Wednesday, December 4, 2013

ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွင်း တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှုအချို့ ခွင့်ပြု

 ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ)မှ
ဦးဆောင်၍ ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင်စတင်တက်ရောက်မည့်ပထမနှစ်ကျောင်း သားကျောင်းသူများအတွက် ဘာသာရပ် ရွေးချယ်ခြင်း၊ ကျောင်းအပ်နှံခြင်းကိစ္စရပ်များ၊
ကျောင်းဖယ်ရီကား ထားရှိမှု ကဲ့သို့သော အခြားသော အထွေထွေ ကိစ္စရပ်များနှင့်
ပတ်သက်၍လိုအပ်မည့်လမ်းညွှန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ကိုယ်တိုင်
ကူညီဆောင် ရွက်ပေးခြင်းများကို သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းမှ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။


ကျောင်းကြေငြာသင်ပုန်းများတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ လက်ကမ်းကြေငြာများ၊ ဗွီနိုင်းများကိုလည်း ကပ်ခွင့်ပြုထားသည်ကို တွေ့ရသည်။
“ဒီနေ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို တက်ရောက်တဲ့အခါမှာ ကျောင်းသားသမဂ္ဂက
ညီငယ် ညီမငယ်တွေရဲ့ ဒီနှစ်မှာ စတင်တက်ရောက်မယ့် ပထမနှစ်ကျောင်းသား/သူ များကို မေဂျာရွေးချယ်ပုံတွေ၊ ကျောင်းအပ်ရင်လိုအပ်မယ့် လမ်းညွှန်ပေးမှုတွေဖယ်ရီ ကားထားရှိမှုကိစ္စတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ ကိုယ်တိုင်ကူညီဆောင် ရွက်ပေးတာတွေကို ကျောင်းရဲ့တရားဝင်ခွင့်ပြုချက်နဲ့သမဂ္ဂရဲ့ ကျောင်းသားအရေး
ဆောင်ရွက်မှုတွေကို တွေ့ခဲ့ရတယ်။ ဒါဟာ ထူးခြားတဲ့ ၀မ်းသာစရာမြင်ကွင်းတစ်ခုပါပဲ”
ဟုယခုရက်ပိုင်းအတွင်းတွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ပြန်လည်တက်ရောက်ရန်
ခွင့်ပြုခံထားရသောကိုစည်သူမောင်မှပြောကြားသွားသည်။

ဖိုးစနေ
မြန်မာ့ခေတ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။