Sunday, December 1, 2013

ထိုင်းရောက် ရှမ်းမိန်းကလေး ၁၃ ဦး ပြန်လွတ်ရေး

ထိုင်းနိုင်ငံ လူမှုကာကွယ်ရေးစခန်းမှာ တနှစ် ကျော်ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံ
မှ ရှမ်းအမျိုးသမီးလေး ၁၃ ဦး ကို ပြန်လည်လွှတ်ပေးဖို့ ဘန်ကောက် မြန်မာသံရုံးမှ
သံအမတ်ကြီး ဦးတင်ဝင်း က ထိုင်း လူမှုဖွံ့ဖြိုးရေး နဲ့ ဘဝလုံခြုံရေးဝန်ကြီး ကို သွားရောက် တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံပြီး ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုရာမှာ
လည်း ဒီမိန်းကလေး တွေ အနက် ၁၈ နှစ်အောက် ၅ ဦးပါဝင် ပြီး၊ ၃ ဦး ကို တွေ့ခွင့်
ရခဲ့ပုံ၊ သံအမတ်ကြီး က ဘီဘီစီ ကို ရှင်းပြပါတယ်။ ထိုင်း ဘက် ကလည်း ဒီမိန်းကလေး
တွေ ဟာ စားသောက်ဆိုင် မှာ အလုပ်လုပ် ဖို့ ရောက်လာတယ် ဆိုပေမဲ့၊ ပြည့်တံဆာ
အဖြစ် သူတို့ဆွေမျိုးတွေ ကဘဲ ရောင်းစားသွား လို့ ဒီလူကုန်ကူးမှု နောက်ကွယ် မှာ
စီးပွားဖြစ် လုပ်ကိုင်နေတဲ့ ဂိုဏ်း တွေ ရှိတာ ကို ဖေါ်ထုတ်ချင် တဲ့ အတွက် ထိန်းသိမ်း
ထားတာလို့ ပြောတဲ့ အကြောင်း သံအမတ်ကြီး က ပြောပါတယ်။

ဒီမိန်းကလေး တွေ ကို အမြန်ဆုံး ပြန်ပို့ ပေးမှာ ဖြစ်သလို၊ တရားခံ လည်းရှာမဲ့
အကြောင်း၊ ပြန်ပို့ တဲ့ လမ်းကြောင်းမှာလည်း လုံခြုံစွာ နဲ မိဖ ရပ်ထံ ပို့ဖို့ အစီအစဉ်
လည်း ရှင်းပြပါတယ်။ သံအမတ်ကြီး ဘက် ကလည်း မြန်မာဘက်ခြမ်းမှာ နယ်စပ်
ဖြတ်ကျော် လူကုန်ကူးမှု တားဆီး ထိန်းသိမ်းရေး အဖွဲ့လည်း ရှိပြီး ဖြစ်လို့၊ မြဝတီ မြို့

ကနေ လာရောက်ကြိုမဲ့ အကြောင်း ထိုင်း ဝန်ကြီး ကို ရှင်းပြခဲ့တာ ကို ဘီဘီစီ ကို ပြောပါတယ်။

BBC

 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။