စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တရားဥပဒေစိုးမိုးရေးဟာ မရှိမဖြစ်
လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ ဩစတြေးလျနိုင်ငံခရီးစဉ်အတွင်း နိုဝင်ဘာ
၃၀ ရက်နေ့က မဲလ်ဘုန်းမြို့ မွန်နေး (Monash တက္ကသိုလ်မိန့်ခွန်းမှာ အခုလို ပြောကြား
လိုက်တာပါ။
“ကျမတို့ နိုင်ငံအတွက် အမျိုးသားပြည်လည်သင့်မြတ်ရေးဟာ အရေးတကြီး လိုအပ်နေ
ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်းသင့်မြတ်ရေးအတွက် တရားဥပဒေ
စိုးမိုးရေးဟာ မရှိမဖြစ် လိုအပ်နေပါတယ်။ စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး အသီးအပွင့်
ခံစား နိုင်အောင်ဆိုရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးက မရှိမဖြစ် လိုအပ်နေ
ပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဲလ်ဘုန်းမြို့ရဲ့ မွန်နေးတက္ကသိုလ်က ချီးမြှင့်တဲ့
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကိုလည်း ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း ကင်ဘာရာမြို့ရဲ့ ဩစတြေးလျ အမျိုးသားတက္ကသိုလ်
က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလည်း လက်ခံရယူခဲ့ပါတယ်။
ဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားပြီး မြန်မာ
နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အခုမှ စတင်နေတယ်ဆိုတာ နိုင်ငံတကာ
အနေနဲ့ အသိအမှတ်ပြုဖို့ လိုကြောင်း ပြောပါတယ်။
“ငြိမ်းချမ်းပြီး လုံခြုံစိတ်ချရတဲ့ နိုင်ငံတော်တခု ဖြစ်ဖို့ ပြည်သူတွေက ၁၀ စုနှစ်များစွာ
အခက်အခဲတွေကြားကနေ ရုန်းကန်ခဲ့ကြရပါတယ်။ အခုထိလည်း လမ်းအဆုံးကို
မရောက် သေးပါဘူး။ အခုမှ အစပဲ ရှိပါသေးတယ်။ ဒီထက် ကြိုးစားရဦးမှာ ဖြစ်ပါ
တယ်။ ဒီမိုကရေစီလမ်းပေါ်ကို အခုမှ စတင် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံဟာ
နိုင်ငံတကာရဲ့ အကူအညီတွေလည်း လိုနေပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ
လမ်းပေါ်ကို အခုလေးပဲ စတင် လျှောက်လှမ်းနေတယ်ဆိုတာကိုလည်း နိုင်ငံတကာ
က အသိအမှတ်ပြုဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟာ လမ်းဆုံးရောက်နေပြီလို့ ထင်နေတဲ့
လူတွေလည်း အများကြီး ရှိနေပါတယ်။ တကယ်တမ်းက အခုမှ စတင်နေတာပါ။
ဒါပေမယ့် ရည်မှန်းထားတဲ့ စည်းလုံးညီညွတ်ပြီး ပျော်ရွှင်တဲ့ နိုင်ငံတော် ဖြစ်လာမယ်
ဆိုတာ ယုံကြည်ပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီခရီးစဉ်မှာ ဩစတြေးလျနိုင်ငံ နဲ့ အတူ
ရှိနေမယ့်အကြောင်း၊ ဩစတြေးလျနိုင်ငံလို အရှေ့နဲ့ အနောက် လှပတဲ့ မတူကွဲပြားမှု
တွေနဲ့ ပေါင်းစည်းခြင်းတွေကို စံနမူနာယူသင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်း
စုကြည်က ပြောပါတယ်။
ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဩစတြေးလျဝန်ကြီးချုပ်၊ နိုင်ငံခြားရေး
ဝန်ကြီးအပါအ၀င် အစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေ
အပြင် မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မဲလ်ဘုန်းမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မယ့် ကမ္ဘာ့ HIV/AIDS ညီလာခံလည်း
တက်ရောက်ဖို့ ရှိနေပါတယ်။ ဩစတြေးလျခရီးစဉ်ကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာ
အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
By ခွန်ဘသာ
DVB
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။