Wednesday, December 4, 2013

NLD နှင့် USDP ပါတီဝင်များ တရုတ်ပြည်သို့ လေ့လာရေးသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့
မှ ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒီဇင်ဘာလအတွင်းသွားရောက်
မည်ဟုအဆိုပါ ပါတီတို့၏တာဝန်ရှိသူများက မဇ္စျိမကို ဒီဇင်ဘာ ၂ရက်တွင်အတည်ပြုပြော
ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
မှ ဖိတ်ကြားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက် တွင် သွားရောက်မည်ဖြစ်သည်။ ပြည်ထောင်စုကြံ့
ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုမူတရုတ်ပြည်သူ့သမ္မတနိုင်ငံကွန်မြူနစ်ပါတီကဖိတ်ကြားခြင်းဖြစ်ကာ
ဒီဇင်ဘာ ၅ရက် တွင် ခရီးစဉ်စတင်မည်ဖြစ်သည်။

“ကျွန်တော့်အတွက်တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးပထမဆုံးခရီးစဉ်ပါပဲအဖွဲ့ချုပ်ကအမျိုး
သမီးတွေနဲ့ လူငယ်တွေကို ရွေးထည့်ထား ပါတယ် ။ ခုနှစ်ရက်ခရီးစဉ်ပါ ကျွန်တော်
တို့လိုမတိုးတက်သေး တဲ့ နိုင်ငံအနေနဲ့ တိုးတက်နေတဲ့တရုတ်နိုင်ငံကိုသွား လေ့လာ
တာကောင်း တာပေါ့ဗျာ”ဟု အဖွဲ့ဝင် ၁၀ဦးပါ NLDပါတီဝင်အဖွဲ့ကို ဦးဆောင်မည့်
ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကဆိုသည်။

၁၀ရက်ကြာလေ့လာရေးသွားရောက်မည့် အဖွဲ့ဝင် ၂၅ဦးပါ ပြည်ခိုင်ဖြိုးပါတီကိုမူ
ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦးက ဦးဆောင်သွားရောက်မည်ဟု ၄င်း၏ ကိုယ်ရေး
အရာရှိ ဦးသန်းနိုင်ကပြောသည်။ “ဦးဌေးဦး နဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့
ဦးမောင်လှ၊ ဦးသန်းထွန်းနဲ့ ဒေါက်တာဌေးဝင်းတို့လည်း ပါကြတယ် ကျန်တဲ့သူတွေ
ကပြည်ခိုင်ဖြိုးပါတီ တိုင်းအတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှုးနဲ့ အီးစီအဖွဲ့ဝင် တစ်ချို့ဖြစ်
ပါတယ်”ဟု ၄င်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့်
ဆက်ဆံမှုများ ရှိထားသည့်ပါတီတစ်ခုလည်းဖြစ်သည်။ ယမန်နှစ်အတွင်း၌ပင် ကွန်မြူနစ်
ပါတီင်္၏ ပုဂ္ဂိုလ်ရေး ဖိတ်ကြားမှုဖြင့် ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုမူ တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ ပထမဆုံးအကြိမ် ဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီ တရုတ်နိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအဖွဲ့ကြီး (CAIFC)
၏ ဖိတ်ကြားမှုဖြင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်တို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်က
ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း
လှိုင် နှင့် CAIFC ဥက္ကဋ္ဌ လီဇောက်ရှင်းတို့ အောက်တိုဘာ ၂၉ရက် က ပေကျင်း၊ ပြည်သူ့
လွှတ်တော် ကွန်ဂရက် ၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လိုသည်ဟု
ပြောကြားခဲ့သေးသည်။

စိုးသန်းလင်း၊ ဟိန်းကိုစိုး |မဇ္ဈိမ

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။