Wednesday, January 23, 2013

VOA TV Update 01-22-2013



ရိုဟင်ဂျာတွေကို လူကုန်ကူးတဲ့ထိုင်းစစ်တပ်အရာရှိ ၂ဦး ရာထူးချထားခံရ

့မြန်မာနိုင်ငံကရိုဟင်ဂျာတွေကိုတတိယနိုင်ငံတစ်ခုကိုပို့ပေးတဲ့အမှုအတွက်စုံစမ်း
စစ်ဆေးရာမှာပါဝင်ပတ်သက်နေတယ်လို့သံသယရှိတဲ့ ထိုင်းစစ်တပ်ကဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ယောက်နဲ့အခြားအဆင့်မြင့်ထိုင်းစစ်တပ်အရာရှိတစ်ဦးကိုရာထူး
ကနေယာယီဖယ်ရှားလိုက်တယ်လို့ ထိုင်းတောင်ပိုင်းစစ်တပ်အဆင့်မြင့်အရာရှိ တစ်ဦးကပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဆွန်ခလာခရိုင်မှာယခုလ
အတွင်းမြန်မာပြည်ဘက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာ ၈၀၀ကျော်ကိုဖမ်းမိခဲ့ပါတယ်။

ထိုင်းရဲကလူကုန်ကူးတာလုပ်တယ်လို့သံသယရှိသူ ၈ဦးကိုဖမ်းဆီးခဲ့ရာမှာ ဒေသ
အတွင်းသြဇာသက်ရောက်တဲ့နိုင်ငံရေးသမားတစ်ဦးပါဝင်ခဲ့ပါတယ်။ဒီလူကုန်ကူးမှု
ကွန်ယက်ထဲမှာအနည်းဆုံးထိုင်းစစ်တပ်ကအဆင့်မြင့်အရာရှိ ၂ဦးပါဝင်ပတ်သက်
တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ထိုင်းတောင်ပိုင်းစစ်တိုင်းမှူး
Lt. Gen. Udomchai Thammasarorat ကဒီကိစ္စအတွက်ကော်မတီဖွဲ့စုံစမ်း
စစ်ဆေးနေပြီးအရာရှိ ၂ဦးကိုရာထူးမှချထားကာကွန်ယက်ထဲမှာစစ်သားတွေပါ-မပါကိုလည်းစုံစမ်းစစ်ဆေးမယ်လို့သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံကအခုလိုအရေးယူဆောင်ရွက်တာဟာဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီးထိုင်း
စစ်တပ်အရာရှိတွေဟာလူမှောင်ခိုမှုစွပ်စွဲချက်တွေနဲ့အရေးယူခံရတာအင်မတန်
မှနည်းပါးပါတယ်။ထိုင်းနိုင်ငံဟာအိမ်နီးချင်းနိုင်ငံတွေကဒုက္ခသည်တွေ
ခိုလှုံဖို့ကောင်းတဲ့နိုင်ငတစ်ခုဖြစ်နေသလိုအချို့ကလဲထိုင်းနိုင်ငံမှာနေဖို့လုပ်ကြပြီး
တစ်ချို့ကလဲတတိယနိုင်ငံတစ်ခုခုကိုထိုင်းနိုင်ငံကတဆင့်သွားဖို့လုပ်ကြပါတယ်။

အခုဖမ်းမိတဲ့ ဒုက္ခသည်တွေဟာမလေးရှားကိုသွားမယ့်သူတွေလို့ယုံကြည် ရကြောင်းထိုင်းအာဏာပိုင်တွေကပြောခဲ့ပြီးသူတို့ကိုတရားမ၀င် ၀င်ရောက်လာ
မှုနဲ့အရေးယူခံရမှာဖြစ်လို့သူတို့ရဲ့ကံကြမ္မာကတော့မရေရာ သေးပါဘူး၊လူ့အခွင့် အရေးလှုပ်ရှားသူတွေကတော့ဒီလူတွေကို မြန်မာနိုင်ငံပြန်မပို့ဖို့ထိုင်းအစိုးရ
ကိုတောင်းဆိုနေပါတယ်။

ရန်ကုန်မြို့ကခွေးအလေအလွင့်ပပျောက်ရေး


ရန်ကုန် - လေလွင့်ခွေးများရဲ့ သုခမြို့တော် (ဖီချာ)လူဦးရေ ၆သန်းရှိတဲ့ ရန်ကုန်မြို့ဟာ မြို့တော်ရဲ့အလှအပတွေနဲ့ ကင်းဝေးခဲ့တာ တော်တော်ကို ကြာမြင့်ခဲ့ပါပြီ။ အစိုးရရုံးစိုက်
ရာမြို့တော်အဖြစ် ၂ဝဝ၅ခုနှစ်မှာ နေပြည်တော်ကို ပြောင်းရွှေ့သွားကတည်းက ရန်ကုန်
မြို့တော်ကြီးဟာ အစိုးရရဲ့ လျစ်လျူရှုမှုကို နှစ်အတော်ကြာ ခံခဲ့ရပါတယ်။
အခုတော့ အရပ်သားအစိုးရသစ် တက်လာပြီး ရန်ကုန်ကို အစစအရာရာ ပြန်လည်မွမ်းမံ
ဖို့ အားထုတ်လာကြပါပြီ။ ဒါပေမယ့် အမှိုက်ပုံကြီးလိုဖြစ်နေတဲ့ ရန်ကုန်မှာ လမ်းပေါ်က ခွေးလေခွေးလွင့် ပေါက်ဖွားမှုနှုန်းက ကြောက်ခမန်းလိလိ ဖြစ်လာနေပါတယ်။

ကျွန်တော် စိတ်ပျက်မိသော သတင်းကဏ္ဍ


`ပြည်သူတွေသတင်းအမှန်သိရှိပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကိုလေးစားလိုက်နာသွားမယ်
လို့ ဒီကနေ့ ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ
ညီလာခံမှာ သတင်းစာဆရာအသင်းဗဟိုဦးစီးအဖွဲ့ဝင်တွေက ကတိပြုခဲ့ကြပါတယ်။

ပုံနှိပ်မီဒီယာ၊ ရုပ်/သံမီဒီယာ၊ Online မီဒီယာနဲ့ သတင်းအေဂျင်စီ ကိုယ်စားပြု သတင်း
သမားပေါင်း ၄၀ လောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟို
ဦးစီးအဖွဲ့ဝင်တွေက နိုင်ငံတကာစံနှုန်းနဲ့အညီစာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေး၊ စာနယ်ဇင်း ကျင့်ဝတ်တွေကို မြှင့်တင်ပြီး အင်အား တောင့်တင်းတဲ့ စတုတ္ထမဏ္ဍိုင် ပီသရေးအတွက်ကို
လည်းကတိသစ္စာပြုခဲ့ကြပါတယ်´´

အထက်ပါသတင်းလေးကတော့၊သြဂုတ်လ(၁၁)ရက်နေ့မှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ
သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ သတင်းလေးကို VOA မှာဖော်ပြထား
တာပါ.....။

ဒီသတင်းလေးကို ဖတ်ကြည့်မိတဲ့အခါမှာ အင်မတန် စိတ်ချမ်းသာခဲ့ရတယ်..... လို့ ဦးစွာ
ဆိုချင်ပါတယ်။

သို့သော်...... သေသေချာချာဖတ်ကြည့်တော့သတင်းစာဆရာအသင်းဖြစ်နေပြီးဂျာနယ်
ဆရာတွေ မဟုတ်ဘူးဖြစ်နေတယ်ဗျ....

အော်.....ဒါကြောင့်ဂျာနယ်တွေကသူတို့တင်ချင်တဲ့သတင်းတွေကိုချည်းစွတ်တင်နေတာပါ
လားလို့.... နားလည်လိုက်မိတယ်...။

အထက်ပါညီလာခံကျင်းပပြီးစီးခဲ့တဲ့ (၃)လတာကာလအတွင်းမှာ မြန်မာနိုင်ငံမှာလည်း
တော်တော် ဆိုးဆိုးရွားရွား အခြေအနေတွေ ဖြစ်ခဲ့တယ်...။

တစ်နိုင်ငံလုံး ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားတဲ့ ပညာရေးစနစ်ကြီး


မြန်မာတပြည်လုံး ၂၀၁၅ ရောက်ရင် ကလေးဗဟိုပြု ပညာရေး၊ တနည်းပြောရရင် ကလေးဗဟိုပြု ချဉ်းကပ် နည်းနဲ့ အခြခံပညာ ကလေးတွေကို စာသင်ကြားပေးနိုင်မယ်ဆိုတဲ့ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီး ဌာနရဲ့ ကြေညာချက်လေးကို ပြန်သတိရမိတယ်။

ဒီနေရာမှာ ကလေးဗဟိုပြုဆိုတာ ဘာလဲဆိုတာ သေသေချာချာသိဖို့တော့ လိုမယ်ထင်တော့ စာတွေလိုက် ဖတ်မိတယ်။သဘောပေါက်မိတာကကာတွန်းတွေ၊ သရောစာတွေထဲက သရော်ကြသလို ကျွန်တော့်နာ မည် မာင်လှဖြစ်ပါသည်၊အဖေဦးမြနဲ့အမေ ဒေါ်လှ ဖြစ်ပါသည်ဆိုတာကို နှုတ်တိုက်ကျက်ပြီး ဆရာ ကို ပြန်ဖြေရတဲ့စနစ်ကနေကိုယ့်အကြောင်းကိုယ့်ပတ်ဝန်းကျင်အကြောင်းကို ကိုယ်တိုင်သိတဲ့ အသိဥာဏ်ဖြစ် လာအောင် သင်ပေးတဲ့ စနစ်လို့ အကြမ်း သဘောပေါက်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က ပျံနိုင်တဲ့ သတ္တဝါငါးမျိုးဆို ဆရာပေးတာထက်၊ ရေးပေးတာထက် ပိုမစဉ်းစားပဲ အော်ကျက်ခဲ့ရတဲ့ သူတွေဖြစ်ခဲ့ပါတယ်။ သူက သိန်းငှက်၊ စွန်၊ လင်းယုန်၊ ဇီးကွတ်၊ ကြိုးကြာဆိုတဲ့ ကိုယ်ကောင်းကောင်းမသိတဲ့ အကောင်တွေနေရာမယ် ကိုယ်မြင်နေကြ စာကလေးတို့ ကျီးကန်းတို့ မဖြည့်ရဲခဲ့တာ ပတ်ဝန်းကျင် တစ်ခုလုံးနဲ့ ဆိုင်မယ်ထင်ပါတယ်။ ဆရာမပေးတာထက် ပိုရေးရင် မတူတာရေးရင် အမှတ်မရဘူး၊ စာစစ်သူတွေက အဖြေစာရွက်နဲ့ တိုက်စစ်တာ မတူရင် အမှတ်မရဘူး ဆိုတဲ့အကြောက်တရားအောက်မယ် ဒါသင်၊ ဒါရေး၊ ဒါကျက်၊ ဒါဖြေ ဆိုတဲ့စနစ်အောက်မှာ နေခဲ့ရသူရယ်ပါ။ (ခုနေများလို ရွတ်ပုံမျိုးနဲ့ဆို ငါးတန်းတောင် ရောက်မယ်မထင်)

အချိုမှုန့် ဆိုတာ ဘာလဲ

 
ရေရှည်မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ
Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic
Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free
Glumate တွေအဖြစ်ကို ပြောင်းလဲသွားကာအစားအသောက်တွေရဲ့အရသာကိုဓာတုနည်း
နဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား.?

ပုံမှန်သုံးသင့်တဲ့ဟင်းခတ်အမွှေးအကြိုင်တစ်ခုလုံးဝမဟုတ်ပါ။ နည်းနည်းစားစားများများ
စားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါ
တယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု
စနစ်ကောင်း(GMP စနစ်) ရဲ့ အစားအသောက်တွေထုတ်လုပ်တဲ့ နေရာမှာအချိုမှုန့်လုံးဝ
မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

လူယဉ်ကျေးတို့အတွက် လောကပေးတာဝန်

လူသည် Idol ဟုခေါ်ခေါ်၊ 'Role-model' ဟုဆိုဆိုကျင်လည်ရာဝန်းကျင်မှအတုယူ
လောက်သည့်ပုဂ္ဂိုလ်များ၏ကံသုံးပါးအမူအရာတို့ကိုအမြင်ဖြင့် ဖြစ်စေ၊အကြားဖြင့်
ဖြစ်စေအတုလိုက် မြဲဖြစ်သည်။
ထိုသို့ ကောင်းတုလိုက်ခြင်းသည်ပင်လူ့ယဉ်ကျေးမှု မြင့်မားတိုးဖွံ့ခြင်း၏အခြေခံ

အကြောင်းရင်းဟုယူဆမိပေသည်၊ မိမိစံပြုသောပုဂ္ဂိုလ်တို့၏အမူအကျင့်တို့ကိုနည်းယူ
ပြုကျင့်ခြင်းဖြင့်ထိုသူများကဲ့သို့အသိအမှတ် ပြုခံနေရာသို့ ရောက်လို ကြမည်မှာ
ဓမ္မတာပင်။

သို့စေ...မိုးမည်မျှသွန်းသွန်းခံသည့်အိုးကငယ်နေလျှင်အရနည်းလျက် ပေါက်နေလျှင်
ရေမရနိုင်သကဲ့သို့ စံပြုခံပုဂ္ဂိုလ်များကမည်မျှပင်ကျင့်ကြံ နေထိုင် ပြသွားစေကာမူ
အတုယူသူ၏ဥာဏ်နှင့်ယှဉ်သော နှလုံးသွင်းနှင့်ဗဟုသုတတည်းဟူသော “တိုင်းတာ”
ဖွယ်အချက်အလက်တို့ကင်းမဲ့ခဲ့လျှင်အယူမတတ် ဖြစ်ကာအရမတော် ဖြစ်ရလေသည်။

ဗုဒ္ဓမြတ်စွာ၏ခန္ဓာဝန်ပယ်နိုင်ရေး မရဏနုဿတိကို ဟောကြားရာတွင်ခံယူပုံတိမ်း၍
လည်ကိုဓားဖြင့်ဖြတ်ကာဘဝကိုအဆုံးသတ်ကြသောဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းတို့၏
အဖြစ်ကထင်ရှားသောသာဓကဖြစ်သည်။

သမ္မတကြီးထံတက္ကသိုလ်ဆရာမတစ်ဦးမှပေးပို့သည့်အသနားခံစာ