Friday, January 17, 2014

လောဘဇောတိုက်နေသော အာဏာရှင်တစ်ယောက်အကြောင်းတင်ပြခြင်း

သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

အကြောင်းအရာ။ လောဘဇောတိုက်နေသောအာဏာရှင်တစ်ယောက်အကြောင်း
                      တင်ပြခြင်း

၁။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်သည် ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့ နယ်အတွင်းရှိ ရွှေကြောများထွက်ရှိရာ မြေနေရာအားလုံးကို၎င်း၏လုယုံတပည့်ရင်း ဦးသိန်းဟန်(ရွှေပြည်သာ ရွှေတူး ဖော်ရေးကုမ္ပဏီ)နှင့် ပူးပေါင်း၍ လက်ဝါးကြီးအုပ်
သိမ်းယူထားကြပါသည်။
၂။ ယခုအခါ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၀က်သေကျေးရွာနှင့်သက်ရှည်ကျေးရွာမှ
ရွာသူရွာသားများ မှာ အလွန်အမင်းနိုင့်ထက်စီးနင်း ပြုမူမှုများကြောင့်မခံမရပ်နိုင်ဖြစ်ကာ
ကုမ္ပဏီနှင့်အကြီးအကျယ် ပြဿနာ ဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာဌာနအသီးသီးသို့
တိုင်ကြားအသနားခံခဲ့ကြသော်လည်း မည်သို့မျှအရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းမရှိ ပါ။ နောက်ဆုံးကြားသိရသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှလည်းယခု ဖြစ်ပွားခဲ့သော
အမှုတွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းချထားပေးလိုက်ပြီဟု
သိရပါသည်။ သို့အတွက်ကြောင့် ဦးရဲမြင့်လက်ထဲသို့ အမှုတွဲပြန်လည်ရောက်ရှိလာပါက မိမိတို့ ကျေးလက်နေဆင်းရဲသားများကိုယခင်ကထက်ဖိနှိပ်ချုပ်ချယ်မှုများပိုမိုလုပ်ဆောင်လာ
မည်ကို စိုးရိမ်နေကြရပါသည်။
၃။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရေတံခွန်တောင် ဂေါက်ကွင်း အနောက် တောင်ဖက်ခြမ်းတွင် ဦးရဲမြင့်၏ ၎င်း စစ်တိုင်းမှူးဘ၀က သိမ်းယူခဲ့သော
လယ်ယာမြေများစွာရှိပါသည်။ သို့သော် အားမရနိုင်သေးဘဲယခုဝန်ကြီးချုပ်ဘ၀တွင် ရေတံ ခွန်တောင်ဂေါက်ကွင်း၏ မြောက်ဖက်ခြမ်း၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့ဖက် (ရွှေကျင်၊ ရေထွက်ကျေးရွာအနီး)၀န်းကျင်ရှိ တစ်နှစ်လျင် သုံးသီးစား လယ်မြေဧကများ
စွာကို ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေအမည်ဖြင့် ရယူလွှဲပြောင်းထားပြီး ၀ယ်ယူသူ ရှိပါက
အမည်ပေါက်ပါတခါတည်းလွှဲပြောင်းရောင်းချနေပါသည်။
၎။ ပုသိမ်ကြီးမြို့နယ်၊ မြေစာရင်းရုံး၌ ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေ၏ အမည်ပေါက် လယ်ယာမြေ
ဧက (၁၀၀)ကျော်ခန့် ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ ၎င်းပိုင် လယ်ယာမြေ
များသို့ အလွယ် တကူ ၀င်ထွက်နိုင်ရန်နှင့် ပြန်လည်ရောင်းချပါက ဈေးကောင်းရရှိရန်အတွက်
ဦးရဲမြင့်၏ တပည့်ရင်း ဗိုလ်မှူး မျိုးလွင်နှင့် ဦးခိုင်ဇော်လင်း (ဆုလျှံထွန်းကုမ္ပဏီ)တို့အား လမ်းများဖောက်ရန် စေခိုင်းထားပါသည်။ ဦးခိုင်ဇော်လင်း(ဆုလျှံထွန်းကုမ္ပဏီ)တွင်လည်း ၎င်း၏သား နိုင်လင်းအောင်အတွက် အစုရှယ်ယာများ ထည့်သွင်းပေးထားရပါသည်။
၅။ ဆုလျှံထွန်းကုမ္ပဏီမှာ ၎င်း၏သား နိုင်လင်းအောင်နှင့်ပူးပေါင်း၍ မိတ္ထီလာခရိုင်အတွင်း၌ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြပါသည်။
၆။ ဦးခိုင်ဇော်လင်းပိုင်ဆိုင်သော မန္တလေးမြို့ပတ်လမ်းနှင့် ၂၂ လမ်းထောင့်၊ ဧရာဝတီမြစ်
ကမ်းဘေးရှိ View Point ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်မှာလည်း ဦးရဲမြင့်မှ ၎င်း မန္တလေးတိုင်းမှူးဖြစ်စဉ်က နေရာချထားပေးခဲ့သော ဆိုင်ဖြစ်ပါသည်။ ၎င်းဆိုင်မြေနေရာမှာ မန္တလေးစည်ပင်ပိုင်မြေ ဖြစ်ပါသည်။

ဒါတွေဟာပြည်သူ့အတွက်ပါလားဗျာ။

ဝန်ထမ်းများ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မိတ္တူ
သူရ ဦးရွှေမန်း၊ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နေပြည်တော်
ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့ မန္တလေးတိုင်း၊ မစိုးရိမ်တိုက်မကြီး၊ မန္တလေး
ဥက္ကဋ္ဌ၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ သပိတ်ကျင်းမြို့
Rfadvb Voabbc

Saturday, January 11, 2014

လူနာစောင့်မပါ၍ဆေးရုံတက်ခွင့်မရသူတစ်ဦးလမ်းဘေးတွင် တစ်ညနှင့်တစ်ရက်နေပြီိးဆေးရုံတက်ကုသစဉ်သေဆုံးခြင်း သတင်း မှာမမှန်ကြောင်းစစ်တွေဆေးရုံ မှ ပြောကြား

ယခုလ ၄ ရက်က စစ်တွေ ဆေးရုံတွင် လူနာစောင့်မပါသဖြင့်ဆေးရုံတက်ခွင့်မရသူ
တစ်ဦး လမ်း ဘေးတွင် တစ်ညနှင့်တစ်ရက်နေ ပြီး လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆေးရုံတက်ခွင့်ရရှိ ကာ ဆေးရုံတက်ရောက်ကုသခံခဲ့ ရသော်လည်း
ကုသနေစဉ်သေဆုံး သွားသည်ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း စစ်တွေပြည်သူ့ဆေးရုံ အုပ်ကြီးကပြောကြားကြောင်း သိရ သည်။

စစ်တွေဆေးရုံ ပြင်ပလူနာ ဆောင်မှ သူနာပြုဆရာမတစ်ဦး ကလည်း ''ဒီလ ၃ ရက်
ကရော ၄ ရက်ကပါ ဒီအဆောင်မှာ တာဝန်ကျနေတာပါ။ သူဆေးရုံ လာတယ်ဆိုတာ
ကျွန်မတို့မတွေ့ ပါဘူး။ ဆေးရုံအနေနဲ့ ဘယ်လူနာ မဆို ဆေးရုံတက်သင့်တဲ့လူနာဆို ရင် ဆေးရုံတက်ခွင့်ပေးတယ်။ဆေးရုံတက်ခွင့် မပေးတာမရှိဘူး။

လူနာစောင့်မပါလဲဆေးရုံလူမှုဆက် ဆံရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့ က လူမှုအဖွဲ့
အစည်းတွေနဲ့ဆက် သွယ်ပြီးဖြေရှင်းပေးလေ့ရှိပါတယ်'' ဟု ပြောကြားသည်။

သေဆုံးသွားသူမှာ ဘဲပေါက် (ခ)ခင်မောင်မြင့်အသက်(၃၅)နှစ် ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ မှဖြစ်ကာ နိုဝင်ဘာ၁၉ရက်တွင်သံတွဲအကျဉ်း ထောင်မှလွတ်မြောက်လာသူဖြစ် ကြောင်း
သိရသည်။၎င်းသည်ဆေးရုံ အတွင်းသို့ဝင်ရောက်အကြောင်း ကြားခြင်းမရှိဘဲ တစ်ညနှင့်
တစ်နေ့ ကြာအောင်နေခဲ့ပြီး စစ်တွေ လူမှု အဖွဲ့အစည်းများကတွေ့ရှိကာဆေးရုံ သို့
ပို့ဆောင်ပေးခဲ့ကြောင်း၊ လူနာ စောင့်မပါသော်လည်း လူမှုအဖွဲ့ အစည်းများက တာဝန် ယူပေးခဲ့ ကြောင်းအဆိုပါသူနာပြုကဆိုသည်။

''ခက်တာက လူနာတွေ အနေနဲ့လဲ ဆေးရုံ၊ ဆေးပေးခန်း ဆိုရင်ကိုအရှိန်နဲ့ကိုလန့်နေကြ
တာ ဗျ။ တော်ရုံနဲ့မသွားချင်ကြဘူး။ဆေးရုံ၊ဆေးပေးခန်းဆိုတာလူနာ တွေအတွက် အား
ကိုးစရာပါ။

ဆေးရုံဆေးပေးခန်းကို မလန့်ဖို့၊ မကြောက်ဖို့လဲ အသိပညာတွေပေးရဦးမှာ။ အခုဖြစ်စဉ်
မှာလဲ လူနာက ဆေးရုံ၊ ဆေးပေးခန်းကိုလန့်လို့ မပြောဝံ့မဆိုဝံ့တာလဲပါမယ်ထင် တယ်'
'ဟုဒေသခံတစ်ဦးကသုံးသပ် ပြောကြားသွားခဲ့သည်။


နုနုနွေ(ဓညဝတီ)
စစ်တွေ ဇန်နဝါရီ ၉

အနာဂါတ်အတွက် ပုဒ်မ ၁၈

ယခုတလော အခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးဆိုတဲ့
အသံတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ကျယ်ကျယ်လောင်လောင်ကြားလာရတယ်။
ဤနေရာတွင် တစ်ခုမေးချင်သည်။ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုနေကြသူများအနေဖြင့် ၄င်းတို့ပြင်ဆင်လိုသည့် ဥပဒေ၊ ပုဒ်မများအား သေချာစွာသိပါ၏လော...၊ သေချာစွာ ဖတ်ရှုပြီးပြီလော....။အဖြေမှာ
No ဖြစ်ပါသည်။ သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမသိ မြောက်မှန်း
မသိသောလူများသာ အများစုဖြစ်သည်။

ပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ လိုတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့်လက်ရှိ မြန်မာပြည်သူလူထုရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်။တစ်ကယ်လို့ ခွင့်ပြူချက် တောင်းခံစရာ မလိုတော့ဘူး ဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံးအုံကြွမှုတွေကို အလွယ်တကူနဲ့အချိန်မရွေး လုပ်ဆောင်နိုင်တော့မှာ
ဖြစ်ပါတယ်။

Thursday, January 2, 2014

အဆင့်မြင့်ပညာရေးကဏ္ဍ၊ တက္ကသိုလ်၏ အဓိက ပလေယာများဖြစ်သည့် ဆရာနှင့်ကျောင်းသားဆက်ဆံရေး၊ အနာဂတ်ခြေလှမ်း

တက္ကသိုလ်ပညာရေး
ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်ပညာရေးသည်လည်း တခြားသောကဏ္ဍများနည်းတူ
အရှိန်အဟုန်ဖြင့်တိုးတက်နေလေသည်။ ဆရာ၊ ဆရာမများမှလည်းဘွဲ့လွန်ကျောင်သား များကိုနိုင်ငံတကာစာတမ်းများထုတ်ဝေရေးကိုအမြဲအသားပေးပြောကြားလေ့ရှိလေ
သည်။ထိုသို့ နိုင်ငံတကာအဆင့်မီစာတမ်းများထုတ်ဝေနိုင်ရေးအတွက်လည်းလိုအပ်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ရန်အတွက်အဘက်ဘက်မှလိုလေသေးမရှိအောင် ပံ့ပိုးပေးကြလေသည်။ထိုသို့ ကြိုးစားလုပ်ဆောင်မှုများကြောင့်ယခုဆိုလျင်ကမ္ဘာ့တက္ကသိုလ်

များအဆင့်သတ်မှတ်ချက်တွင်ကိုရီယားမှတက္ကသိုလ်တို့သည်ပထမငါးဆယ်အတွင်းသို့ပင် တက်လှမ်းလာပြီဖြစ်သည်။

သုတေသနရန်ပုံငွေ
ကိုရီးယားနိုင်ငံတွင်သုတေသနရန်ပုံငွေများအလွန်အင်မတန် ပေါများလှသည်။ ကျောင်း သား၊ကျောင်းသူများပညာရေးမြင့်မားမှတိုင်းပြည်မြင့်မားမည်ကိုအပြည့်အ၀ယုံကြည်ပြီး၊ ထိုယုံကြည်သည့်အတိုင်းလည်း ကျောင်းသား၊ကျောင်းသူများအပေါ်တွ
င်ပုံအောကာပံ့
ပိုးကြလေသည်။ဘွဲ့ကြိုကျောင်းသားများအတွက်လိုအပ်သောပရောဂျက်များလုပ်ဆောင်
ရန် ဆရာများလက်ထဲတွင်အဆင်သင့်ပံ့ပိုးပေးနိုင်သော ငွေကြေးရံပုံငွေများရှိလေသည်။ ဘွဲ့လွန်ကျောင်းသားများအတွက်ကတော့ ကျောင်းတွင်ကိုယ်ပိုင်နေရာတစ်နေရာပေးကာ
သုတေသနကိုစိတ်အေးလက်အေးလုပ်ဆောင်နိုင်ရန်အတွက်လိုလေသေးမရှိပံ့ပိုးပေး
ထားလေသည်။ကိုရီးယားနိုင်ငံတက္ကသိုလ်များ
သည်အစိုးရဌာနများမှထောက်ပံ့ငွေသာ
မဟုတ်ကုမ္ပဏီအသီးသီးတို့၏သုတေသနလုပ်ငန်းများမှလည်းသုတေသနထောက်ပံ့ငွေ
များရရှိကြလေသည်။

ဖွင့်ပေးလိုက်တဲ့ သော့တစ်ချောင်း- ကိုရီးယားပညာရေးခရီး အတိတ်နှင့် အနာဂတ်

ယနေ့ကမ္ဘာတစ်လွှား ဘယ်နေရာသွားသွား  မမြင်ချင်အဆုံးမြင်နေရမှာကတော့ ကိုရီးယားကုမ္ပဏီတို့၏ကြော်ငြာများ၊ လူနေအိမ်ခန်းထဲသို့ ၀င်ကြည့်လိုက်ပြန်လျှင်
လည်း SAMSUNG Aircon, TV, Refrigerator  တို့ကို တွေ့မြင်ရမည်ဖြစ်ပြီး၊ လူတွေ
အာရုံခံစားကာ အပန်းဖြေကြည့်ရှုနေသည်မှာတော့ ကိုရီးယားကားပင် ဖြစ်လေသည်။
ယခင်က နာမည်ပင်ကြားခဲ့ဖူးခြင်းမရှိသော SAMSUNG mobile phone များက
ကမ္ဘာကျော်နေသည်။ ယခင် အိမ်တွင်ရှိနေသော SONY လျှပ်စစ်ပစ္စည်းများ နေရာ
မှာ SAMSUNG ပစ္စည်းတို့က နေရာဝင်ယူ ကုန်ကြလေသည်။

မကြာသေးသော ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာ ကမ္ဘာ့စီးပွားရေးမျက်နှာစာတိုင်း လိုလိုတွင် အောင်ပွဲဆင်လာသောကိုရီးယားလူမျိုးတို့၏ အောင်မြင်မှုသော့ချက်ကို
လူသားတိုင်းသိချင်လှသလို၊ မိမိတို့ဘ၀တိုးတက်ဖို့၊ထို့ထက်ပိုပြီးပြောရမယ်ဆိုရင်
နိုင်ငံတော် တိုးတက်ဖို့အတွက် ပြန်လည်အသုံးချလိုကြလေသည်။ ကိုယ့်နိုင်ငံနှင့်
မတိမ်းမယိမ်း လွတ်လပ်ရေးရသော နိုင်ငံလေးတစ်ခု၊ လွတ်လပ်ပြီးလျှင်ပြီးချင်း မိမိနိုင်ငံကဲ့သို့ပင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တဲ
့နိုင်ငံ၊ ယင်းတို့စားစရာပင်
မရှိသဖြင့် ၁၉၆၀တ၀ိုက်မှာကိုယ့်နိုင်ငံကသူတို့စားဖို့အတွက်ဆန်တွေပင်တင်ပို့ လှူဒါန်းခဲ့ရတဲ့ နိုင်ငံလေးတစ်ခုဟာခုဆိုရင်ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ပေပြီ။