ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင်ဖြင့် “အမျိုးသား
စာကြည့်တိုက် ဈာပန ပြာချ သည့် မဟာ လေးချိုးကြီး” ဆိုပြီး ကဗျာစီကာ
ငိုချင်းချမယ် ထင်မိပါတယ်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး စတဲ့
ကိုလိုနီခေတ်ဦး ပညာရှိကြီးများဟာ ဗမာပြည် အရပ်ရပ်ဘုန်းကြီးကျောင်းဟောင်း၊
ကျောင်းအိုအပြိုအပျက်တွေကြားသွားပြီး ပေ ပုရပိုက်တွေ နှိုက်ဖွ လေ့လာ
ခဲ့ကြပါတယ်။ ပြီးမှ မော်လမြိုင်၊ ရန်ကုန်လို မြို့ကြီးတွေမှာ စာရေးသား
အသက်မွေးကြ ရပါတယ်။ ရန်ကုန်မှာ နေကြတဲ့အခါ “ဘားနဒ် အခမဲ့ ပိဋကတ်တိုက်” မှာ
နေကုန်နေခမ်း ဖတ်ရှုလေ့လာ ဆည်းပူး ခဲ့ကြပါတယ်။ အဲဒါက ခုရောင်းစားမယ့်
အမျိုးသားစာကြည့်တိုက် သမိုင်းအစပါပဲ။
ဆာ ချားလ် ဘားနဒ် တည်ထောင်ခဲ့တဲ့ အခမဲ့ ပိဋကတိုက်ကို အောက်ဗမာပြည်ကို
အင်္ဂလိပ် သိမ်းပိုက်ပြီး ခါစ မှာပဲ တည်ထောင်ခဲ့ပါတယ်။ အထက်ဗမာပြည်ကို
အင်္ဂလိပ်က ၁၈၈၅ မှ သိမ်းပိုက်တယ်။ ၁၈၈၃ မှာ မစ္စတာ ဘားနဒ် (အောက်ဗမာပြည်
ကော်မရှင်နာ မင်းကြီး) က သူ့ရဲ့ ပိဋကတိုက်ကို တည်ထောင်ပါတယ်။
မန္တလေးကို အင်္ဂလိပ် သိမ်းတော့ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ အပြည့်ရှိတဲ့
ပေပုရပိုက် သေတ္တာကြီးတွေကို ရွှေငွေ ရတနာတွေ ထည့်ထားတာလို့ ထင်ပြီး
အင်္ဂလိပ်တပ်က စစ်သားတွေက ချိုးဖျက် ရိုက်ခွဲ မွှေနှောက် ရှာဖွေကြပါတယ်။
ဒါကြောင့် ပေပုရပိုက်တွေ နန်းတော်ရင်ပြင်မှာ ပြန့်ကျဲကုန်တယ်။
ဒါတွေရဲ့တန်ဖိုးကို သိတဲ့ စစ်ဗိုလ်ကြီး မစ္စတာချားလ်က ရသမျှ ပြန်လည်ကောက်ယူ
စုဆောင်းပြီး ရန်ကုန်ရှိ သူ့စာကြည့် ပိဋကတ်တိုက် မှာ ဖြည့်ဆည်း ထားခဲ့ပါတယ်။
စစ်တပ်တိုင်းမှာ ဓားပြသူတွေ ပါတတ်သလို စာပေ မြတ်နိုးသူတွေလည်း ပါ တတ် တာကို
သတိပြုစရာ ကောင်းပါတယ်။ ...အပြည့်အစုံဖတ်မယ်
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။