Sunday, May 27, 2012

မန္တလေးတွင်လစာတိုးတောင်းမှု ပိုင်ရှင်လိုက်လျော

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက် စက်မှုဇုန်(၂) အကွက်အမှတ်(N/၉၃/၉၄) ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ မန္တလာလက်တွန်းထွန်စက်ရုံမှ အလုပ်သမားခေါင်းဆောင် ဦးတင်ထွန်းအောင်၊ ဦးနေလင်းထွန်း၊ ဦးဟန်လင်းထွန်းတို့ (၃)ဦးက မေလ(၂၄) ရက်နေ့တွင် စက်ရုံမန်နေဂျာဦးခင်မောင်ရီထံသို့ အလုပ်သမားလစာများတိုးမြှင့်ပေးရန်တင်ပြခဲ့ရာ မန်နေဂျာမှ စက်ရုံပိုင်ရှင် ဦးခင်မောင်အေးထံ ဆက်လက်တင် ပြခဲ့သည်။
တင်ပြချက်အရ ပိုင်ရှင်ဦးခင်မောင်အေး၊ မန်နေဂျာဦးခင်မောင်ရီ၊ ဒုမန်နေဂျာဦးစိုးစိုး၊ အလုပ်သမားကိုယ်စား လှယ်ဦးဇော်ဝင်း၊ ကုန်ထုတ်တာဝန်ခံဦးအောင်ကျော်တို့ဦးစီး၍ အလုပ်သမား (၆၀)ဦးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ အလုပ်သမားတစ်ဦးအား လက်ရှိအနိမ့်ဆုံးလစာ ကျပ် ၃၀၀၀၀မှ ယခုမေလကုန်တွင် အလုပ်သမားတစ်ဦးအား ကျပ် ၅၀၀၀ တိုးမြှင့်ပေးမည်ဖြစ်ပြီး ဇွန်လကုန်တွင် လုပ်သက် ၂နှစ်ရှိသော ၀န်ထမ်းတစ်ဦးအား အနိမ့်ဆုံးလစာ ကျပ် ၇၀၀၀၀ အထိတိုးမြှင့်ပေးရန်သဘောတူညီခဲ့ကြောင်းသိရှိရသည်။

ဆယ်ကျော်သက်နှင့်ဖောက်ပြန်ခြင်း

အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲကအသက် 18နှစ် အရွယ်မိန်းကလေးတစ်ယောက်ရဲ့အပြောဆို အယူဆတွေ ဘာလို့ ဒီလောက် ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေးစိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကိုသေချာချော့မေးမှသူအမျိုးသားက ကောင်မ လေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။

အလုပ်သမားများဆန္ဒပြမှုသည်အလုပ်သမားလှုပ်ရှားမှုကြီးတစ်ခုသို့ဦးတည်နေဟုဆို

ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှား
မှု တခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။


လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလ   အတွင်း ရုတ်တရက်မြင့်တက်လာပြီးယခုလောလောဆယ် စက်ရုံ ၉ ရုံတပြိုင်နက်ထဲ လုပ်ခလစာ တိုးရရန် တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲ

၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်မြန်မာ နိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြပါ တယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊GenerationWaveနှင့် ၈၈မျိုးဆက်ကျောင်းသား များ ပူးပေါင်းပါဝင်တင်ဆက်ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ် NLDပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လည်း တက်ရောက်အားပေးတာတွေ့ရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပြည်သူကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း
ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊အနဂ္ဂ၊သံသာဝင်း၊ ခိုင်မြဲသာ၊ကာကာတို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ပြဇာတ်တိုများ၊ သံချပ်များ၊ဟာသ တေး သရုပ်ဖေါ်များ နဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။ ၈၈မျိုဆက်ကျောင်းသား   တွေဖျော်ဖြေမှု     အစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်ရည်စူးတဲ့ ပန်းစည်း နဲ့ လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ ကျန်ရှိ နေသေးတဲ့သံတိုင်များနောက်   က နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာ ချပြီးမှ သူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင်စန္ဒယား တီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်း ပါဝင်ကြပါတယ်။
 

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသော အချိန်အခါတွင် ယခုကဲ့သို့ မိမိပြောဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုးမြင်ဝါဒီ တစ်ယောက်ကဲ့သို့  မြင်နိုင်ဖွယ် ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့ စာရေးဆရာ ဟူသည်မှာ မိမိမြင်သည့် အမြင်များနှင့် သိရှိထားသည်တို့ကို စာဖတ်သူ ပရိတ်သတ်များထံသို့ တင်ပြကြရခြင်းသည် တာဝန်တရပ် ဖြစ်ပေသည်။

ဆောင်းပါးခေါင်းစဉ်ကို အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိ မြန်မာ့နိုင်ငံရေးသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲ သွားသော်လည်း သွားနေသည့်လမ်း သည် ယခင်နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းပုံစံ ဖြစ်နေသောကြောင့်ပင်ဖြစ် သည်။

အဘယ်ကဲ့သို့ တူညီပါသနည်းဟု မေးသော် ဖြစ်စဉ်များကို နှိုင်းယှဉ် သုံးသပ်ကြည့်ရာဝယ်………     ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးသည်။ တဖက်မှ တစည ပါတီကို အမာခံပါတီ အနေဖြင့် ပါဝင်စေ ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးပြကာ အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် National Convension (အမျိုးသားညီလာခံ) ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုသို့ ခေါ်ယူကျင်းပရန်အတွက် နဝတ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းကာ အာဏာရှင်စိတ်ကြိုက် နားလှည့်ပါးရိုက် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့မှမီးလင်းရေးကိစ္စဆန္ဒထုတ်ဖော်ပွဲများ








ဒီလိုဆန္ဒဖော်ထုတ်လိုက်နေကြတာနဲ့မီးလာရောတဲ့လား

လက်ရှိမြန်မာ့ဒီမိုကရေစီအခြေအနေ

ဒီမိုကရေစီဟာ အာဏာရှင် စနစ်နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာ အစိုးရက ဒီမိုကရေစီကို ကျင့်သုံး နေပြီဆိုရင် အာဏာရှင်စနစ်မှာ ကျင့်သုံးခဲ့ဖူးတာ မှန်သမျှ ပြောင်းပြန် လုပ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ လူထုအကျိုးကို သယ်ပိုး ပေးနိုင်မှာဖြစ်ပြီး လူထု ထောက်ခံမှုကို ရရှိပါမယ်။ နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အရင်နဲ့အခု ဘာကွာသလဲ
 အရင်က ရွေးကောက်ပွဲ မလုပ်ပေးပါဘူး.. ဒါပေမယ့် အခု လုပ်ပေးခဲ့ပါပြီ။ တရားမျှတမှုနဲ့ သမာသမတ် ကျဖို့တော့ အများကြီး လိုအပ်နေခဲ့တာ အမှန်ပါပဲ။အရင်က ပါးစပ်ကထွက်ရာ အမိန့်ဖြစ်ပါတယ် .. ဒါပေမယ့် အခု ဥပဒေပြုလွှတ်တော် ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှုကို ပြောဆိုလာကြပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ ဆိုတာကို သိပ်သဘောကျတဲ့ ခေတ်ဖြစ်လာပါပြီ။အရင်က ပြည်သူတွေကို နှိပ်ကွပ်ပါတယ် .. ဒါပေမယ့် အခု လူထုအကျိုးကို လက်တွေ့ကျကျ လုပ်စပြုလာပါပြီ။
 အရင်က လူထုမသိအောင် ကိုယ်ကျိုးစီးပွားတွေကို ရှာခဲ့ကြပါတယ် .. ဒါပေမယ့် အခု ပွင့်လင်းမြင်သာမှုကို ရှောင်လွဲ မရတာကြောင့် လူမိခံရတဲ့အဖြစ်တွေ ထင်ထင်ရှားရှား ရှိလာနေပါပြီ။အရင်က ပြည်သူတွေ ဆန္ဒပြရင် ပစ်ခတ်နှိမ်နှင်း သတ်ဖြတ်ပြီး ထောင်ချပါတယ် .. ဒါပေမယ့် အခု ဆန္ဒပြခွင့် ဥပဒေ ရှိထားပြီး ဖြစ်နေပါပြီ။ နည်းဥပဒေ မထုတ်သေးလို့ဆိုပြီး တရားဝင် ဆန္ဒပြခွင့် မရှိသယောင်ယောင် ထိန်းချုပ်ထားတာ တော့ ရှိနေပါသေးတယ်။အရင်က သတင်းလွတ်လပ်ခွင့် မရှိပါ ဘူး... အခု တော်တော်များများ ရှိလာနေပါပြီ။
အရင်က ၂ဝဝ၈ အခြေခံဥပဒေကို အာဏာရှင် ဓါးမိုးခေတ်မှာ ရေးဆွဲခဲ့ပါတယ် .. အခု အခြေခံဥပဒေကို ပြင်နိုင်အောင် ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။ သမ္မတကအစ ထုတ်ဖော်ဝန်ခံထားတဲ့ အချက်ပါ။

စာကြည့်တိုက်မရှိတော့တဲ့ရန်ကုန်

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင်ဖြင့် “အမျိုးသား စာကြည့်တိုက် ဈာပန ပြာချ သည့် မဟာ လေးချိုးကြီး” ဆိုပြီး ကဗျာစီကာ ငိုချင်းချမယ် ထင်မိပါတယ်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး စတဲ့ ကိုလိုနီခေတ်ဦး ပညာရှိကြီးများဟာ ဗမာပြည် အရပ်ရပ်ဘုန်းကြီးကျောင်းဟောင်း၊ ကျောင်းအိုအပြိုအပျက်တွေကြားသွားပြီး ပေ ပုရပိုက်တွေ နှိုက်ဖွ လေ့လာ ခဲ့ကြပါတယ်။ ပြီးမှ မော်လမြိုင်၊ ရန်ကုန်လို မြို့ကြီးတွေမှာ စာရေးသား အသက်မွေးကြ ရပါတယ်။ ရန်ကုန်မှာ နေကြတဲ့အခါ “ဘားနဒ် အခမဲ့ ပိဋကတ်တိုက်” မှာ နေကုန်နေခမ်း ဖတ်ရှုလေ့လာ ဆည်းပူး ခဲ့ကြပါတယ်။ အဲဒါက ခုရောင်းစားမယ့် အမျိုးသားစာကြည့်တိုက် သမိုင်းအစပါပဲ။
ဆာ ချားလ် ဘားနဒ် တည်ထောင်ခဲ့တဲ့ အခမဲ့ ပိဋကတိုက်ကို အောက်ဗမာပြည်ကို အင်္ဂလိပ် သိမ်းပိုက်ပြီး ခါစ မှာပဲ တည်ထောင်ခဲ့ပါတယ်။ အထက်ဗမာပြည်ကို အင်္ဂလိပ်က ၁၈၈၅ မှ သိမ်းပိုက်တယ်။ ၁၈၈၃ မှာ မစ္စတာ ဘားနဒ် (အောက်ဗမာပြည် ကော်မရှင်နာ မင်းကြီး) က သူ့ရဲ့ ပိဋကတိုက်ကို တည်ထောင်ပါတယ်။
မန္တလေးကို အင်္ဂလိပ် သိမ်းတော့ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ အပြည့်ရှိတဲ့ ပေပုရပိုက် သေတ္တာကြီးတွေကို ရွှေငွေ ရတနာတွေ ထည့်ထားတာလို့ ထင်ပြီး အင်္ဂလိပ်တပ်က စစ်သားတွေက ချိုးဖျက် ရိုက်ခွဲ မွှေနှောက် ရှာဖွေကြပါတယ်။ ဒါကြောင့် ပေပုရပိုက်တွေ နန်းတော်ရင်ပြင်မှာ ပြန့်ကျဲကုန်တယ်။ ဒါတွေရဲ့တန်ဖိုးကို သိတဲ့ စစ်ဗိုလ်ကြီး မစ္စတာချားလ်က ရသမျှ ပြန်လည်ကောက်ယူ စုဆောင်းပြီး ရန်ကုန်ရှိ သူ့စာကြည့် ပိဋကတ်တိုက် မှာ ဖြည့်ဆည်း ထားခဲ့ပါတယ်။ စစ်တပ်တိုင်းမှာ ဓားပြသူတွေ ပါတတ်သလို စာပေ မြတ်နိုးသူတွေလည်း ပါ တတ် တာကို သတိပြုစရာ ကောင်းပါတယ်။  ...အပြည့်အစုံဖတ်မယ် 

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား

ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွား ပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့် သလဲဆိုတဲ့ အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။ 
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်လို ပြောင်းမလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ် ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်း ပညာရှင် ဖရန်းစစ် ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက် စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။  ........အပြည့်အစုံဖတ်မယ်