Wednesday, December 4, 2013

နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုများအား ပူးပေါင်း ဆန္ဒထုတ်ဖော်တင်ပြရန် အကြိုညှိနှိုင်းဆွေးနွေး

၂၂.၁၁.၂၀၁၃ ရက်နေ့တွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင်
ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ဖိနှိပ်အရေး
ယူမှုများအပေါ် အဖွဲ့အစည်း ၅၂ ဖွဲ့မှ ပူးပေါင်းသတင်းစာရှင်းလင်းပွဲ၏ နောက်ဆက်
တွဲလုပ်ငန်းစဉ်များအဖြစ် ပုဒ်မ (၁၈)အပါအ၀င်ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျော် ပဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရတစ်ဖက်သက်ဖိနှိပ်ချုပ်ချယ်မှုများအားရှုတ်ချခြင်း
အစရှိသော မူဝါဒများပါဝင်သည် ရည်ရွယ်ချက် (၄)ရပ်ကို ဆက်လက်လုပ်ဆောင်ရန်
အဖွဲ့အစည်းများသဘောတူညီချက်ဆက်လက်ရယူလျက်ရှိသည်။


ရည်ရွယ်ချက် (၄)ရပ်တွင် ပုဒ်မ ၁၈အပါအ၀င်ဒီမိုကရေစီနိုင်ငံတော်နှင့် မသင့်လျော်ဘဲ
ပြည်သူလူထုအပေါ်နိုင်ငံရေးအရတဖက်သတ်ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများအား ပြည်
သူ့ရပိုင်ခွင့်ဖြစ်သော ဒီမိုကရေစီ၊ လူ့အခွင့်အရး နိုင်ငံတကာစံချိန်စံညွှန်းများကို အခိုင်အ
မာအာမခံနိုင်ပြီး ဒီမိုကရေစီနိုင်ငံဟူသောဂုဏ်နှင့် လိုက်လျောညီထွေသည့် ဥပဒေအဖြစ်
ပြင်ဆင်ရေးနှင့်မကိုက်ညီသည်များကိုဖျက်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများအား ခြွင်း ချက်မရှိလွှတ်ပေးရေး၊ တရားစွဲဆိုစဲ အမှုများအားပလပ် ဖျက်သိမ်းပေးရေး၊ နောက်ထပ်
ဖမ်းဆီး အရေးယူမှုများမပြုရေး ငြိမ်းချမ်းစွာ စီတန်းလှည့်ခြင်း ဥပဒေအရ မဟုတ်ဘဲ ပြည်
သူလူထု၏ လွပ်လပ်စွာ ဆန္ဒထုတ်ဖေါ်မှုကို ခွင့်ပြုသည့် သီးခြားနေရာသတ်မှတ်ရန်စသည့် အချက်များလည်းပါဝင်ဟု သိရှိရသည်။

အဆိုပါ ရည်ရွယ်ချက်များအား စုပေါင်းလက်မှတ်ရေးထိုးပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊
ဥပဒေပြုရေး မဏ္ဍိုင်(၃)ရပ် အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများအား ပေးပို့ရေးတို့
အပြင်သီချင်းနှင့်ကဗျာများစုပေါင်းရွတ်ဆိုခြင်းနည်းလမ်းဖြင့်လူထုလှုပ်ရှားမှု ပြုလုပ်ကာ ကျယ်ပြန့်သည့် ပြည်သူလူထုကိုကိုယ်စားပြုသည့်အခြေပြုဥပဒေမူကြမ်း ပေါ်ပေါက်လာစေ
ရန်နှင့် ဖျက်သိမ်းသင့်သည့် ဥပဒေစာရင်းများ ပေါ်ပေါက်လာစေရန်၊ အများပါဝင်နိုင်ပြီး
ကျယ်ပြန့်သည့် သဘောဆောင်သော ဥပဒေရေးရာ ဆွေးနွေးမှု တရပ် ဖြစ်ပေါ်လာစေရေး
စသည့် လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအသီးသီးဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် (၄.၁၂.၂၀၁၃)ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီတာဝန်ခံကိုနန္ဒာ စစ်အောင်မှ ပြောကြားသွားသည်။

ဖိုးစနေ
Source : မြန်မာ့ခေတ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။