Wednesday, December 4, 2013

မိုးညှင်းမြို့တွင်းအတင့်ရဲစွာမူးယစ်ဆေးဝါးရောင်းချလာသူအား ဖမ်းဆီးနိုင်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးများအားရှင်းလင်း နေချိန်တွင် မိုးညှင်း
မြို့လယ်ခေါင်လမ်းများပေါ်တွင် ရောင်းချသူ တစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်းနယ်ထိန်း
တာဝန်ခံထံမှ သိရသည်။

မိုးညှင်း အရှေ့စုရပ်ကွက်(၄)လမ်းနေ မောင်စိုးသူသည် မြို့လယ်ခေါင် လမ်းမပေါ်
လမ်းလျောက်၍ ဘိန်းဖြူများရောင်းချနေကြောင်း သတင်းရရှိသဖြင့်နယ်ထိန်းတပ်ဖွဲ့ဝင်
တပ်ကြပ်၊ ဒုတပ်ကြပ်နှစ်ဦး၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့်အတူ နမီးစု
ရပ်ကွက် စူပါဝမ်းလ္ဘက်ရည်ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေစဉ် တံတားဘက်မှ လ္ဘက်ရည်
ဆိုင်ဘက်သို့ လမ်းလျောက်လာသူ မောင်စိုးသူအား မသင်္ကာသဖြင့်စစ်ဆေးခဲ့ကြောင်း တပ်ကြပ်အောင်ရဲမြင့်မှပြောခဲ့သည်။

အသက်၂၈နှစ်ရှိသူမောင်စိုးသူ ၀တ်ဆင်ထားသောPERSIတံဆိပ်ပါ အစိမ်းရောင်အတွင်း ခံ ဘောင်းဘီအတွင်း၌ထည့်ထားသော အညိုရောင်ပိတ်စဖြင့် ချုပ်ထားသည့်အိတ်ရှည်
(၁) ခု အားတွေ့ရသည်။ ၎င်းအိတ်အတွင်းမှ ဘိန်းဖြူဟုယူဆသောဖြူဝါရောင်အမှုန့် အလေးချိန်ဝ.၀၆ဂရမ်ပါ ငွေရောင်တိုက်ငါးလုံးသတ္တုဗူး တစ်ဗူး၊ ရောင်းချပြီးသောတိုက်
ငါးလုံးဗူး အခွံအလွတ် (၇)ဗူးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆက်လက် ပြောသည်။

ယင်းနောက်ကွင်းဆက်များရရှိရန် မူးယစ်ဆေးဝါးများရောင်းချတတ်သော မိုးညှင်းမြို့ အရှေ့တောင်ခြေအနီးသို့ နယ်ထိန်းအဖွဲ့များသွားရောက်ရှာဖွေ စစ်ဆေးခဲ့ကြကြောင်း နယ်ထိန်းတာဝန်ခံကိုခိုင်လွင်က ပြောသည်။

မူးယစ်ဆေးဝါးတွေ့ခဲ့သောအသက်၂၈နှစ်ရှိသူ သားမောင်စိုးသူအား မူးစိတ်ဥပဒေပုဒ်မ

၁၅/၁၆/ဂ အရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမိုးညှင်းရဲစခန်းမှသိရသည်။

သီဟအောင်(ကချင်)

မြန်မာ့ခေတ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။