြစ်ကြောင်း၊ ကျွန်တော်တို့တပ်ဖွဲ့ကလည်း လက်နက်နဲ့ငြိမ်းချမ်းရေးရခဲ့ တာလည်း (၃)နှစ်ကြာမြင့်ခဲ့ပေမဲ့လည်း လုပ်ပိုင်ခွင့်လည်းဘာမှ မပေးထားပါဘူး။ဒါကြောင့်မိသားစုစားဝတ်နေရေးကိုတော့နိုင်ငံတော်အစိုးရအနေနဲ့
ပြန်ကြည့်သင့်ကြောင်း၊ယခင်အစိုးရလက်ထက်မှာလက်နက်နဲ့ငြိမ်းချမ်းရေးလုပ်ခဲ့တာဖြစ်
လို့ကြန့်ကြာနေ တာလားတော့မသိဘူး။ ယခုလက်ရှိကတော့(၁၃-၅-၂၀၁၃)ရက်နေ့ က ခြံနဲ့အိမ်ယာတွေဆောက်ပေးမယ်ဆိုပြီး နေရာပါချပေးခဲ့တယ်။ နေရာကတော့
ကျိုက်မရောမြို့နယ် ရဲမွန်ကျေးရွာမှာ သတ်မှတ်ပေး ထားတာပါ။ဒါပေမဲ့ယခုအချိန် ထိ နေထိုင်ဖို့အိမ်ယာမရှိသေးတာဖြစ်တဲ့အတွက်သက်မှတ်ထားတဲ့နေရာမှာအိမ်ဆောက်
ဘို့အတွက်အစိုးရမှစီစဉ်ပေးနိုင်ဖို့တောင်းဆိုပါတယ်လို့ကရင်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့မှဗိုလ်မှူးကြီးစောမြင့်ဦးမှလည်းပြောကြားခဲ့သည်။
    ကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲ့ မူဝါဒကတော့ ကရင်အမျိုးဘာသာအရေးရယ်၊ကရင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့နိုင်ငံတော်အရေးတွေဖြစ်လာရင်တော့ မားမားမတ်မတ်ရပ်တည်
မယ်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့
(K.P.D.F) (၃)နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဌဗိုလ်မှူးချုပ်စောကျော်ကျော်ထက်မှ ပြောကြားခဲ့သည်။
ပစ်တိုင်းထောင်
Friday, December 27, 2013
မလေးရှား သတင်း နောက်ဆက်တွဲ [27-12-2013, 17:19 pm]
မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာအလုပ်သမားဆိုင်ရာသံအရာရှိ ဦးစိုးဝင်း၊
မြန်မာ သံရုံး အရာရှိ(၁)ဦး၊ (မြန်မာအလုပ်သမားများကို စေလွှတ်လိုက်သော) မလေးရှားအလုပ်သမားအေဂျင်စီတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင်
ကွာလာ လမ်ပူမှ ဆာရာဝပ်ပြည်နယ်သို့ လေကြောင်းခရီးဖြင့် ထွက်ခွါခဲ့ကြောင်း
မြန်မာအလုပ်သမားများ ကူညီရေးအဖွဲ့သည် ဆာရာဝပ်ပြည်နယ် မြို့တော်
ကူချင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ
လေယာဉ်ဖြင့် စက်ရုံတည်ရှိရာသို့ ဆက်လက် ထွက်ခွါမည် ဖြစ်ကြောင်း၊ ကူချင်းမှ စက်ရုံသို့ မော်တော်ကားဖြင့် ၁၄ နာရီ ခရီးရှိပြီး လမ်းခရီး စိတ်ချရမှု မရှိခြင်းကြောင့်
မနက်ဖြန်မှ ဆက်လက် ထွက်ခွါရန် ဖြစ်ကြောင်း၊
Thursday, December 26, 2013
အင်ဒိုများမှ အသက်ကို ခြိမ်းခြောက်ခြင်းခံနေရသော Sabah Miri ရောက် မြန်မာ အလုပ်သမား ၉၇ ဦး နှင့်ဆက်စပ်သတင်းများ နှင့်တာဝန်ရှိသူများ၏ ဖြေကြားမှုများ ၊ အစီအစဉ်များ
မလေးရှား ၂၅.၁၂.၂၀၁၃
စတင်ခြင်း
******
မလေးရှားနိုင်ငံ အရှေ့ခြမ်း ဆာဗ ၊ ဆရာဝပ် (Sabah , Sarawak) ဒေသ ၊ ဘရူးနိုင်ငံ
နှင့် အရှေ့မလေးရှား ဆက်သွယ်နေသော အာဆီယံတံတား ဘေး မီရီ မြို့အစွန်ရှိ
သင်္ဘောကျင်းတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား စုစုပေါင်း ၉၇ ဦး
သည် ယနေ့ အင်ဒိုနီးရှားမှ အလုပ်သမားရာပေါင်းများစွာ၏ အသက်အန္တရယ်
ခြိမ်းခြောက်မှုကို ခံနေရပြီးလက်ရှိ နေရာတစ်ခုတွင် စုပေါင်း ခိုအောင်းကာ အပြင်သို့
မထွက်ရဲပဲ ပုန်းအောင်းနေထိုင်လျှက်ရှိကြသည် ။
ဖြစ်ပွားပုံမှာ အဆိုပါ မြန်မာအလုပ်သမားများထဲမှ အလုပ်သမား ၂ ဦးသည် စားသောက်
ရန် အစားသောက်ကုန်တစ်ချို့ထွက်ဝယ်သောအ ချိန်တွင် အင်ဒိုနီးရှား နိုင်ငံသား အလုပ်
သမား ၂ ဦး ၏ ရန်စ ပြောဆိုမှုကိုခံရကာ အခြေအတင်စကားများကြပြီး တစ်ဘက်စီ ထိုးကြိတ်ကြရာမှ ပြဿနာစတင်ခဲ့သည် ။
ထို့နောက် ပြဿနာ မပြီးနိုင်သော အင်ဒိုများမှ ရာပေါင်းများစွာသော အလုပ်သမား များကို ခေါ်လာကာ မြန်မာ အလုပ်သမား ၉၇ ဦး၏ အသက်ကို ရန်ရှာခဲ့ကြသည် ။
မြန်မာ အလုပ်သမားများ မှ နီးစပ်ရာ တော ၊ ပုန်းအောင်းနိုင်သော နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၊ ထိုအင်ဒိုများသည် မြန်မာများနေထိုင်သော နေရာရှိ
ပစ္စည်းများ အားလုံး ရိုက်ဖျက် ကာ မီးရို့ခဲ့ကြသည် ။
ထိုထွက်ပြေးတိမ်းရှောင်နေသော အလုပ်သများများ အားလုံး စုစည်းကာ အလုပ်လုပ်
ကိုင်ရာ နေရာအနီးရှိ ဂိုဒေါင်တစ်ခုတွင် စုစည်းနေထိုင်နိုင်ခဲ့ကြသည် ။ ထိခိုက် ၊ဒဏ်ရာ
မရှိ ၊ အသက်ဆုံးခြင်းမရှိပါ ။
ထို့နောက် အဆိုပါ အလုပ်သမားများထဲမှာ မောင်xxxxx နှင့် သူငယ်ချင်းဖြစ်သူ ၂ ဦးတို့သည် သင်္ဘောကျင်းတာဝန်ခံ Mr Limအား ပြောပြကာအန္တရယ်စိုးရိမ်ရသည့်အတွက် မြန်မာနိုင်ငံ သို့ ပြန်ရန် ပြောဆိုသောအခါတွင်ထို မြန်မာ ၂ ဦးအားလုံခြုံရေးဝန်ထမ်းများဖြင့်ဂိတ် စောင့်
လုံခြုံရေးရုံး ဖြစ်သောကွန်တိန်နာဖြင့်ပြုလုပ်ထားသည့် နေရာသို့ခေါ်ဆောင်သွားကာ ရိုက်နှက် ပြီးပြန်လွတ်ခဲ့ကြောင်းသိရသည် ။ ဆက်လက်ဦးဆောင်မည့်သူရှိမလာအောင်
လုပ်ဖြစ်ကြောင်းအဆိုပါအလုပ်သမားများမှ ဖြေကြားခဲ့သည် ။
ယခု ညအထိ အဆိုပါ မြန်မာ နိုင်ငံသားမျာသည် ထိုဂိုဒေါင်တစ်လုံးတည်းတွင်နေထိုင်လျှက်
ရှိကာအလုပ်မလုပ်ရပဲအင်ဒိုများ၏ရန်မှ ရှောင်တိမ်းနေကြရသည်။စိတ်ဓာတ်ကျလျှက်ရှိကြ
သည် ။
Wednesday, December 25, 2013
နိုင်ငံရေးအရ တစ်ဖက်သတ်ဖိနှိပ်နေမှု ၈၈မျိုးဆက်ဦးဆောင်ဆန္ဒဖော်ထုတ်မည်
ပုဒ်မ-၁၈နှင့်၅၀၅(ခ)သာမက နိုင်ငံရေးအရတစ်ဖက်သတ်ဖိနှိပ်ချုပ်ချယ်မှု
များမပြုလုပ်ရန် ၈၈မျိုးဆက်မှဦးဆောင်၍ အရပ်ဘက်အဖွဲ့အစည်ူ၅၀ကျော်
တို့ကဇန်န၀ါရီ ၄ရက် ညနေ၃နာရီတွင်မြို့တော်ခန်းမရှေ့မဟာဗန္ဓုလပန်း
ခြံလမ်း၌တရားဝင်ဆန္ဒဖော်ထုတ်ရန်စီစဉ်ထားရာ၈၈မျိုးဆက်မှဦးမင်းကိုနိုင်
နှင့်ဦးကိုကိုကြီးတို့ပါဝင်မည်ဟုဒီဇင်ဘာ၂၄ရက်မွန်းလွဲ၂နာရီက ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)တွင်ပြုလုပ်သည့်သတင်းစာရှင်း
လင်းပွဲ၌ ၈၈မျိုးဆက်မှဦးကျော်ကျော်ထွေး(ခ)ဦးမာကီးကပြောဆိုသည်။
အနှိပ်ခန်းအမည်ခံ(ပြည့်တန်ဆာခန်း)ကိုဖမ်းပေးစေလို
သတိပဌာန်လမ်း၊မလွှာကုန်းဌေးကြွယ်(က)ရပ်ကွက်...ကျောက်မြောင်း...
တာမွေမြို့နယ်..... ကျွန်တော်ဒို့နေတဲ့သတိပဌာန်လမ်းမှာ အနှိပ်ခန်း
(အမည်ခံပြည်တန်ဆာခန်း) အမှတ်(၃၂)ပထမထပ်၊ဒုတိယထပ်နှစ်ခန်း ပါမြေညီထပ်မှာချိုမြိန်ဦးထမင်းဆိုင်ရှိပါတယ်ခင်ဗျာ... နေဆိုလည်းနေ့ဘက်
မှာလူတရုန်းရုန်းနဲ့ပါ၊ ညဆိုလည်းအနှိပ်ခန်းကိုအမူးသမားပုံစံ စုံအော်ဟစ် ဆဲဆိုးနေသံတွေကမကြားချင်မှာအဆုံးပါ၊ နေဖြစ်ဖြစ်ညဖြစ်ဖြစ်ဆိုင်ကယ်
တဖုတ်ဖုတ်၊လွယ်အိပ်ကိုစီးနဲ့ဘာတွေ့လည်းတော့မသိဘူးလားနေတာ
မမြင်ချင်မှာအဆုံးပါ။ သူဒို့ကလူးဆိုးလူမိုက်တွေ့လည်းရှိပါ တယ်၊ကျွန်တော်
ဒီလို့ရေးတာ သိရင်ပြသနာလာ ရှာမှာလည်းကြောက်ရပါ တယ်....တာမွေ
ရဲစခန်းလည်း ဖုန်ဆက်တိုင်ပါတယ်..18/12/2013ည7း48မိနစ် ဒုရဲအုပ်အောင်
သန်းဦးဆိုသူ ကဖြေကြားပြီးဖမ်းစီးမည်ဟုပြောပါသည်(သူနှင့်ပြောသောအသံဖိုင် လည်းရှိပါသည်)...ယခုထိဘယ်သူတဦးတယောက်မှာလာရောက်အရေးယူဖမ်း
ဆီးခြင်းမရှိပါ...ပိုင်ရှင်တွေ့လည်းကျွန်တော်မသိပါ၊သူဒို့နှင့်လည်းချစ်ခြင်းမုန်းခြင်း
မရှိပါ၊ရပ်ကွက်ထဲမှာဒီလိုပေါ်ပေါ်ထင်ထင်လာလုပ်နေတာကိုမခံစားနိုင်လိုဒီစာ
ကိုရေးရတာပါ၊ အော်ပြီးပြောလိုက်ချင်တာကတော့...ဘယ်သူမှာတာဝန်ရှိလည်း...
တာဝန်ရှိတဲ့သူအမြန်လာဖြေရှင်းပေးပါ.... တရားဥပဒေစိုးမိုးပါစေ....။ အနှိပ်ခန်းမရှိစေချင်သူကျွန်တော်က5/8 2013 မှာဒီလို သတင်းပို့ တိုင်းကြား ခဲ့ပါတယ်.....အရေးယူးခဲ့ခြင်းမရှိပါဘူး.... ယခုကဲ့သို့အရေးမယူ ရင်ရဲမူးချုပ် ၀င်းခေါင်ကိုတိုင်ပါဆိုလို့.....ကျွန်တော်ရဲမူးချုပ်ဝင်းခေါင်ကိုတိုင်ပါတယ်အရေး
ယူပေးပါ ။ကျေးဇူးတင်ပါသည်....
U Kyaw Myint မှ ပေးပို့လာတာလေးကို တင်ပေးတာပါ.
Saturday, December 21, 2013
နှစ်ပါတီပူးပေါင်းရေးဆွေးနွေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို SNLD ထပ်မံကမ်းလှမ်း
နှစ်ပါတီပူးပေါင်းရေးဆိုင်ရာများကိုဆွေးနွေးရန်အတွက် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (SNDP) ကို ရှမ်းတိုင်းရင်းသားများဒီမိုရေစီအဖွဲ့ချုပ်က
ဒီဇင်ဘာ ၁၇ရက်တွင်ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ဆန္ဒအရလည်းကောင်း
၂၀၁၂ခုနှစ် နိုဝင်ဘာ၂၆ရက်မှ ၂၈ရက်အထိ ရန်ကုန်မြို့၌ပြုလုပ်ခဲ့သောပြည်တွင်း
ပြည်ပရှမ်းတိုင်းရင်းသားအစုအဖွဲ့များ၏ ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည
ဆောက်ခြင်းဆွေးနွေးပွဲသို့ တင်သွင်းသည့် လူထုဆန္ဒသဘောထား ၉၇ရာခိုင်
နှုန်းအရလည်းကောင်း ရှမ်းနှစ်ပါတီပူးပေါင်းရန် လိုလားမှုများရှိနေသည့်အတွက်
ဟုဆိုကာ ပါတီပူးပေါင်းရေးဆွေးနွေးရန် SNLD ဘက်ကနိုဝင်ဘာ၁၆ရက်တွင်
SNDP ဘက်သို့ပထမအကြိမ်စာပို့ကမ်းလှမ်းခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) ဖွဲ့စည်းရေးဒုတိယမြောက် အစည်းအဝေး ဇန်န၀ါရီလဆန်း၌ ပြုလုပ်မည်
နိုင်ငံရေးပါတီများစုစည်း၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (Federal
Democracy Alliances) အဖွဲ့ဖွဲ့စည်းရေးဒုတိယမြောက်အစည်းအ
ဝေးကို ၂၀၁၄ခုနှစ်ဇန်န၀ါရီ ၇ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်မည်ဖြစ်
ကြောင်းသိရသည်။
FDA ဖွဲ့စည်းရေးပထမအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ၁၈ရက်က
အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးချုပ်၌ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီ
ကိုးပါတီတက်ရောက်ခဲ့ကာ အဆိုပါ FDA အမည်ဖြင့်ဖွဲ့စည်းရန်အမည်
အားအတည်ပြုနိုင်ခဲ့သည်။
ထိုကဲ့သို့ FDA အမည်ဖြင့် ဖွဲ့စည်းရန်အတည်ပြုခဲ့သောကိုးပါတီမှာ -
- အမျိုးသားဒီမိုကရေစီအင်အားစုပါတ
- ဒီမိုကရက်တစ်ပါတီ(မြန်မာ)
- ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
- ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
- မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
- ပြည်ထောင်စုဒီမိုကရေစီပါတီ
- ကရင်ပြည်သူ့ပါတီ
- ညီညွတ်သောဒီမိုကရက်တစ်ပါတီ
-ချင်းတိုးတက်ရေးပါတီ တို့ဖြစ်ပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
ကရင်ဒီမိုကရက်တစ်ပါတီတို့မှာ တက်ရောက်ရန်ဖိတ်ကြားထားသော်လည်း
ခရီးလွန်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းသိရသည်။
Daily Eleven
21-12-2013
ခရစ္စမတ်ပွဲက ကချင်အလံကို အာဏာပိုင်များ ဖြုတ်ခိုင်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော ခရစ္စမတ်ပွဲတွင် လွှင့်ထူထားသည့် ကချင် အမျိုးသားအလံအား မြစ်ကြီးနားမြို့ အာဏာပိုင်များက ဖြုတ်ခိုင်းခဲ့သည်။
မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ၁၄ ရက် စနေနေ့က စစ်ပြေးဒုက္ခသည်စခန်းများမှ ကလေးငယ်များ၏ စုပေါင်းခရစ္စမတ်ပွဲ မနောတိုင်ပေါ်တွင်လွှင့်တင်ထားသော ကချင်အမျိုးသား
အလံ အားဖြုတ်ပေးရန် မြစ်ကြီးနားမြို့ အစိုးရအဏာပိုင်များက ပွဲတာဝန်ခံ မရန်ဇော်ယော်
အားခေါ်ယူကာ အချိန်မိနစ် ၂၀ ကျော်ကြာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“သူတို့က ကချင်အမျိုးသားအလံကို KIO/ KIA အလံ ထင်နေတာ ဒါကိုဘာဖြစ်လို့တင်တာလဲ ခရစ္စမတ်ပွဲမှာ ဒါနဲ့ ဘာဆိုင် လဲလို့မေးတော့ ဒါကကချင်အမျိုးသားရေး လက္ခဏာဖြစ်တယ်
အရင်ကလည်း ဒီအလံကို ကိုင်တာ ဟုတ်တယ် ဒါမဲ့ပြီးခဲ့တဲ့အစိုးရက ကန့်သတ်ထား လို့
မကိုင်ခဲ့ဘူး အခုဒီမိုကရေစီခေတ်မှာ ဒါကိုကိုင်တာ ဟုတ်တယ် လို့ပြောတယ်။ မနောတိုင်မှာ
ပါတဲ့ အနီး၊ အစိမ်းရောင်တွေကို ရှင်းပြတယ် KIA အလံနဲ့ ကချင်အမျိုးသား အလံကို ခွဲပြီး
ရှင်းပြတယ် ဒါမဲ့လက်မခံဘူး” ဟု KNG ကချင်သတင်းဌာနသို့ ပွဲတာဝန်ခံ မရန်ဇော်ယော်
ပြောသည်။
တတိတိ ဖဲ့ချွေခံနေရသော မြန်မာပြည်...... ၁
စာခေါင်းစဉ်ကို မြင်လိုက်တာနဲ့ သို့လော သို့လော တွေးကြမယ့်လူ များမယ်ထင်ပါတယ်...... အနောက်ဘက်က ဘင်္ဂါလီတွေလား၊ နိုင်ငံထဲဝင် ဂုတ်သွေးစုတ်နေတဲ့ တရုတ်ပြည်မကြီးက လူတွေကြောင့်လား အစရှိသဖြင့် တွေးထင်ကြမယ် ထင်ပါတယ်..... ဒီစာပါ အကြောင်းအရာနဲ့ ခေါင်းစဉ်ဟာ အဲ့ဒိနှစ်ခုကို ပြောတာ မဟုတ်ပါဘူး..... ကျွန်တော်တို့ရဲ့ အိမ်နီးခြင်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ကြောင့် ချမ်းသာလာတဲ့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်..... ဆိုရှယ်လစ်ခေတ် မှောင်ခိုလက်ထက်မှသည် ဒီနေ့ဒီအချိန်ထိ မြန်မာနိုင်ငံကို ကောင်းကောင်းကြီး ရိုက်စားလုပ်နေတဲ့နိုင်ငံဆိုလည်
း မမှားပါဘူး.... ပေါချောင်ကောင်း အပေါစား ဆင်ကြယ် ဖိနပ်မှသည်၊ အချိုမှုန့်အလယ်၊ အဝတ်အထည်တွေအဆုံး မြန်မာပြည်ကို ကောင်းကောင်းရိုက်စားခဲ့တာပါပဲ....... မြန်မာနိုင်ငံဘက်ကနေတော့ ကျွန်းသစ်၊ တွင်းထွက် ကျောက်သံပတ္တမြား၊ သစ်ခွ အစရှိတာတွေကို အောက်ဈေးနဲ့နှိုက်၊ သူနေမှတဆင့် ကမ္ဘာကို ဖြန့်ဖြူးရင်းနဲ့ တစ်ချို့
ပစ္စည်းတွေဟာ သူ့နိုင်ငံကထွက်သယောင်တွေ လုပ်လာပါတယ်..... စစ်အစိုးရလက်ထက်
စီးပွားရေး ပိတ်ဆို့ခံရချိန်မှာ မြန်မာနိုင်ငံက ထုတ်တဲ့ ပစ္စည်းတွေဟာ Made in Myanmar လို့ ရေးခွင့်မရှိလို့ ထိုင်းကနေတစ်ဆင့် Export လုပ်ရင်း Made in Thailand ဖြစ်ဖို့
အတွက် ကြားက အညွန့်ခူးစားခံခဲ့ရတာ အချိန်တော်တော် ကြာခဲ့ပါတယ်......
အာလိန်ငါးဆင့်တွင် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတော် CCTV လုံခြုံရေးကင်မရာ တပ်ဆင်မည်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့်ကျောင်းဝင်း
အတွင်း လာမည့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၁ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ကရင်အမျိုးသားနှစ်
သစ်ကူးပွဲတော်တွင်လုံခြုံရေးအတွက် ပထမဆုံးအကြိမ် CCTV လုံခြုံရေးကင်မရာတပ်ဆင် အသုံးပြုသွားမည်ဟု သိရသည်။
နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)မှ အတွင်းရေးမှူးဖြစ်သူ စောလှထွန်း
က“ဒီနှစ် ကရင် နှစ်သစ်ကူးပွဲတော်မှာ ပွဲတော်လုံခြုံရေးအတွက် CCTV ကင်မရာ လေးလုံး
တပ်ထားဖို့ ရှိပါတယ်။ ပွဲတော် လုံခြုံရေးအတွက် စေ့စေ့စပ်စပ် ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်မှု သဘောမျိုးပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်နေ့သစ်ကူးနေ့ပွဲတော်ကို ကျင်းပနိုင်ရန် နိုဝင်ဘာ ၃၀ ရက်နေ့က မြို့နယ်၊ ခရိုင်၊
တိုင်းဒေသ ကြီးစသည့် အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်းများထံသို့ အဆင့်ဆင့်တင်ပြ
ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရမှ ခွင့်ပြုပေးလိုက်ပြီဖြစ် သည်ဟုလည်း စောလှထွန်းက ဆက်ပြောသည်။
ကြွက်နှင့် စက္ကူ
ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း
မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့
ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။
ဒါနဲ့ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။
ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့်
ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို
ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့
သူပြန်ထွက်သွားတယ်။
မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါလွယ်လွယ်လေး ပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။
သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ကျွန်တော့်ကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။
မျိုးချစ်မြန်မာ ဆရာတော် ၏ နှစ်ကူး မေတ္တာလက်ဆောင်
“ ပွင့်သောပန်းများ လန်းစေချင် “
ယနေ.ခေတ်အခါ၏ လူငယ်များကို တစေ့တစောင်း ကြည့်လိုက်မည်ဆိုပါက
လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင်တွေမှာ အချိန်
ကုန်နေ ဖြုန်းနေကြတဲ့ လူငယ်တွေရှိသလို၊ အရွယ်မတိုင်ပဲ အလုပ်ခွင်တွေ
ကျောင်းတွေ နိုင်ငံခြားတွေမှာ သုတ်သုတ် သုတ်သုတ်နဲ့ တကယ်အလုပ်လုပ်
နေကြတဲ့ လူငယ်တွေကလည်း အများကြီးပါ။
လူငယ်တော်တော်များများက သူတို့လေးတွေရဲ့ ဘဝ အောင်မြင်ရေး အတွက်
နည်းလမ်းအမျိုးမျိုး ရှာကြံကာ ကြိုးစားနေလျက် လုပ်ဆောင်လျက် နေကြတဲ့ကြား
က အောင်မြင်မှုနဲ့ လွဲတဲ့အခါ စိတ်အနှောင့် အယှက် ဖြစ်ပြီး လမ်းဘေးကိုချော်
သွားတတ်ကြတယ်။ တစ်ချို့က အရက်သမားဘ၀နဲ့ အဆုံးသတ်သွားကြတယ်။
အလုပ်ကို ကြိုးစားလုပ်ကိုင်နေစဉ် နှလုံးသား ရေးရာကိစ္စများကြောင့် လမ်းချော်
သွားကြတာလဲ ဒုနဲ့ဒေး။
Friday, December 20, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ ပြောင်းမလား ဆရာစံဇာဏီဘို ဟောကိန်းထုတ်
ယခုတလော မြန်မာပြည်သူပြည်သားများအားလုံး စိတ်ဝင်စားနေကြသည်က ၂၀၀၈ခုနှစ်
ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်မလား၊ အသစ်ရေးမလားဆိုသည့်ကိစ္စဖြစ်
သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ယခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအများလက်
မခံကြခြင်းကိုသိနိုင်သည်။ ၉၀%ထောက်ခံခဲ့သည်တို့၊ နှစ်ပေါင်းများစွာရေးဆွဲပြီး အတည်
ပြုခဲ့သည်တို့ကို ဘယ်လောက်ပဲအော်နေနေ ဒါတွေသည်သေနတ်ကိုကြောက်၍သာ
ထောက်ခံခဲ့ကြခြင်း၊ မထောက်ခံသည့်မဲကိုလည်း ထောက်ခံပုံးထဲသို့ ပေါ်တင်လိမ်လည်
ထည့်ခဲ့ခြင်းတို့ကို အများပြည်သူသိကြသည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းလုံးဝမရှိခဲ့
သည့် စစ်အစိုးရ၏ စစ်တပ်ဦးစားပေးဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်သည်။
၁၃၀၀ ပြည့် အရေးတော်ပုံအခမ်းအနား ပြည်မြို့၌ ကျင်းပမည်
၁၃၀၀ ပြည့်နှစ်တွင်ပေါ်ပေါက်ခဲ့သည့် ရေနံမြေသပိတ် စိန်ရတုအခမ်း အနားကို
ဒီဇင်ဘာလ ၃၁ ရက်တွင် ပြည်မြို့ ရွှေဆံတော်ဘုရား အနောက်စောင်းတန်းလမ်းရှိ
ဇောတိကာရုံ ပါဠိတက္ကသိုလ် စာသင်တိုက်၌ ကျင်းပမည်ဟု အခမ်းအနားကျင်းပရေး
ပြည်ခရိုင် ဗဟိုကော်မတီဝင် ဦးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား ကျင်းပရန် သက်ဆိုင်ရာ မြို့နယ်
အုပ်ချုပ်ရေး မှူးရုံး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးများသို့ ဒီဇင်ဘာလ၁၈ ရက်တွင် စာဖြင့်
အကြောင်းကြားခဲ့သည်။ နယ်မြေခံရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး
မှူးရုံးများသို့လည်း မိတ္တူပေးပို့သွားမည် ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ မဟာမိတ်အဖွဲ့ ဖွဲ့စည်း
နိုင်ငံရေးပါတီ ၁၁ ခု စုစည်းတည်ထောင်မည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ မဟာ
မိတ်အဖွဲ့ ဖွဲ့စည်းရန် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) ရုံး
တွင် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့
သည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇိ္ဈမကို အတည် ပြု ပြောကြားသည်။
“ဒီနေ့ အစည်းအဝေးက ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ဆိုပြီးတော့သဘော
တူလိုက်တယ်။ ဇန်န၀ါရီလ ၇ ရက်မှာ ဖွဲ့စည်းပုံတွေ ရည်ရွယ်ချက်တွေနဲ့ စည်းမျဉ်း
စည်းကမ်းတွေ သတ်မှတ်နိုင်ဖို့ ဆွေးနွေး မယ်”ဟု ပြောသည်။
မဟာမိတ်အဖွဲ့တွင် အမျိုးသားဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမို
ကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု
ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကရင်
ဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ ပါဝင်သည်။
Written by  ရွှေရည်ဝင်းထက်  
Mizzima
Facebook မှာ"Donate Now" button ပါဝင်လာ
Facebook တွင် Donate Now ဟု အမည်ပေးထားသည့် Button ကို ထည့်
သွင်းပေးလိုက်ပြီဖြစ်ကြောင်
း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် စမ်းသပ် ကာလအနေနှင့် ထည့်သွင်းပြုလုပ်ခဲ့ပြီး
ယခုတွင် တရားဝင်ထည့် သွင်းပေးလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာတစ်
လွှားက Non Profit Organization ပေါင်း ၁၄ ခု ၀န်းကျင်လောက်အထိကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်သည်။ page လုပ်သည့်အခါ Non Profit ဆိုသည့်
Option ကို ရွေးပြီး ပြုလုပ်ဖို့လိုမည်ဖြစ်သည်။ ပြီးလျှင်Facebook က verify
page အနေ ဖြင့် သတ်မှတ်မှ Donate Now ဆိုသည့် button က ပုံမှာပြထား
သလိုပါဝင်လာမည် ဖြစ်သည်။
Facebook Page ကို ၀င်ကြည့်သည့် မည်သူမဆို ငွေကြေး အလွယ်တကူ
လှူဒါန်းနိုင်မည်ဖြစ်ပြီး ငွေချေ စနစ်အနေဖြင့် ကမ္ဘာ့လူသုံးများသော paypal
တို့ Master တို့အပြင် အခြားသော ငွေလွှဲ၊ ငွေချေစနစ်များ ကို Promote
Facebook Page ထဲကလိုပင် ထည့်သွင်းပေးထားမည် ဖြစ်သည်။
အဆိုပါ system ထွက်ပေါ်လာရန်အတွက် အစတည်ခြင်းသည် ဖိလစ်ပိုင်
က Haiyan စူပါတိုင်ဖွန်း မုန် တိုင်းကြောင့် ဖြစ်သည်။ ကမ္ဘာ့ကြက်ခြေနီအသင်း
၏ Facebook page တွင် စမ်းသပ် ထည့်သွင်းပေးခဲ့ပြီး အလှူငွေ အတော်လေး
ရခဲ့တာကြောင့် မရှိမဖြစ်လိုအပ်တဲ့ Featureတစ်ခုအဖြစ် Facebookက သိလာ
ပါသည်။
ထို့ကြောင့် နောက်ဆိုရင် Donate Nowဆိုတဲ့button ကိုNonProfit Organization
များရဲ့Page မှာ ထည့်သွင်း ပေးသွားမှာဖြစ်ကြောင်း သိရသည်။
Source : Mizzima News
Thursday, December 19, 2013
သန်းခေါင်စာရင်းကောက်ယူမှုတွင် တိုင်းရင်းသား၁၃၅မျိုးပြည့်မီရေး တိုင်းရင်းသားပါတီများနှင့် လ၀ကဆွေးနွေးမည်
၂၀၁၄ခုနှစ်မတ်လတွင်ကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူမှုတွင် မြန်မာ
နိုင်ငံတွင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ် ၁၃၅မျိုးပြည့်မီအောင် ကောက်ယူနိုင်
ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်
အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်
ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့်ညီနောင်
တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) ကထုတ်ပြန်ကြေညာလိုက်သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား၁၃၅မျိုးစလုံးပါဝင်နိုင်ရန်အတွက်
ဆွေးနွေးမည့်အပြင် တိုင်းရင်းသားဒေသများတွင် ပြည်လုံးကျွတ်သန်းကောင်စာရင်း
ကောက်ယူပါက ကြုံတွေ့ရမည့် ဒေသသုံးဘာသာစကားအခက်အခဲများ၊ နယ်မြေ
ကျွမ်းကျင်မှုစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီကို ၂၀၁၄ခုနှစ်ဇန်န၀ါရီလအတွင်းတွင် တင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ
၁၈ရက်နေ့တွင် UNA နှင့် NBF အဖွဲ့များကထုတ်ပြန်ထားသည်။
KIO/KIA ကိုဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံမှု မြစ်ကြီးနားရဲစခန်းပယ်ချ
ကချင်ပြည်နယ် မန်စီမြို့အတွင်းနေထိုင်သော ရှမ်းနီတိုင်းရင်းသား ၁၀၀ကျော်ကို
KIO/KIA အဖွဲ့ကဖမ်းဆီးထားသည်ဟုဆိုကာ KIO/KIA အဖွဲ့ကိုဆန္ဒဖော်ထုတ်
ရန် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)က မြစ်ကြီးနားရဲစခန်းတွင် ငြိမ်းချမ်း
စွာစီတန်းလှည့်လည်ခွင့်လျှောက်ထားသော်လည်း ပယ်ချခံရကြောင်း မြစ်ကြီးနား
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးစုရေးရာအဖွဲ့က ဒီဇင်ဘာလ၂၀ရက်နေ့တွင်
မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက်မှ KIO/KIA ငြိမ်းချမ်းရေးနည်းပညာအထောက်
အကူပြု ရုံးရှေ့အထိ လူဦးရေ ၄၀,၀၀၀ခန့်လမ်းလျှောက်ဆန္ဒပြရန် မြစ်ကြီးနားရဲ
စခန်းသို့လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက်ရှမ်းမျိုးနွယ်စု
များအရေးလှုပ်ရှားသူဦးစိုင်းထိန်လင်းကပြောကြားသည်။
အမျိုးသမီးအသင်းနည်းပြ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ် အာရှဘောလုံးအဖွဲ့ချုပ်သို့ တိုင်ကြားမည်
မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် ဆီးဂိမ်း အမျိုးသမီးဘောလုံး အကြိုဗိုလ်
လုပွဲအဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း ၁၃ မိနစ်တွင် မြန်မာ
အသင်းရရှိသည့် ပွဲဦးထွက်ဂိုးကို လူကျွံ သည့်အကြောင်းပြချက်ဖြင့် ဂိုးမပေးမှု၊ ပွဲချိန်
၂၅ မိနစ်တွင် ထိုင်းအသင်းက မြန်မာအသင်းဘက်သို့ ဂိုး သွင်းယူရာတွင် လူကျွံသော်
လည်း ဂိုးပေးခဲ့ခြင်းတို့ကြောင့် အိနိ္ဒယဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ အာရှဘောလုံး
အဖွဲ့ချုပ်သို့တိုင်ကြားစာပေးပို့မည်ဟု မြန်မာအသင်းနည်းပြဂျပန်လူမျိုး Kumda Yoshinori က
ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ဂျပန်နည်းပြက မြန်မာအမျိုးသမီးအားကစားသမားများ၏ အားကစားစိတ်ဓာတ်ကို ချီးကျူးး
သွားခဲ့ပြီး မြန်မာအမျိုးသားအားကစားသမားများထက်ပိုမိုကစားနိုင်ကာတိုက်စစ်
လည်းကောင်းသည်ဟုချီးမွမ်းသွားခဲ့သည်။
ထိုင်းအသင်းနည်းပြထိုင်းနိုင်ငံသား Jatuporn Tramolbalကမူဒိုင်၏ဆုံးဖြတ်ချက်ကိုကျေနပ်
သည်ဟုဆိုလိုက်ပြီး မြန်မာအသင်းကိုအနိုင်ရရှိခြင်းမှာထိုင်းအသင်းကံကောင်းခြင်းကြောင့်
ဟုပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထိုင်းအသင်းကို ဂိုးပေးခဲ့ရပြီးနောက် မြန်မာပရိသတ်က မြန်မာအားကစားသမားများကို
အားပေးရာတွင် ကြမ်းတမ်းခဲ့သည်ကိုလည်း မြန်မာအမျိုးသမီး ဘောလုံးအသင်းနည်းပြက သတိပေး ပြောဆိုသည်။
“ရှုံးသွားတဲ့အတွက်တကယ်ခံစားရတာကအားကစားသမားတွေနဲ့ နည်းပြတွေပဲ ဖြစ်ပါတယ်”ဟု
မြန်မာအမျိုးသမီးနည်းပြကဆိုသည်။
မြန်မာအသင်းနှင့်ထိုင်းအသင်းတို့သည်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန်တစ်ဖက်နှင့်တစ်ဖက်
အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ ပွဲချိန် မိနစ် ၉၀အပြည့်တွင်တစ်ဖက်တစ်ဂိုးစီဖြင့်သရေ
ကျခဲ့ပြီး အချိန်ပို မိနစ် ၃၀ ကစားချိန်တွင် ထိုင်းအသင်းက ထပ်မံဂိုးသွင်းခဲ့ပြီးနောက် မြန်မာ
ကလည်း အချိန်ပိုပြီးကာနီးတွင် ချေ ပဂိုး ပြန်လည်သွင်းယူခြင်းကြောင့် ပင်နယ်တီအဆုံး
အဖြတ်ဖြင့် ယှဉ်ပြိုင် ကစားစေခဲ့သည်။
ပင်နယ်တီကန်ရာ၌ မြန်မာအသင်းဂိုးသမားက တစ်လုံးကာကွယ်နိုင်ခဲ့ပြီး မြန်မာအသင်း
ကအားကစားသမား၏ကန်သွင်းခြင်းကဂိုးမရရှိခဲ့ပေ။ အဆုံးသတ်တွင်ထိုင်းအသင်းက
၁၁-၁၀ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
မြန်မာအသင်းနှင့်ထိုင်းအသင်းတို့သည် အကြိုဗိုလ်လုပွဲကိုမန္တလေးမြို့ မန္တလာသီရိအားကစား
ကွင်း၌ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ဖြိုး|ဒီဇင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်
Mizzima
မျက်စေ့လည် လမ်းမှားနေသော မြန်မာပြည်နိုင်ငံရေး
ဒီရက်တွေအတွင်း မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ဒေါ်အောင်ဆန်း
စုကြည်နဲ့ပြည်သူ လူထုတွေ့ဆုံပွဲတွေလုပ်ပြီး ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အပုတ်ချပွဲတွေ ကျင်းပနေတာတွေ့ရပါတယ်။ ဆင်းရဲတွင်း နက်နေတဲ့ မြန်မာပြည်
အတွက် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးက အဲလောက်အထိ အရေးပါနေသလား။ အခုချက်
ချင်း ဒါကိုပြင်လိုက်တာ နဲ့ မြန်မာပြည် သူလူ ထုချမ်းသာလာမှာလား။ ဖွဲ့စည်းပုံပြင်
လိုက်လို့ တိုင်းရင်း သားလက်နက် ကိုင်တွေအနေနဲ့ထာဝရငြိမ်းချမ်းရေးတကယ်ယူ
မှာလား။ ဒါဆိုရင်တော့ ပြင်ရုံမကဖျက်ချင်ရင် ဖျက်လိုက်ပါ။
Wednesday, December 18, 2013
ထိတ်လန့်အောင် ခြိမ်းခြောက်သူကို လွှတ်မထားသင့်
နေပြည်တော်မြို့မဈေးတွင် ဆီးဂိမ်းပြိုင်ပွဲကာလ၌ အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်
ရန်အကြမ်းဖက်သမားသုံးဦးရန်ကုန်မြို့သို့ထွက်ခွာသွားကြောင်း နေပြည်တော်မြို့မဈေး
တာဝန်ခံအမည်ဖြင့် ဗီနိုင်းများကပ်ထားသည် ဟုသတင်းရရှိသည်။
အဆိုပါကြေညာချက်တွင်ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦးအစ္စလာမ် အစွန်းရောက်များနှင့် ဆက်သွယ်ပြီး အဖျက်လုပ်ငန်းလုပ်မည်ဟုဖော်ပြထားသည်။ အကြမ်းဖက်သမားသုံးဦးဆိုသူ၏ အမည်၊အသက်၊ ရာထူးအဆင့်များဖော်ပြထား၍ မီဒီယာအချို့က ကေအိုင်အေပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရာ၎င်းသတင်း
မမှန်ကြောင်းငြင်းဆိုသည်။ ထို့အပြင်နေပြည်တော်ရဲချုပ်ရုံးမှလည်းကောင်း၊ နိုင်ငံတော်
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်မှလည်းကောင်း၊ ထိုကိစ္စကို
မသိရှိကြောင်းငြင်းဆိုသည်။
၎င်းကြေညာချက်ပါသော ဗီနိုင်းများကို နေပြည်တော်မြို့မဈေးဝင်းနှင့် ဘောဂသီရိအဝေးပြေး
ကားများတွင် ဒီဇင်ဘာ၆ရက်နေ့ကစတင်ကပ်ထားသည်ကိုမြင်ရကြောင်း ဈေး သူဈေးသား များကပြောကြသည်။
ယင်းကြေညာချက်ပါဆီးဂိမ်းပြိုင်ပွဲကာလ၌အဖျက်အမှောင့်လုပ်ငန်းများလုပ်ကိုင်ရန်ကေ
အိုင်အေအကြမ်းဖက်သမားသုံးဦးရန်ကုန်မြို့သို့ထွက်ခွာလာသောသတင်းမှာမဟုတ်မမှန်
ခဲ့လျှင်ထိုကြေညာချက်ဗီနိုင်းကပ်သူများသည်အများပြည်သူကိုထိတ်လန့်ခြောက်ခြားစေရန် ကြံရွယ်ဆောင်ရွက်ခြင်းဖြစ်၍တာဝန်ရှိသူများက ကြေညာချက်ကပ်သူကို အမြန်ဆုံးဖော်
ထုတ်ပြီးအရေးယူပေးရန်နေပြည်တော်မြို့မဈေးဝင်း၏ ဈေးသူဈေးသားများကတောင်း
ဆိုကြောင်းသတင်းရရှိသည်။
ပုလဲသီ
လူမှုကွန်ယက်ဟစ်တိုင်သတင်းဂျာနယ်
၁၈-၁၂-၂၀၁၃
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ များပြုလုပ်ရန် EU ကူညီမည်
မြန်မာနိုင်ငံတွင် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တို့အကြား အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် ဥရောပသမဂ္ဂက ကူညီမည်ဟု ဥရောပသမဂ္ဂနိုင်ငံခြားရေးရာကောင်စီ၏ မြန်မာ့အရေးအနှစ်ချုပ်သုံးသပ်ချက်တွင် ဖော်ပြ ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ် ရုံးတာဝန်ခံ Tom Lambert 
ကဆိုသည်။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အဟန့်အတားသဖွယ်ကြန့်ကြာနေသည့် ငြိမ်း
ချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့လာစေ
ရန်အတွက်ဥရောပသမဂ္ဂနိုင်ငံများအ နေနှင့်အထောက်အပံ့များပေးရန်အဆင်သင့်ရှိနေပြီး
 နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရာတွင်လည်း အမျိုးသမီး များအပါအ၀င်အလွှာအသီးသီး၊ နယ်ပယ်အသီးသီးမှအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များပါဝင်သင့်ကြောင်း အဆိုပါသုံး သပ်ချက်
တွင်ဖော်ပြထားသည်ဟု၎င်းကရှင်းသည်။
Sunday, December 8, 2013
တောင်ကိုရီးယားနှင့်ပိုင်နက် အငြင်းပွားရေပြင်အနီး မြောက်ကိုရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဒုံးကျည်များတပ်ဖြန့်
တောင်နှင့် မြောက်ကိုရီးယားတို့၏ ပိုင်နက်အငြင်းပွား အနောက်ဘက်ပင်လယ်ပြင် အနီးသို့ မြောက်ကိုရီးယားက တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးကျည်များကို
တပ်ဖြန့် ပို့ဆောင်လိုက် ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ
၏ ပြောကြားချက်ကို New York Times သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားတွင် လွန်ခဲ့သော သီတင်းပတ်တွင်းက ခေါင်းဆောင် ကင်ဂျုံအန်
ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးဟု ယူဆခံထားရသော ကင်ဂျုံအန်၏ ဦးလေးတော်သူ
ဂျန်ဆောင်သိတ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ပြည်တွင်း နိုင်ငံရေး အာဏာ မတည်မငြိမ် ဖြစ်နေချိန်တွင် နိုင်ငံတကာကအာရုံလွှဲစေရန်ယခုကဲ့သို့ရန်စမှုများ ပြု
လုပ်လေ့ရှိသည်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ပြည်တွင်း၌ နိုင်ငံရေး
အာဏာခိုင်မာအောင် ကြိုးပမ်း နေချိန်များတွင် လူသိများစေမည့် လုပ်ရပ်များ ပြုလုပ်လေ့ ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ နမ်ဂျေဂျွန်းကတောင်ကိုရီး
ယား ပါလီမန်သို့ ပြောကြားခြင်း ဖြစ်သည်။
ြေေေ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် လွန်ခဲ့သော သီတင်းပတ် အတွင်းက
၎င်း၏ ဦးလေးဖြစ်သူ ဂျန်ဆောင် သိတ်ကို ရာထူးမှ ဖယ်ရှားလိုက် သကဲ့သို့ ဂျန်ဆောင်သိတ်၏ ယောက်ဖ တော်စပ်သူ ကျူးဘားနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကိုလည်း နိုင်ငံသို့ ပြန်ခေါ်ခဲ့သည်။
ထို့ပြင်ဂျန်ဆောင်သိတ်၏တူဖြစ်သူမလေးရှားရှိ မြောက်ကိုရီးယားသံတမန်ကိုလည်း ပြန်
လည် ခေါ်ယူလိုက်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ယခုကဲ့သို့ အာဏာ အပြောင်းအလဲ ကာလမျိုးတွင် နိုင်ငံရပ်ခြားရှိ
၎င်းတို့၏ သံတမန်များ နိုင်ငံရေး ခိုလှုံသွားမည်ကို စိုးရိမ်၍ နိုင်ငံသို့ ပြန်ခေါ်လေ့ရှိသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေး တော်စပ်သူ ဂျန်ဆောင်သိတ်ကို
ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားသည့် လုပ်ရပ်သည် ကင်ဂျုံအန်၏ ဖခင်နှင့် အဘိုးဖြစ်သူ
တို့၏ လုပ်နည်း လုပ်ဟန်ဖြစ်သော အစိုးရ အဖွဲ့တွင်း လူတစ်ဦး တစ်ယောက်၏ သြဇာလွှမ်းမိုးမှုကို ရှောင်ရှားနိုင်စေရန်လူအပြောင်းအလဲလုပ်သည့်နည်းလမ်း
ဖြစ်ကြောင်း တောင်ကိုရီးယား လေ့လာ သုံးသပ်သူများက ပြောကြားသည်။
The Voice Weekly
၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ
၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း
ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတ
ယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ
Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။
ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး
ဖုန်းပြောနိုင်ပါပြီ။
ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင် မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်း ငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
Credit to > Myanmar Market Economy
လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေ ကျပ်သိန်းတစ်ထောင်ပေးခြင်းသည် အခြေခံဥပဒေနှင့်မညီ၍ သမ္မတကန့်ကွက်သ၀ဏ်လွှာပို့
လွှတ်တော်ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အတွက်ကျပ်သိန်းတစ်ထောင်သုံးစွဲခွင့်ကိုပြည်ထောင်စုလွှတ်တော်မှခွင့်ပြုလိုက်ခြင်း
သည်အခြေခံဥပဒေနှင့် ဆန့်ကျင်နေသဖြင့် နိုင်ံတော်သမ္မတကကန့်ကွက်သည့် သ၀ဏ်လွှာကိုပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ ထားကြောင်းသတင်းရရှိသည်။
``အဲဒါနဲ့ပတ်သက်လို့သမ္မတကလွှတ်တော်ကိုသ၀ဏ်လွှာပို့တယ်လို့သိရပါတယ်။
ကန့်ကွက်တယ်ဆိုတဲ့သဘောပါတယ်လို့သိရပါတယ်။အသေးစိတ်တော့မသိရပါသေး
ဘူး။လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲကိုသ၀ဏ်လွှာမရောက်သေးပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုပဲရောက်ပါသေးတယ်´´ဟုပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ဥပဒေရေးရာနှင့်
တိုင်ကြားစာများ၊အသနားခံစာများစိစစ်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုကပြော
သည်။ငွေကြေးသုံးစွဲမှုကိုင်တွယ်ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ် များမှာ ကျွမ်းကျင်သူများမဟုတ်ကြသဖြင့် တည်ဆဲစည်းမျဉ်း၊ စည်းကမ်းများ၊ဥပဒေများနှင့် ငြိစွမ်းမှုဖြစ်လာနိုင်သည်ဟုသ၀ဏ်လွှာ တွင်ပါရှိကြောင်း၎င်းကဆိုသည်။
Thursday, December 5, 2013
NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ တွေ့ဆုံပွဲ ဆွေးနွေးချက်များ စာအုပ်ထုတ် အခမဲ့ဖြန့်ဝေမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ
မှ ဦးဆောင်ပြု လုပ်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိလာသည့်
ဆွေးနွေးချက်များကို စာအုပ်ထုတ် ဝေပြီး အခမဲ့ဖြန့်ဝေသွားမည်ဟု ယင်းကော်မတီမှ
ဒု-ဥက္ကဋ္ဌဦးစိုးညွန့်က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဆွေးနွေးပွဲ
ကျင်းပခဲ့ခြင်းဖြစ် ပြီး အဆိုပါဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်း၊ စိုက်ပျိုးသီးနှံများပျက်စီးလာခြင်း၊ သစ်တောနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိုးလေ၀သနှင့်ပတ်သက်သည့် အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်
သည်။
ဘုန်းကြီးကျောင်းဝင်းများအတွင်း တရားမ၀င် ထီရောင်းချနေမှု အရေးယူရန် မြို့တော်ဝန်ထံ တင်ပြ
မန္တလေးစည်ပင်နယ်နိမိတ်အတွင်းရှိ ဘုန်းကြီးကျောင်းဝင်းများတွင် တရားမ၀င်
ထီရောင်းချမှုများ ပြုလုပ်နေ ခြင်းကြောင့်အရေးယူမှုပြုလုပ်ပေးရန် မန္တလေးမြို့တော်
ဝန်ထံ တင်ပြထားသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေး
ဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က မဇ္ဈိမကို ပြောသည်။
“သာသနာ့နယ်မြေ ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ခွင့်မရှိသလို လုပ်ငန်းလိုင်စင် ချထားပေး
လို့လည်း မရဘူး။ တချို့ လုပ်ငန်းတွေက တရားဥပဒေနဲ့မညီတဲ့ နှစ်လုံး၊ သုံးလုံးတွေ
လုပ်ကြတယ်။ ဒါတွေကို အရေးယူ ဆောင်ရွက်ဖို့ မြို့တော်ဝန်ကြီးဆီကို တင်ပြထားပါ
တယ်”ဟု ဦးစိုးတင့်အောင်က ပြောသည်။
မြို့တော်ဝန်မှတစ်ဆင့် မြို့နယ်သံဃမဟာနာယကအဖွဲ့သို့ အရေးယူဆောင်ရွက်ပေး
ရန် တင်ပြမည်ဖြစ်ပြီး အဆိုပါအဖွဲ့က စည်ပင်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ပြီး လုပ်ငန်းပိတ်သိမ်းသည်အထိ အရေး ယူနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
အလားတူပင် မန္တလေးစည်ပင်နယ်နိမိတ် ခြောက်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းဝင်း
များတွင် ဆိုင်ကယ် ကားဝပ်ရှော့၊ ၀ါးကတ်လုပ်ငန်း၊ ပုလင်းခွံ အိတ်ခွံလုပ်ငန်း စသည့်
လုပ်ငန်းများ လုပ်ကိုင်နေသည့်ဆိုင်ပေါင်း ၁၁၇ ဆိုင်ကို အရေးယူ ဆောင်ရွက်ပေးရန်
မြို့တော်ဝန်ထံသို့ သန့်ရှင်းရေးဌာနက နိုဝင်ဘာလကုန်ပိုင်းက တင်ပြခဲ့ပြီးဖြစ်သည်။
ဖိုး| ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်
Credit t0- Mizzima
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များ ရှင်းလင်း
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နိုဝင်ဘာ ၂၆ရက် နံနက် ၇း၃၀
က ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၂) ပန်ဆန်းမြို့ရှိ ‘ဝ’တိုင်းရင်းသား
အဖွဲ့ ဥက္ကဌ ဦးပေါက်ယူချန်းအား ၄င်း၏ နေအိမ်ဧည့်ခန်းမ၌ တွေ့ဆုံ၍ ရင်းရင်း
နှီးနှီး နှုတ်ဆက်သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြည်လုံးကျွတ်သန်းခေါင်
စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ‘ဝ’ ဒေသအတွင်း သန်းခေါင်စာရင်းကောက်
ယူနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းပြော
ကြားရာ ‘ဝ’ တိုင်းရင်းသားအဖွဲ့ဥက္ကဌ ဦးပေါက်ယူချန်းက လုပ်ငန်းလိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြား
သည်။
ပြည်ပသို.ပညာတော်သင်စေလွှတ်ခံရသောနိုင်ငံဝန်ထမ်း များပြည်တွင်းသိုပြန်လာရန်ပျက်ကွက်ကအာမခံလျှော်ကြေးပေး ရန်မလိုတော့
ဝန်ကြီးဌာနသီးသီးရှိနိုင်ငံဝန်ထမ်းများအနေဖြင့်ပြည်ပသို.ပညာတော်သင်စေလွှတ်ခံ
ရပြီးပြည်တွင်းသို.ပြန်လာရန်ပျက်ကွက်ပါကပညာသင်အာမခံ လျှော်ကြေးငွေများ
အားနိုင်ငံတော်သို.ပေးသွင်းရန်မလိုအပ်တော့ကြောင်း နေပြည်တော်ရှိအစိုးရ၀န်ကြီး ဌာနများမှစုံစမ်းသိရသည်။
NLD ပညာရေးကွန်ရက် နမ့်စန်တွင် မူလတန်းကျောင်းဖွင့်
ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက်တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ
လူငယ်များ ပညာသင်ကြားနိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်း
အားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။
ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသားလူငယ်များသည် လမ်းပန်းဆက်
သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်
ရာဝေးလွန်းခြင်းတို့ကြောင့် ပညာရေးတွင် နှောင့်နှေးနေမှုများရှိနေသည်ဟု NLD
ပညာရေးကွန်ရက် နမ့်စန်တာဝန်ခံ ဒေါ်ဝင်းမြင့်မြတ်က မဇ္ဈိမကို ပြောသည်။
ဟုမ္မလင်းတွင်ခရီးသည်တင် ရေယာဉ်နှစ်စင်းတိုက်မိ ခရီးသည်တချို့ ပျောက်ဆုံးနေဆဲ
ခရီးသည်တင် ရေယာဉ်နှစ်စင်းသည် ဟုမ္မလင်းမြို့နယ်၊ မှန်ကင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ပြီး ရေထဲသို့ နစ်မြုပ်သွားသည့်အတွက် ပျောက်ဆုံးနေသည့်ခရီးသည်များကို ရှာဖွေနေဆဲဖြစ်
သည်။
တိုက်မိသည့် ရေယာဉ်နှစ်စင်းမှာပုတ်သိုးကျေးရွာမှ မောင်းခမ်း(တောင်/မြောက်)ကျေး
ရွာများသို့ မောင်းနင်းလာသည့် တရုတ်နီအမျိုးအစား မြင်းကောင်ရေ (၂၅)ကောင်
အင်ဂျင် တပ်ဆင်ပါရှိသော အလျား(၁၈)ပေရှိ ရေယာဉ်နှင့် တရုတ်နီအမျိုးအစား
မြင်းကောင်ရေ (၂၅)ကောင် အင်ဂျင်စက် တပ်ဆင်ပါရှိသော အလျား (၂၄) တောင်
ရှိ အပြာရောင် ရေယာဉ်နှစ်စင်းဖြစ်သည်။
ထိုင်းမှအစိုးရဆန့်ကျင်သူများကို လွှတ်တော်ဝန်းအတွင်းဝင်ရောက်ခွင့် ပြုလိုက်သဖြင့် လမ်းမများပိတ်ဆို့ကန့်ကွက်မှုကိုရပ်ဆိုင်း
ထိုင်းနိုင်ငံမှအစိုးရကို ဆန့်ကျင်ဆန္ဒပြသူများသည် လွှတ်တော်နှင့်ရဲဌာနချုပ်အဆောက်
အဦရှေ့ရှိ လမ်းမများတွင် နှစ်ရက်တာပိတ်ဆို့ကန့်ကွက်ပွဲများလုပ်ခဲ့ပြီးသည်နောက်
နိုဝင်ဘာ ၃ရက်တွင်အစိုးရကအဆောက်အဦ၀န်းအတွင်းသို့ဝင်ရောက်ခွင့်ပြုလိုက်သည်။
ထို့အတွက်ကန့်ကွက်သူများကလည်းလမ်းများပိတ်ဆို့ထားခြင်းကိုရုပ်သိမ်းပေးခဲ့သည်။
ရာပေါင်းများစွာသော ကန့်ကွက်သူများသည် ၀န်းခြံများအတွင်းသို့ ၀င်ရောက်ချိန်တွင် ကန့်ကွက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ အပြုံးကိုယ်စီနှင့် ရှိနေကြသည်။ အချို့ကန့်ကွက်
သူများက ရဲများကို ပွေ့ဖက်ခြင်း၊ အတူတွဲကာ ဓာတ်ပုံရိုက်ခြင်း၊ ပန်းစည်းပေးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းများပင် ပြုလုပ်ခဲ့ကြသည်။
Wednesday, December 4, 2013
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲတော်ကျင်းပမည်
 ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမို
ကရက်တစ် ပါတီ(PSDP) သည် ကရင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် လာမည့်
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၈ မှ ၂၀ ရက်နေ့အထိ မျက်နှာစုံညီပွဲတော်တစ်ရပ် ပြုလုပ်ကျင်း
ပမည်ဖြစ်သည်။
ဒီဇင်ဘာ ၂ရက်နေ့က PSDP သည် ဖားအံမြို့အနီး တောင်ကလေးဘုန်းတော်ကြီးကျောင်း
၌ ဖားအံမြို့နယ်ရှိရပ်မိရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့်အကြိုတွေ့ဆုံပွဲပြု
လုပ်ကာပါတီစည်းလုံးညီညွှတ်မှုအတွက်ရည်ရွယ်၍ ကျပ်ငွေ ၁၅ သိန်းအကုန်ကျခံမည့် မျက်နှာစုံညီပွဲတော်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
နွားကားများအား တားဆီးရာမှ သေနတ်ဖောက်မှုဖြစ်ပွား
နောင်ချိုမြို့နယ်၊သုံးဆယ်ကျေးရွာအတွင်း နိုဝင်ဘာလ(၃၀)ရက်ည(၁၀း၁၅)အချိန်ခန့်
တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့နှင့်ဆင်ကျော့ပြည်သူ့စစ်အဖွဲ့တို့မှ နွားကားများမောင်းနှင်လာ
ရာကျေးရွာ သားများမှ တားဆီးသဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ သေနတ်ဖြင့် ပစ်ဖောက်
ခဲ့ကြောင်း သုံးဆယ်ကျေးရွာသားများထံများက ပြောကြသည်။
သုံးဆယ်လူငယ်အဖွဲ့မှ၎င်းတို့၏အမည်ဖြင့် ငွေတောင်းနေသည်ဟုသတင်း
ထွက်နေသောကြောင့်၎င်းတို့အဖွဲ့မှမည်သူမည်ဝါမှမည်မျှ ငွေကြေးတောင်းခံသည်ကို
သိရှိလို၍ နွားကားများအား တားမြစ်မေးမြန်းကြခြင်းဖြစ်ကြောင်း သုံးဆယ်ကျေးရွာ လူငယ်များမှ ပြောသည်။
'' ကျနော်တို့က အေးအေးဆေးဆေးတားပြီးမေးတာကို သူတို့က အတင်းဖြတ်မောင်းတာ
ခဏကြာတော့ ကား(၂)စီးပြန်လှည့်လာတယ် သူ့လူတွေကိုလည်း သေနတ်ထုတ်ခိုင်းတယ်
လူငယ်တွေကို မင်းတို့လူမိုက်လား ဒါသေနတ်အစစ်ကွဆိုပြီး သုံးချက်ပစ်သွားတာ''ဟု
သုံးဆယ်ကျေးရွာ လူငယ် ဒုခေါင်းဆောင်မှ ပြောသည်။
မိုးညှင်းမြို့တွင်းအတင့်ရဲစွာမူးယစ်ဆေးဝါးရောင်းချလာသူအား ဖမ်းဆီးနိုင်ခဲ့
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးများအားရှင်းလင်း နေချိန်တွင် မိုးညှင်း
မြို့လယ်ခေါင်လမ်းများပေါ်တွင် ရောင်းချသူ တစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်းနယ်ထိန်း
တာဝန်ခံထံမှ သိရသည်။
မိုးညှင်း အရှေ့စုရပ်ကွက်(၄)လမ်းနေ မောင်စိုးသူသည် မြို့လယ်ခေါင် လမ်းမပေါ်
လမ်းလျောက်၍ ဘိန်းဖြူများရောင်းချနေကြောင်း သတင်းရရှိသဖြင့်နယ်ထိန်းတပ်ဖွဲ့ဝင်
တပ်ကြပ်၊ ဒုတပ်ကြပ်နှစ်ဦး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့်အတူ နမီးစု
ရပ်ကွက် စူပါဝမ်းလ္ဘက်ရည်ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေစဉ် တံတားဘက်မှ လ္ဘက်ရည်
ဆိုင်ဘက်သို့ လမ်းလျောက်လာသူ မောင်စိုးသူအား မသင်္ကာသဖြင့်စစ်ဆေးခဲ့ကြောင်း တပ်ကြပ်အောင်ရဲမြင့်မှပြောခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကျေးလက် မီးလင်းရေးအတွက်တစ်အိမ်သုံးဆိုလာမီးအိမ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် နီးစပ်သူခရိုနီများဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအား တစ်နှစ်သုံးဖြင့် ဝေစားနေခြင်း။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေးအတွက် နိုင်ငံတော်မှချ
ထားပေးသော ဘဏ္ဍာငွေဖြင့် အစိုးရတစ်ဝက်ကျေးလက်နေပြည်သူများတစ်ဝက်ဖြင့်
ချထားပေးရာတွင် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့်ကျေးဇူး
တင် ၀မ်းသာလက်ခံရရှိရာတွင် ကုမ္ပဏီတစ် ချို့မှ မသမာသောနည်းဖြင့် တင်ဒါခေါ်ယူ
ရာတွင် ပစ္စည်း အကောင်း(အာမခံအပြည့်ဖြင့်)တင်သွင်းပြီး တင်ဒါအောင်မြင်သော်လည်း
ကျေးလက်နေပြည်သူများလက်ဝယ်သို့ ဖြန့်ချီရာတွင် တန်ဘိုးနည်းပြီး အရည်အသွေးညံ့ ၊
ပစ္စည်းညံ့များဖြင့် တင်ပို့ခဲ့ခြင်းကြောင့် ကျေးလက်နေ ပြည်သူများ အခက်အခဲကြုံတွေ့
ရပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာ ငွေမှာလည်း ပြည်သူလူထုထံအပြည့်အဝ
မရောက်ဖြစ်နေပါသည်။
အစိုးရလုပ်ရပ် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကအခြေခံဥပဒေ ပြင်ဆင်ရေးအ
တွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး
ကမ်းလှမ်းချက်ကိုအစိုးရကအချိန်မကျသေးဘူးလို့ပြောဆိုလိုက်တဲ့အပေါ် ဒေါ်အောင်
ဆန်းစုကြည်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အဆင်ပြေချောမွေ့စေဖို့ သမ္မတဦးသိန်းစိန်၊
လွှတ်တော်ဥက္ကဋ္ဌ၊ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်
က ပြီးခဲ့တဲ့သီတင်းပတ်က စာရေးကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
NLD နှင့် USDP ပါတီဝင်များ တရုတ်ပြည်သို့ လေ့လာရေးသွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့
မှ ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒီဇင်ဘာလအတွင်းသွားရောက်
မည်ဟုအဆိုပါ ပါတီတို့၏တာဝန်ရှိသူများက မဇ္စျိမကို ဒီဇင်ဘာ ၂ရက်တွင်အတည်ပြုပြော
ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
မှ ဖိတ်ကြားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက် တွင် သွားရောက်မည်ဖြစ်သည်။ ပြည်ထောင်စုကြံ့
ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုမူတရုတ်ပြည်သူ့သမ္မတနိုင်ငံကွန်မြူနစ်ပါတီကဖိတ်ကြားခြင်းဖြစ်ကာ
ဒီဇင်ဘာ ၅ရက် တွင် ခရီးစဉ်စတင်မည်ဖြစ်သည်။
“ကျွန်တော့်အတွက်တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးပထမဆုံးခရီးစဉ်ပါပဲအဖွဲ့ချုပ်ကအမျိုး
သမီးတွေနဲ့ လူငယ်တွေကို ရွေးထည့်ထား ပါတယ် ။ ခုနှစ်ရက်ခရီးစဉ်ပါ ကျွန်တော်
တို့လိုမတိုးတက်သေး တဲ့ နိုင်ငံအနေနဲ့ တိုးတက်နေတဲ့တရုတ်နိုင်ငံကိုသွား လေ့လာ
တာကောင်း တာပေါ့ဗျာ”ဟု အဖွဲ့ဝင် ၁၀ဦးပါ NLDပါတီဝင်အဖွဲ့ကို ဦးဆောင်မည့်
ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကဆိုသည်။
ဆီးဂိမ်းအချက်အလက်များ အခမဲ့ ဖြေဆိုမည့်ဝန်ဆောင်မှု ရတနာပုံစတင်
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနေစဉ်ကာလတစ်လျှောက်
ဆီးဂိမ်း ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များ၊ ပြိုင်ပွဲ ရလဒ်များနှင့် ဆက်စပ်
ကိစ္စရပ်များ အားလုံးကို မေးလိုရာမေး အခမဲ့ ပြန်လည် ဖြေဆိုပေးမည့် ၀န်ဆောင်မှုကို
ဒီဇင်ဘာ ၃ ရက်မှ စတင်၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရတနာပုံ Call Center မှ
သိရသည်။
အဆိုပါဝန်ဆောင်မှုမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်ဆီးဂိမ်းအတွက်ဂုဏ်ပြုသည့်
ဝန်ဆောင်မှုတစ်ရပ် ဖြစ်ပြီးသတင်းအချက်အလက်များကို မေးမြန်းရာတွင်တယ်လီဖုန်းခေါ် ဆိုမှု နှုန်းထားကို ဖြတ်တောက်မည် မဟုတ်ဘဲ အခမဲ့ မေးမြန်းနိုင်သဖြင့် အသုံးပြုသူများ
အကြား အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရတနာပုံ Call Center မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ဆီးဂိမ်းနှင့် ပတ်သက်သည့် ဖြေဆိုမှုများ အတွက် ဟော့လိုင်း နံပါတ်မှာ ၁၈၁၈ ဖြစ်ပြီး
ခေါ်ဆိုသူများ အတွက် ၂၄ နာရီ ၀န်ဆောင်ပေးမည် ဖြစ်ကာ ဆီးဂိမ်းနှင့် ပတ်သက်သည့်
သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ပြန်လည် ဖြေကြားပေးမည် ဖြစ်ပြီး အားကစားနည်းများနှင့် ပွဲစဉ်များ၊ ကစားသမားများ အကြောင်းကိုလည်း ဖြေဆို ပေးသွား
မည် ဖြစ်ကြောင်း သိရသည်။
source : MOI Webportal Myanmar
နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုများအား ပူးပေါင်း ဆန္ဒထုတ်ဖော်တင်ပြရန် အကြိုညှိနှိုင်းဆွေးနွေး
၂၂.၁၁.၂၀၁၃ ရက်နေ့တွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင်
ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ဖိနှိပ်အရေး
ယူမှုများအပေါ် အဖွဲ့အစည်း ၅၂ ဖွဲ့မှ ပူးပေါင်းသတင်းစာရှင်းလင်းပွဲ၏ နောက်ဆက်
တွဲလုပ်ငန်းစဉ်များအဖြစ် ပုဒ်မ (၁၈)အပါအ၀င်ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော် ပဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရတစ်ဖက်သက်ဖိနှိပ်ချုပ်ချယ်မှုများအားရှုတ်ချခြင်း
အစရှိသော မူဝါဒများပါဝင်သည် ရည်ရွယ်ချက် (၄)ရပ်ကို ဆက်လက်လုပ်ဆောင်ရန်
အဖွဲ့အစည်းများသဘောတူညီချက်ဆက်လက်ရယူလျက်ရှိသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွင်း တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှုအချို့ ခွင့်ပြု
 ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ)မှ
ဦးဆောင်၍ ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင်စတင်တက်ရောက်မည့်ပထမနှစ်ကျောင်း သားကျောင်းသူများအတွက် ဘာသာရပ် ရွေးချယ်ခြင်း၊ ကျောင်းအပ်နှံခြင်းကိစ္စရပ်များ၊
ကျောင်းဖယ်ရီကား ထားရှိမှု ကဲ့သို့သော အခြားသော အထွေထွေ ကိစ္စရပ်များနှင့်
ပတ်သက်၍လိုအပ်မည့်လမ်းညွှန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ကိုယ်တိုင်
ကူညီဆောင် ရွက်ပေးခြင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းမှ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
Sunday, December 1, 2013
ထိုင်းရောက် ရှမ်းမိန်းကလေး ၁၃ ဦး ပြန်လွတ်ရေး
ထိုင်းနိုင်ငံ လူမှုကာကွယ်ရေးစခန်းမှာ တနှစ် ကျော်ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံ
မှ ရှမ်းအမျိုးသမီးလေး ၁၃ ဦး ကို ပြန်လည်လွှတ်ပေးဖို့ ဘန်ကောက် မြန်မာသံရုံးမှ
သံအမတ်ကြီး ဦးတင်ဝင်း က ထိုင်း လူမှုဖွံ့ဖြိုးရေး နဲ့ ဘဝလုံခြုံရေးဝန်ကြီး ကို သွားရောက် တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။
နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံပြီး ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုရာမှာ
လည်း ဒီမိန်းကလေး တွေ အနက် ၁၈ နှစ်အောက် ၅ ဦးပါဝင် ပြီး၊ ၃ ဦး ကို တွေ့ခွင့်
ရခဲ့ပုံ၊ သံအမတ်ကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။ ထိုင်း ဘက် ကလည်း ဒီမိန်းကလေး
တွေ ဟာ စားသောက်ဆိုင် မှာ အလုပ်လုပ် ဖို့ ရောက်လာတယ် ဆိုပေမဲ့၊ ပြည့်တံဆာ
အဖြစ် သူတို့ဆွေမျိုးတွေ ကဘဲ ရောင်းစားသွား လို့ ဒီလူကုန်ကူးမှု နောက်ကွယ် မှာ
စီးပွားဖြစ် လုပ်ကိုင်နေတဲ့ ဂိုဏ်း တွေ ရှိတာ ကို ဖေါ်ထုတ်ချင် တဲ့ အတွက် ထိန်းသိမ်း
ထားတာလို့ ပြောတဲ့ အကြောင်း သံအမတ်ကြီး က ပြောပါတယ်။
ဒီမိန်းကလေး တွေ ကို အမြန်ဆုံး ပြန်ပို့ ပေးမှာ ဖြစ်သလို၊ တရားခံ လည်းရှာမဲ့
အကြောင်း၊ ပြန်ပို့ တဲ့ လမ်းကြောင်းမှာလည်း လုံခြုံစွာ နဲ မိဖ ရပ်ထံ ပို့ဖို့ အစီအစဉ်
လည်း ရှင်းပြပါတယ်။ သံအမတ်ကြီး ဘက် ကလည်း မြန်မာဘက်ခြမ်းမှာ နယ်စပ်
ဖြတ်ကျော် လူကုန်ကူးမှု တားဆီး ထိန်းသိမ်းရေး အဖွဲ့လည်း ရှိပြီး ဖြစ်လို့၊ မြဝတီ မြို့
ကနေ လာရောက်ကြိုမဲ့ အကြောင်း ထိုင်း ဝန်ကြီး ကို ရှင်းပြခဲ့တာ ကို ဘီဘီစီ ကို ပြောပါတယ်။
BBC
ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှောင်ကြ ဖို့ သမ္မတ ဦးသိန်းစိန် သတိပေး
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေ
မယ့် ထိလွယ်ရှလွယ်နိုင်တဲ့ ကိစ္စရပ်တွေမှာ ထိပ်တိုက်ရင်ဆိုင်တာတွေ ရှောင်ဖို့ လို
တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြားလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ သမ္မတ ဦးသိန်းစိန်က အရပ်ဘက်လူမှုအဖွဲ့
အစည်းတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောခဲ့တာပါ။
မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား
 ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ်
ဝေခွင့်ပြုခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့
ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး
မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်း သွားမယ်လို့ သိရပါတယ်။
ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန မဏိရတနာ ကျောက်စိမ်းခန်းမမှာ
ကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဦးစီး
ဌာန ညွှန်ကြားရေမှူး ဦးအောင်ကျော်ဦးက ထည့်သွင်းပြော ကြားတာဖြစ်ပါတယ်။
အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရန် ​လို​အပ်​ဟု ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ပြော
စစ်​မှန်​တဲ့ ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရေး​ဟာ ​မ​ရှိ​မ​ဖြစ်
လို​အပ်​နေ​တယ်​လို့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က
ပြော​ကြား​လိုက်​ပါ​တယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ၅ ​ရက်​ကြာ ​ဩ​စ​တြေး​လျ​နိုင်​ငံ​ခ​ရီးစ​ဉ်​အ​တွင်း ​နို​ဝင်​ဘာ
၃၀ ​ရက်​နေ့​က ​မဲလ်​ဘုန်း​မြို့ ​မွန်​နေး (Monash ​တ​က္က​သိုလ်​မိန့်​ခွန်း​မှာ ​အ​ခု​လို ​ပြော​ကြား
လိုက်​တာ​ပါ။
“​ကျ​မ​တို့ ​နိုင်​ငံ​အ​တွက် ​အ​မျိုး​သား​ပြည်​လည်​သင့်​မြတ်​ရေး​ဟာ ​အ​ရေး​တ​ကြီး ​လို​အပ်​နေ
ပါ​တယ်။ ​ဒါ​ပေ​မယ့် ​စစ်​မှန်​တဲ့ ​အ​မျိုး​သား​ပြန်​လည်း​သင့်​မြတ်​ရေး​အ​တွက် ​တ​ရား​ဥ​ပ​ဒေ
စိုး​မိုး​ရေး​ဟာ ​မ​ရှိ​မ​ဖြစ် ​လို​အပ်​နေ​ပါ​တယ်။ ​စစ်​မှန်​တဲ့ ​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​ရေး ​အ​သီး​အ​ပွင့်
ခံ​စား ​နိုင်​အောင်​ဆို​ရင်​လည်း ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​က ​မ​ရှိ​မ​ဖြစ် ​လို​အပ်​နေ
ပါ​တယ်။”
ဘန်​ကောက် ​သ​ပိတ်​စ​ခန်း​၀န်း​ကျင် ​လုံ​ခြုံ​ရေး​တင်း​ကျပ်
ထိုင်း​နိုင်​ငံ ​ဘန်​ကောက်​မြို့​မှာ ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင်​က ​အ​စိုး​ရ ​အ​ဆောက်​အ​ဦ​တွေ​ကို
ဝင်​သိမ်း​ဖို့ ​တိုက်​တွန်း​လိုက်​ပြီး​တဲ့​နောက် ​နိုဝင်​ဘာ ၃၀ ​ရက်​နေ့​မှာ ​သ​ပိတ်​စ​ခန်း​ပတ်
ဝန်း​ကျင်​ကို ​လုံ​ခြုံ​ရေး ​တင်း​ကျပ်​ထား​ပါ​တယ်။
မ​နက် ၁၀ ​နာ​ရီ ၄၅ ​မိ​နစ်​မှာ ​အ​စိုး​ရ ​အ​ဆောက်​အ​အုံ​တွေ​ကို ​သိမ်း​ဖို့ ​နိုဝင်​ဘာ ၂၉
ရက်​နေ့ ​က​တည်း​က ​ကြေ​ညာ​ထား​ပါ​တယ်။
အ​စိုး​ရ​အိမ်​တော်၊​နိုင်​ငံ​ခြား​ရေး​၀န်​ကြီး​ဌာ​န​နဲ့အ​လုပ်​သ​မား​၀န်​ကြီး​ဌာ​န​တွေ​ကိုပစ်​မှတ်
ထား​နေ​ပါ​တယ်။ ​နိုဝင်​ဘာ ၃၀ ​ရက်​နေ့ ​နေ့​လယ်​ပိုင်း​မှာ​တော့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​ဟာ
အ​ထူး​စုံ​စမ်း​စစ်​ဆေး​ရေး​ဌာ​ကို ၀င်​စီး​ခဲ့​ကြ​ပါ​တယ်။ ​နိုဝင်​ဘာ ၂၉ ​ရက်​နေ့​က ​ထောင်​နဲ့
ချီ​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​အုပ်​စု​တ​စု​ဟာ ​စစ်​တပ်​ဌာ​န​ချုပ်​ထဲ​ကို ​အ​တင်း​၀င်​ရောက်​ခဲ့​ကြ​ပါ
သေး​တယ်။
စ​ကော့​တ​လန်​တွင် ​ရဲ​ရ​ဟတ်​ယာ​ဉ် ​စား​သောက်​ဆိုင်​ပေါ် ​ပျက်​ကျ
စ​ကော့​တ​လန်​နိုင်​ငံ​ရဲ့ ​အ​ကြီး​ဆုံး ​ဂ​လက်​စ​ဂို​မြို့​မှာ ​နိုဝင်​ဘာ ၂၉ ​ရက် ​နေ့​ည ၁၀ ​နာ​ရီ​ခွဲ
လောက်​က ​ရဲ​ရ​ဟတ်​ယာ​ဉ်​တ​စင်း ​စား​သောက်​ဆိုင်​ခေါင်​မိုး​ပေါ်​ကို ​ပျက်​ကျ​သွား​ခဲ့​ပါ​တယ်။
စား​သောက်​ဆိုင်​ထဲ​က​နေ ​အ​ပြင်​ကို​ထွက်​ဖို့ ​ကြိုး​စား​နေ​တဲ့ ​သူ​တွေ​ဟာ ​အ​ပျက်​အ​စီး​တွေ​နဲ့
ဖုန်​မှုန့်​တွေ​ကြား​မှာ ​ပိတ်​မိ​နေ​ခဲ့​ကြ​ပါ​တယ်။
ရ​ဟတ်​ယာ​ဉ်​ပျက်​ကျ​ပြီး ​မ​ကြာ​ခင်​မှာ ​အဲ့​ဒီ​ကို​ရောက်​သွား​တဲ့ ​လွှတ်​တော်​ကိုယ်​စား​လှယ်
ဂျင်​မာ​ဖီ​က ​သူ​ရောက်​သွား​ချိန်​မှာ ​စား​သောက်​ဆိုင်​အ​ပြင်​မှာ ​လူ​တွေ​အုံ​နေ​ပြီး ​စား​သောက်
ဆိုင်​ခေါင်​မိုး​က​နေ ဖုန်​မှုန့်​တွေ​ထွက်​လာ​ကြောင်း​ပြော​ပါ​တယ်။
ရေလုပ်သားတစ်ဦးကွန်ပစ်ရာမှ ဗုံးဟောင်းတစ်လုံးတွေ့ရှိ
၂၉၊၁၁၊၂၀၁၃ ရက်နေ့ ၁၀၃၀အချိန် ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်၊ကဒတ်ချောင်း
တွင် ရေလုပ်သားဖြစ် သူ စိုးနိုင်(ဘ)ဦးဘမောင်(၄၅)နှစ်၊ဇီဇ ဝါမြောက်၊ကော့စံနိုင်
ရပ်ကွက်နေသူမှငါးဖမ်းကွန်ပစ်စဉ်၎င်း၏ကွန်ဖြင့်ဗုံးတစ်လုံးပါလာကြောင်း ကော့စံနိုင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်စိုးထံသို့သွားရောက်အကြောင်းကြားခဲ့သဖြင့် ဦးတင်စိုးမှကျိုက်ထိုမြို့မရဲစခန်းသို့ဖုန်းဖြင့်ဆက်လက်အကြောင်းကြားခဲ့ရာ မနရ
(ကထ)မှ ရဲအုပ် အောင်ကျော်တိုး၊ခေတ္တစခန်းမှူး ရဲအုပ် ရဲထွန်းအဖွဲ့သည် အုပ်ချုပ်ရေး
မှူး ဦးတင်စိုးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗုံးသီ၌ ဘီအေ၉၇၊၁၂၀ မမ စိန်ပြောင်းခွင်းဗုံးစာတန်းပါရှိပြီး အရှေ့လုံးပတ်(၁၇)လက်မ၊ ဒလက်မပါ ဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရပြီး အဆိုပါဗုံးသီးအား ၁၁၅၅ အချိန်အမှတ်(၉၀၇)စစ်ပြေပြင်
အင်ဂျင်နီယာတပ်၊တပ်ခွဲ(၂)မှ ဗိုလ်မှူး စိုးသီဟထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
Source : kyaikhto Police Force
ထူးဆန်းသည့်အစ္စလမ်မစ်အသေခံဗုံးခွဲသမား
တာလီဘန် အစ္စလမ်မစ် စစ်သွေးကြွအဖွဲ့ မှ အသေခံဗုံးဖောက်ခွဲဖို့ လွတ်လိုက်တဲ့
အကြမ်းဖက်သမား အဇာစ် ရှဟစ်ဒူလာ (Aezid Shahidullah) ဟာ သူ့ ရဲ့ လုပ်ငန်း
တာဝန် မစ နိုင်ခင်မှာပဲ ရဲကအချိန်မှီ ဖမ်းဆီးခြင်း နိုင်ခဲ့ပါတယ်...ထူးခြားတာတ
စ်ခု
ကတော့ တစ်ကိုယ်လုံး ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေအပြည့်တပ်ဆင်ထားပေမဲ့
သူ့ ရဲ့ ငယ်ပါ (penis)ကို ဗုံးဒါဏ်ခံနိုင်တဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ အစွပ်နဲ့  ဖုံးအုပ်ကာကွယ်ထားပါတယ်...
ရဲအရာရှိက ဘာကြောင့် ဒီလိုဖုံးအုပ်ကာကွယ်ထား
ပါသလဲလို့ ပေးတော့... အဇာစ် ရှဟစ်ဒူလာ (Aezid Shahidullah) က ကျွန်တော့
ခန္ဓာကိုယ် တစ်စီဖြစ်သွားတဲ့အခါ ငယ်ပါ(penis)ကိုတော့ အထိခိုက်မရှိ အကောင်း
ပကတိ ကျန်ခဲ့စေချင်လို့ ပါ...ဒါမှသေလွန်ပြီးနောက် ကောင်းကင်ဘုံမှာ အပျိုစင် ၇၂ ယောက်နဲ့ ပျော်ပါးတဲ့အခါ အဆင်ပြေအောင်လို့ ပါ...ဒိပြင်တခြားရည်ရွယ်
ချ
က်တော့မရှိပါဘူးဟုဖြေကြားသွားခဲ့ပါတယ်...။
စနေသား
copy : သမ္မတရုံးမှလျှို့ဝှက်သတင်းများ fb
Saturday, November 30, 2013
အင်ဒိုကျွန်းစု၌ သာသနာကွယ်ပျောက်ရခြင်းအကြောင်း
သီရိဓမ္မာသောကမင်းကြီးဟာ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့ပါတယ်။
ကိုးတိုင်းကိုးဌာနမှာသုဝဏ္ဏဘူမိဆိုတဲ့ဌာနတစ်ခုပါဝင်ခဲ့တယ်။
အိန္ဒိယပြည်နာလန္ဒာ တက္ကသိုလ်ပျက်ကြီးကိုယနေ့(၂၁)ရာစုခေတ်မှာတူးဖော်လို့
ရရှိတဲ့ကြေး ပုရပိုက်တွေအရ သုဝဏ္ဏဘူမိဆိုတာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ
စ တဲ့ နိုင်ငံ(၃)နိုင်ငံဖြစ်ကြောင်း သိရပါတယ်။မြန်မာနိုင်ငံက သထုံပြည်ကို သုဝဏ္ဏဘူမိ
လို့ ခေါ်ဝေါ်တာဟာ ရာစုနှစ်ပေါင်း တော်တော်ကြာမှ အင်ဒိုနီးရှား စတဲ့နိုင်ငံ(၃)နိုင်ငံကို မှီးပြီးအမည်မှည့်ခေါ်တာလို့သမိုင်းသုတေသီတို့က ဆိုပါတယ်။
အင်ဒိုကျွန်းစုတွေမှာဘုရင်ရော ပြည်သူပြည်သားတွေပါ ဗုဒ္ဓဘာသာဖြစ်ခဲ့ကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းက ဗမာမိန်းကလေးများ၏ အသုံးချခံဘဝ
နီးစပ်ရာက သူတွေ အကူအညီပေးစေလိုပါတယ်။ အခုဖြစ်နေတာက ဗမာ
မိန်းကလေးတွေ
အနိုင်ကျင့် အစော်ကားခံနေရပါတယ်။ ငွေကြေးနှင့် အရောင်းစား
ခံနေရပါတယ်။
ငွေဝယ်ကျွန်ဘဝကိုရောက်နေကြတယ်။ လူတကာသုံးတဲ့
သောက်ရေအိုးလိုဖြစ်နေတယ်။
ဟိုဘာသာဝင်ကစော်ကား၊ ဒီဘာသာဝင်
ကစော်ကားနဲ့
အဖတ်ဆယ်မရအောင် ဖြစ်နေပါပြီ။ ဟိုလူမျိုးကစော်ကား၊ ဒီလူမျိုး
ကစော်ကား၊
အသုံချဘဝနဲ့ ကြားနေရ မြင်နေရတာ အတော့်ကို စိတ်မချမ်းသာ
စရာဖြစ်နေပါတယ်
ဝါသနာကြောင့်လား စားဝတ်နေရေးကြောင်းလား။ ဘာကြောင့်
လည်းတော့မသိ၊
အခုတစ်ခါလာပြန်ပြီ။ ကိုရီးယားနိုင်ငံသားတစ်ယောက် ဗမာ
မိန်းကလေးတွေကို
ဗန်းပြပြီး နိုင်ငံခြားသားများနှင့် စီးပွားရှာနေတယ်ဆိုတာကို
သတင်းပို့ထားပါတယ်။
အဲဒီသတင်းလေးကို အားလုံးအတွက်မျှဝေလိုက်ပါတယ်။
သိသူများ နီးစပ်ရာကလူများ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံး ဆောင်ရွတ်ပေးဖို့ မေတ္တာ
ရပ်ခံချင်ပါတယ်။